ပထမဆုံးမို့ part6

18 5 0
                                        

ဇင်ကိုဆိုင်ထဲကပြေးထွက်သွားသည်နဲ့သဲစာပွဲခုံပေါထိုင်ရင်း ငိုနေမိသည် ဇင်ကိုနင်ငါ့ခံစားချက်ကိုသိမှာမဟုတ်ဘူး ငါ့ရင်အရမ်းခံစားနေရတယ် စိတ်ထဲပြောပြီးငိုနေမိတယ် သဲလည်းcoffeeဆိုင်ထဲမနေချင်တော့တာနဲ့
ချစ်ကိုခေါပြီးအိမ်သို့ပြန်ခဲ့တယ်
'သဲ နင်တို့အဆင်ပြေခဲ့လား'
'ပြေမပြေတော့မသိဘူးဟ ငါလည်းနင်ပြောသလိုလုပ်ခဲ့တာပဲ'
'အေးပါ'
သဲအိမ်သို့ရောက်သော်သဲမေမေကသဲကိုဆီးကြိုနေလေသည်
သဲမေမေ:မေ့မေ့သမီလည်း ကိစ္စကိုအပြတ်ဖြတ်ခဲ့တယ်မလား?
'ဟုတ်မေမေ'
'အေးအေးကိစ္စဖြတ်ပြီးရင်ပြီးတာပဲ'
'ဟုတ်ကဲ့ အာ့ဆိုသမီးရေချိုးလိုက်အုံးမယ်နော် မေမေ'
'အေးအေး မေမေထမင်းအဆင်သင့်ပြင်ထားလိုက်မယ် ရေချိုးပြီးရင်လာခဲ့'
'ဟုတ်မေမေ'
သဲဖေဖေ:ဟိုသားအမိ၂ယောက်ငါမသိအောင် တိုးတိုး
တိတ်တိနဲ့ဘာတွေပြောနေကြတာလဲ ငါ့လည်းပြောပြပါအုံး ငါလည်းသိချင်လို့😁😁
'အော် ယောက်ျားကလည်း ဘာမှမပြောပါဘူး သဲစာရောလိုက်နိုင်ရဲ့လားလို့မေးနေတာပါ ရှင်ကလည်း'
'ငါ့သမီးကိုပြောစရာမလိုပါဘူး ငါသမီးကစာတော်ပြီးသားပါ😁😁'
'အင်းပါကျွန်မကလည်း ကျွန်မသမီးကိုစိတ်ပူလို့ပြောတာပါရှင်'
'ဟုတ်ပါပြီ ငါလည်းငါ့သမီးကိုစိတ်ပူပေးတဲ့ငါ့သမီးကိုအရမ်းကျေးဇူးတင်ပါတယ် ဟုတ်ပြီလား'
'အင်းပါ'
'လာလာ ငါ့သမီးလေး မေမေသမီးအတွက်ထမင်းခူးပေးထားတယ် အများကြီးစားနော်'
'ဟုတ်ကဲ့မေမေ'
'အော် ဒါနဲ့မေမေပြောရအုံးမယ် သမီးသူငယ်ချင်းချစ်လေ'
'အင်းဘာဖြစ်လို့လဲမေမေ'
'အင်းသူက.....သဘက်ခါကျရင်နိုင်ငံခြားပညာတော်သင်သွားရမယ်တဲ့ သမီးသိလား?'
'ဟုတ်လား? သမီးမသိဘူးမေမေ ချစ်ကသမီးကိုဘာမှလည်းမပြောဘူး☹️☹️'
'သမီးစိတ်ပူမှာစိုးလို့နေမှာပေါ့သမီးရယ် မေမေလည်းသူ့မိဘတွေပြောလို့သိရတာ'
'အော်'
ချစ်နင်ကကိုယ့်သူငယ်ချင်းဖြစ်တဲ့ငါ့ကိုတောင်ဘာမှမပြောဘူး စိတ်တိုလိုက်တာ ငါ့ကိုလာပြောတဲ့နေ့ကျရင် အပီအပြင်ကိုစိတ်ဆိုးပစ်အုံးမယ် ဟွန်🙁🙁စိတ်ထဲကတွေးနေမိသည် ထမင်းဆက်စားနေသည် ဒီနေ့တနေကုန်ပင်ပန်းတာနဲ့စာကျက်ပြီးအိပ်လိုက်တော့တယ်

The next day.........

ချစ်၁ယောက်မနက်စောစောစီးစီး သဲတို့အိမ်ရောက်နေတယ်
သဲမေမေ:ချစ် သမီးလေး အစောကြီးပဲ
'ဟုတ်တယ်အန်တီ သမီးလည်းအိမ်မှာနေရတာ ပျင်းလို့ထွက်လာတာ 😆😆'
'အေးပါ'
'အန်တီ ဒါနဲ့သဲသဲရော'
'အမလေး အစောကြီးမထသေးဘူး သဲသဲကအိပ်ပုပ်ကြီး
သွားနိုးချည်လေ'
'ဟုတ်ကဲ့ အန်တီ အာ့ဆိုသမီးသွားသွားနှိုးလိုက်အုံးမယ်နော်'
'အေးး'
သဲအခန်းထဲသို့ရောက်သော်......

'သဲ သဲ ....ထတော့'လက်ကလေလးလှုပ်စိစိဖြစ်လာတာမြင်တော့
'သဲထတော့ဟာ ငါနင်နိုးနေမှန်းသိတယ်'
'........'
'သဲ နင်ငါ့ကိုဘာလို့စကားမပြောတာလဲ မနေ့ကငါနဲ့စကားပြောတုန်းက အကောင်းကြီးပါ ငါ့ကိုပြောပြပါ'
'တော်တော်သိချင်နေတယ်ပေါ့ ဟုတ်လား'
'အင်းသိချင်တယ်ပြောပြ'
'ချစ် နင်လေမနေ့ကငါ့ကိုဘာလို့မပြောပြတာလဲ'
'ဘာကိုလဲဟ'
'နင်နိုင်ငံပညာတော်သင်သွားမှာဆို အဲ့တာငါ့ကိုဘာလု့မပြောပြတာလဲ အီးးးးဟီးးးးးးးး😭😭😭'
'အာ အဲ့တာလား ငါလည်းပြောပြမလို့ပါပဲဟာ နင်ကမနေ့ကစိတ်အခြေနေသိပ်မကောင်းလို့မပြောပြဖြစ်တာ ငါလည်းသိတာမကြာသေးဘူး စိတ်မဆိုးပါနဲ့ဟာ'
'ဘာပဲဖြစ်ဖြစ် ငါနင့်ကိုမကျေနပ်ဘူးဟာ'
'နငိကလည်းအဲ့လိုမလုပ်ပါနဲ့ဟာ ငါကမနက်ဖြန်ဆိုသွားရတော့မှာဟ နင်ကအဲ့လိုကြီးစိတ်ဆိုးနေတော့ ငါစိတ်ဖြောင့်ဖြောင့် ဘယ်လ်ုလုပ်သွားနိုင်မှာလဲ အဲ့လိုမလုပ်ပါနဲ့နော်နော် လ်ု့'
'ဟွန့် ...ခုမှရုပ်ကြမ်းကြိးနဲ့လာနွဲ့နေတယ် နင်အလျှောက်ကောင်းတာကြောင့် ခွင့်လွှတ်ပေးလိုက်မယ် '
'အင်းပါ'
'ချစ်ဘယ်တော့ပြန်လာမှာလဲ'
'မကြာပါဘူး ၁နှစ်လောက်ပါပဲ'
'အီးးးဟီးးး၁နှစ်ကြီးများကိုဘာမကြာဘူးလဲ အကြာကြီးနင်နဲ့ခွဲနေရတော့မယ်'
'နင်ကလည်း၁နှစ်ဆိုတာ ခနပါပဲ ၁နှစ်ပြည့်ငါနင့်ဆိုတန်းပြန်လာခဲ့မယ် ဟုတ်ပြီလား'
'အင်းပါ'
'ကဲ မျက်နှာသွားသစ်တော့ မနက်စောစောငိုထားတော့ ကြောင်ချီးရုပ်ဖြစ်နေပြီ ဟားးးးး'
'ချစ်နင်နော် မရယ်နဲ့ ဒါဘယ်သူ့ကြောင့်လဲ'
'အေးပါ ငါ့ကြောင့်ပါ မငိုနဲ့တော့နော် နင်ကလိမ္မာပါတယ်
၁နှစ်ပဲသည်းခံပေး ပြီးရင်နင့်အနားပြန်လာခဲ့မယ်နော်'
'အင်းပါ မြန်မြန်ပြန်လာနော် ငါနင့်ကိုမျှော်နေမှာ'
'အင်းပါ'
'ချစ် ငါမျက်နှာသွားသစ်လိုက်အုံးမယ်'
'အေးးး'

ပထမဆုံးမို့Where stories live. Discover now