Chapter8:Itty Pitty Slutty Baby🔞

764 99 24
                                    

[A/N: ကိုယ့်စာကိုဖတ်တဲ့လူတွေထဲမှာ ကလေးတွေလဲပါတယ်သိလိုက်ရတော့ အရမ်းအံ့သြသလို ၊ တုန်လဲတုန်လှုပ်သွားမိပါတယ်။ ကိုယ်ကိုယ်တိုင်က အခုမှအသက်ပြည့်ရုံရှိသေးတော့ ဒီလိုစာမျိုးတွေကို ကလေးတွေကို မဖတ်စေချင်မိတာတော့ အမှန်ပဲ။
Estherရေးတာတွေက ကြောက်ဖို့ကောင်းတယ် ၊ ပြင်းထန်တယ် ၊ အကြမ်းဖက်မှုတွေပါတယ်။ ရက်စက်ခက်ထန်တဲ့ လူသတ်မှုတွေကြောင့် ကလေးတွေရဲ့အတွေးအခေါ်ပိုင်းမှာ ပုံရိပ်သွားထင်မှာ ကြောက်မိပါတယ်။ အဲ့ဒါကြောင့် ဖြစ်နိုင်ရင် Esther🔞လေး ပြထားရင် နည်းနည်းကျော်ဖတ်ပေးကြပါနော်။
အခုအပိုင်းမှာလည်း အရမ်းဆိုးဝါးတာတွေ
ပါမှာဖြစ်လို့ နှလုံးရောဂါရှိရင်ပဲဖြစ်ဖြစ် ၊
အသက်မပြည့်သေးရင်ပဲ ဖြစ်ဖြစ် ကျော်သွားပေးကြဖို့ အနူးအညွှတ်မေတ္တာရပ်ခံပါတယ်ရှင်။ANနဲ့ တကူးတကပြောတာမို့ စိတ်အနှောင့်အယှက်တစ်စုံတစ်ရာများရှိခဲ့ရင် တောင်းပန်အပ်ပါတယ်။]

Unicode Version:

လူခြေတိတ်ချိန် ညဥ့်သန်းခေါင်ယံ။
တဒုတ်ဒုတ်မြည်သံများသာ စဥ်ဆက်မပြတ်ကြားနေရသော ဦးခေါင်းကို ဖိကိုင်ရင်း
ဒန်နီရယ် နိုးထလာမိသည်။
နိုးထလာတယ်။ ဘယ်ကနေလဲ? ဘယ်အရာကနေလဲ?

ရင်းနှီးနေသော ညှီစို့စို့ ပုပ်အဲအဲ အနံ့တို့။
ရင်းနှီးနေသော တစ်လုံးတည်းရှိသည့် မီးသီးထံမှာ ဖြာထွက်လာတဲ့ ဝါကျင့်ကျင့်နှင့်
မှိန်ပြပြ အလင်းရောင်။
ရင်းနှီးနေသော ဒီအခန်းရဲ့ အသွင်အပြင်။

မှုန်ဝါးနေပေမယ့် ပြတ်သားလို့နေသည်။
မှိန်ပြနေပေမယ့် ရှင်းလင်းလို့နေသည်။

ဒန်နီရယ်...ထိုငရဲခန်းကို ပြန်ရောက်နေခြင်းသာ။ လေးနှစ်လုံးလုံး အိပ်မက်ဆိုးများအဖြစ် လာနှုတ်ဆက်လေ့ရှိသည့် ထိုငရဲခန်း။
ဒါကရော အိပ်မက်ပေလား။

ဒန်နီရယ်၏ သံသယအတွေးတို့က တစ်သက်မမေ့နိုင်ဖွယ် ၊ ကြောက်မက်ဖွယ် အသံနက်ကြီးအောက်တွင် ပိုသေချာလို့သွားခဲ့သည်။
ဒါဟာ..အိပ်မက်မဟုတ်ခဲ့။ ဒါဟာ...တကယ်
ဖြစ်နေခြင်းသာ။

"နိုးပြီပဲ..."

"ခင်..ခင်ဗျား...!!"

ဒန်နီရယ် ကြောက်လွန်း၍ တဆတ်ဆတ်တုန်ယင်လာကာ ကျောနှင့်နံရံထိကပ်သည်အထိ
ဖင်ကိုဒရွတ်တိုက်ရွေ့သွားမိလိုက်သည်။

Hell's Gallery(ငရဲ၏ကားချပ်များ)Donde viven las historias. Descúbrelo ahora