Unicode Version:
စစ်ဆေးရေးခန်းထဲတွင် သုံးနာရီလောက်
ထိုင်နေရသည်က ယွန်းပန်းချီကို စိတ်ရှုပ်ထွေးလာစေသည်။ဘာမှ ရေရေရာရာလာရောက်မေးမြန်းတာလည်းမဟုတ်ဘဲ
ဘာကြောင့်ဒီလိုအချိန်အကြာကြီးခေါ်ထားရခြင်းလဲ။ တစ်ကယ်ဆို ယွန်းပန်းချီကိုတောင်
မေးစရာမလိုတော့။ ဇေယျာထိုက်ကို
တရားခံအနေနဲ့ဖမ်းလိုက်ရင် ရနေပြီဟာ..။"မယွန်းပန်းချီ.."
မြတ်မင်းခေါင်ဝင်လာသည်မို့ မှုန်ကုတ်နေသော ယွန်းပန်းချီ၏မျက်နှာ အနည်းငယ်
ရွှင်ရွှင်ပျပျပြန်ဖြစ်လာတော့သည်။"စုံထောက်ကြီး...တရားခံကိုဖမ်းမိပြီ မဟုတ်ဘူးလား..ဘာလို့ ယွန်းကပြန်လို့မရသေးတာလဲ? ယွန်းမှာအလုပ်တွေရှိသေးတယ်.."
"အတည်ပြုစရာလေးရှိလို့ပါ။ ပြီးတော့...
တရားခံအစစ်က အခုမှဖမ်းမိတာ..""ရှင်..?!"
ယွန်းပန်းချီ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားခဲ့သည်။
"ဇေယျာထိုက်က တရားခံမဟုတ်ဘူးလား"
ယွန်းပန်းချီ၏ တအံ့တသြအမေးကို မြတ်မင်းခေါင်ကအဖြေမပေးပဲ ယွန်းပန်းချီကိုသာ
စူးစိုက်ကြည့်လာလေသည်။"တရားခံက...မယွန်းပန်းချီ ကိုယ်တိုင်ပဲ
မဟုတ်ဘူးလား?""ရှင်...!!"
ယွန်းပန်းချီသည် အလွန်အံ့သြသွားပုံရကာ
မျက်လုံးလေးအဝိုင်းသားနဲ့ မြတ်မင်းခေါင်အား အပြစ်ကင်းစင်သလို ကြည့်လာသည်။
သူ့ကိုနောက်နေသလို ၊ သူဘာမှမသိသလိုနဲ့
ပုံစံနှင့်...။"ယွန်းက...? ယွန်းကိုနောက်နေတာလား..။
ယွန်းက ယွန်းညီမတစ်ယောက်လို သဘောထားတဲ့လူကို ဘယ်လိုအငြိုးအတေးတွေကြောင့် ဒီလောက်ထိ ရက်ရက်စက်စက်
သတ်ရမှာလဲ? မဖြစ်နိုင်တာတွေ မပြောပါနဲ့..!
ပြီးတော့..ဘာသက်သေရှိလို့လဲ?"ယွန်းပန်းချီလို နုနုဖတ်ဖတ်မိန်းကလေးသည်
မည်သူ့အမြင်တွင်မဆို ဒီလိုလုပ်ရပ်မျိုးကို
မကြောက်မရွံ့လုပ်မည်ဟူ၍ ထင်ရက်စရာမရှိပေ။ သို့သော်...မြတ်မင်းခေါင်၏ သုံးသပ်ချက်သည် ဤသို့သာ အဖြေထွက်လာသည်မို့..။
YOU ARE READING
Hell's Gallery(ငရဲ၏ကားချပ်များ)
Mystery / Thrillerငရဲရဲ့သားကောင်ဖြစ်ဖို့ ကိုယ်တိုင်ကဖန်တီးယူခဲ့တာမဟုတ်ဘူးလား? ဒါဆို..အခု..ပျော်ပျော်ကြီးပြေးရတော့မလား? Season2 of The Broken Sinner. Both Unicode and Zawgyi are visible. #cover_by_AkariXing