Not the end,just the way to start

4.6K 218 28
                                    

Unicode Version:

"ငရဲရောက်မှာခြင်းအတူတူ အထူးအခန်းကို
ရောက်အောင် ကြိုးစားကြည့်ရုံပါပဲ"

>>>>>>>>>>>>>>>

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည်
ခါတိုင်းနှင့် မခြားနားစွာ နေသစ်၊ အလင်းသစ်အောက်တွင် မိမိတာဝန်အား ထမ်းဆောင်နေ၏။
ထို့အတူ တာဝန်ကျေပွန်လှသော ဝန်ထမ်းများသည်လည်း တာဝန်သိစွာပဲ မနက်ငါးနာရီခွဲအချိန်ကိုပင်မငဲ့ ခရီးသည်များ သက်တောင့်သက်တာစွာနှင့် မြန်ဆန်စွာ လိုရာခရီးသို့
ရောက်စေရန် ကျရာနေရာမှ အသီးသီး သယ်ပိုးဆောင်ရွက်နေကြသည်။

ထွက်ပြူစပြုလာသော နေလုံးကြီးနှင့်အတူ
ခပ်ရေးရေးကျရောက်လာပြီဖြစ်သော နေရောင်ခြည်အောက်တွင်
ဆက်ရန် ရေစက်မရှိတော့သည့် လူသားနှစ်ယောက်။

"ဒါတွေအကုန်လုံးက ဒီအတောအတွင်း
ငါစုဆောင်းထားတဲ့ ဦးထည်ဝါရဲ့ လာဘ်စားမှုတွေ"

​မိုးမြင့်သွေးကမ်းပေးသော ဖိုင်တွဲအထပ်လိုက်ထည့်ထားသော စက္ကူပုံးအား မြတ်မင်းခေါင်လှမ်းယူလိုက်ပြီး

"ဒါတွေက နှုတ်ဆက်လက်ဆောင်လို့ သတ်မှတ်ရမှာလား"

မြတ်မင်းခေါင်က ခပ်ပြုံးပြုံးမေးလိုက်သော်လည်း မိုးမြင့်သွေးထံမှ ခပ်သဲ့သဲ့ လှောင်ရယ်သံသာထွက်လာသည်။

"နှုတ်ဆက်လက်ဆောင်လို့ ပြောရအောင်
မင်းနဲ့ငါက အဲ့လောက်ရင်းနှီးခဲ့လို့လား?
နက်ရှိုင်းအတွက်ပဲဖြစ်ဖြစ် အဲ့လိုလုပ်ပေးနိုင်မယ့်လူလို့ ထင်လို့ အပ်ခဲ့တဲ့ သဘောပဲ။"

"စကားကို အဲ့လိုကလွဲရင် မပြောတတ်ဘူးလား? ဘယ်လိုပဲဖြစ်ဖြစ် ငါက ရဲအရာရှိတစ်ယောက် ၊ ပြီးတော့ မင်းထက်အကြီးကို။"

"ရဲမို့လို့ ပိုမ​ပြောချင်တာ...ငါဒါတွေပေးခဲ့တယ်ဆိုတာ မင်းသာဆိုရင် လုံးဝလက်လျော့မှာ မဟုတ်ဘူးလို့ ယုံကြည်လို့။
အရည်အချင်းမရှိရင်တောင် ဇွဲတော့ရှိမယ့်ပုံပေါက်လို့။"

"ဘာ!"

ကသိကအောက်နိုင်လွန်းသော စကားများကို
ဘယ်လိုမှမနေသလို ပြောနိုင်သည့်
မိုးမြင့်သွေး၏ မျက်နှာပေးကို အတော်အံ့သြမိသည်။

Hell's Gallery(ငရဲ၏ကားချပ်များ)Where stories live. Discover now