Unicode Version:
မြတ်မင်းခေါင်သည် လရောင်ကျူးနှင့်
စကားပြောပြီးသည့်နောက် ရုံးခန်းအတွင်းသို့
ပြန်ဝင်လာခဲ့သည်။"နန်းကျော့...ဘာသိရပြီလဲ?"
"ဟုတ်...ဖုန်းက fingerprintတင်မကဘူး ၊
Face matching systemပါရှိနေတယ် ခေါင်းဆောင်..
ဒါပေမယ့် စိတ်မပူပါနဲ့ ၊ ကျော့အထူးတီထွင်
ဖန်တီးထားတဲ့ hacking virusတစ်ခုကို
ထည့်ထားတယ်။
နောက် သုံးဆယ်ငါးစက္ကန့်နေရင်ပွင့်ပြီ"နန်းကျော့က လက်ပတ်နာရီကိုကြည့်ကာ
မျက်မှန်ကိုပင့်တင်လိုက်ရင်း ယုံကြည်ချက်
ရှိရှိပြောလာသည်။"အာ...ရပြီ!"
မျက်တောင်ခုနှစ်ချက်ခတ်ပြီးချိန်တွင်တော့
နန်းကျော့၏ ဝမ်းသာအားရအသံနှင့်အတူ
မေသင်းထက်ဖုန်းသည်လည်း ပွင့်သွားခဲ့လေ၏။"ဖုန်းထဲမှာ ဘာတွေရှိနိုင်မလဲ?"
နန်းကျော့က စကားလေးတပြောပြောနှင့်
ဖုန်းကိုဖွင့်ကာ မွှေနေလေရာ..။"တွေ့ပြီ..တွေ့ပြီ။ ခေါင်းဆောင် တွေ့ပြီ ဒီမှာ.."
"ဘာတွေ့တာလဲ?"
နန်းကျော့ထံမှ တစ်ခုခုထွက်လာပြီဖြစ်၍
မြတ်မင်းခေါင်တင်မက သက်မှူးကိုပါ နန်းကျော့အနားရောက်လာသည်။"Blockedထားတဲ့ ဖုန်းနံပါတ်တစ်ခုကနေ
Messageတွေဆက်တိုက်ပို့ထားတာ..
Contact nameတော့မရေးထားဘူး။
စာတွေပို့ထားတာမနည်းဘူး။
နောက်ဆုံးပို့ထားတာက...ငါ့ကိုဒီတိုင်းပစ်ချခဲ့လို့မရဘူး..
ငါ့ကိုလူတွေကပြောကြတယ်...
လိုသုံးတဲ့...မင်းလိုအပ်တဲ့အချိန်ခေါ်လိုက်တာနဲ့ အမြီးနှံ့ပြီးအပြေးလာတတ်တဲ့
ခွေးလိုကောင်တဲ့...မင်းကြောင့် ငါအကုန်ဆုံးရှုံးခဲ့ရပြီးပြီ...ငါထပ်ပြောမယ်..
ငါတို့နှစ်ယောက် ဒီအတိုင်းအဆုံးမသတ်နိုင်ဘူး...မင်းငါ့ကိုဒီလိုကန်ထုတ်ချင်တိုင်း
ကန်ထုတ်လို့မရဘူး!
မင်းရဲ့ခန္ဓာကိုယ်ကိုလဲ တခြားကောင်တွေ
သွားရည်တမြားမြားကြည့်နေတာမျိုး
ငါလုံးဝလက်မခံနိုင်ဘူး!
ဒီည liveလွှင့်ရဲရင် လွှင့်ကြည့်လိုက်....
YOU ARE READING
Hell's Gallery(ငရဲ၏ကားချပ်များ)
Mystery / Thrillerငရဲရဲ့သားကောင်ဖြစ်ဖို့ ကိုယ်တိုင်ကဖန်တီးယူခဲ့တာမဟုတ်ဘူးလား? ဒါဆို..အခု..ပျော်ပျော်ကြီးပြေးရတော့မလား? Season2 of The Broken Sinner. Both Unicode and Zawgyi are visible. #cover_by_AkariXing