Unicode Version:
"မြတ်မင်းခေါင်...အသက်29နှစ် ၊
စုံစမ်းစစ်ဆေးရေးအရာရှိ"မြတ်မင်းခေါင်ရှေ့တွင် ထိုင်နေသော ပုဂ္ဂိုလ်သည် မြတ်မင်းခေါင်၏ ကိုယ်ရေးအချက်အလက်တို့အား နှုတ်ထွက်ရွတ်ဆိုပြနေသည်။
"ဟုတ်ပါတယ်။ ခင်ဗျားက ဘယ်သူလဲ?
ဘယ်သူမို့လို့ ကျွန်တော်နဲ့တွေ့ချင်တာလဲ?"အသက်အရွယ်အားဖြင့် ၆၀နါးကပ်နေပုံရသော မကြာခင် အငြိမ်းစားယူတော့မည့်
ကျောင်းဆရာလိုပုံမျိုးဖြင့် ဤပုဂ္ဂိုလ်ကြီးအား မြတ်မင်းခေါင် မွေးကတည်းက အခုချိန်ထိ မြင်ဖူးခြင်းမရှိခဲ့သေးပေ။"ကျူပ်လား...? ကျူပ်ကို လူတွေက အဘလို့ခေါ်ကြတာပဲ။"
"အဘ?"
ဘာလဲ..ဒီလူ..။
ခရိုနီလား? ရာထူးမြင့်အရာရှိတစ်ယောက်လား? လွှတ်တော်အမတ်များလား?
မြတ်မင်းခေါင်၏ ခေါင်းထဲ၌ အတွေးများပြည့်နှက်သွားကာ စိတ်ရှုပ်ထွေးလာသည်။"CIDဆိုတာ ကြားဖူးလား?"
မြတ်မင်းခေါင် စိတ်ရှုပ်နေသည်ကို ကြည့်ပြီး
ထိုလူက အပြုံးမပျက်စွာနှင့် ပြောသည်။"CID? Criminal Investigation Departmentကိုပြောတာလား?"
"ဟုတ်တယ်။ မေဂျာစိုးတင်ထွန်း.."
"ဗျာ.."
အံ့သြခြင်းကြောင့် ပွင့်ဟသွားသော နှုတ်ခမ်း
နှစ်လွှာ..။ အငြိမ်းစားယူတော့မည့် ကျောင်းဆရာလိုအသွင်အပြင်နှင့်လူက မေဂျာတဲ့လား?
ပြီးတော့ CIDဆိုတာ...အဆိုးရွားဆုံးရာဇဝတ်တွေကိုစုံစမ်းရသည့် လှိူ့ဝှက်အဖွဲ့အစည်း။"မြတ်မင်းခေါင်...ကျူပ်မင်းကို စောင့်ကြည့်
နေတာကြာပြီ။
အရည်အချင်း ၊ အတွေ့အကြုံ ၊ လုပ်ရည်ကိုင်ရည်။
ဒါတွေအားလုံးကို ဒီတိုင်းပြည်အတွက် အသုံးပြုခွင့်ပေးနိုင်မလား?
ဒီညစ်ပတ်ပြီး ဆိုးရွားလှတဲ့လောကကြီးကို
ကျူပ်နဲ့အတူ ပြုပြင်ကြမလား?"ထိုနေ့က ကမ်းပေးခဲ့သည့် လက်။
ထိုနေ့က ရွေးချယ်ခဲ့သည့် လမ်း။
ထိုနေ့က စတင်ခဲ့သည့် အိပ်မက်။အရာအားလုံးသည် မေဂျာကမ်းပေးခဲ့သည့်
လက်အား ဆုပ်ကိုင်လိုက်ချိန်တွင်
အစပြုခဲ့သည်။
![](https://img.wattpad.com/cover/242787375-288-k792188.jpg)
YOU ARE READING
Hell's Gallery(ငရဲ၏ကားချပ်များ)
Mystery / Thrillerငရဲရဲ့သားကောင်ဖြစ်ဖို့ ကိုယ်တိုင်ကဖန်တီးယူခဲ့တာမဟုတ်ဘူးလား? ဒါဆို..အခု..ပျော်ပျော်ကြီးပြေးရတော့မလား? Season2 of The Broken Sinner. Both Unicode and Zawgyi are visible. #cover_by_AkariXing