Unicode Version:
"ခင်ဗျားကတော့ မှတ်မိမှာ မဟုတ်ပေမယ့်
ဒါကျူပ်တို့ရဲ့ ဒုတိယအကြိမ် တွေ့ဆုံမှုပဲ။
တွေ့ရတာဝမ်းသာပါတယ် ၊ ကျူပ်က
ရဲအုပ် မိုးသူ"လက်နှစ်ဖက်ကိုပိုက်ထားလျက် နံရံကိုလျှောမှီ၍ ထီမထင်သူရပ်နေသူကို မြတ်မင်းခေါင် အခုမှ မှတ်မိသွားတော့သည်။ ထိုအခိုက်တုန်းကလည်း ဒီလိုအကြည့်တွေနဲ့ မြတ်မင်းခေါင်ကို ပ,ထုတ်နိုင်ခဲ့သူ မဟုတ်လား။
"ကိုမိုးသူ ၊ ထပ်တွေ့ကြပြန်ပြီနော်"
မြတ်မင်းခေါင် ရဲအုပ်ဆိုသော ဂုဏ်ကိုရိုသေသမှုနှင့် မတ်တပ်ရပ်ကာ တလေးတစား
နှုတ်ဆက်လိုက်သည်။
ပထမတစ်ခေါက် ဆုံတုန်းကတောင် ဒုရဲအုပ်
အဆင့်သာရှိသေးတယ် ၊ အခုတော့ ရဲအုပ်ဖြစ်သွားပြီတဲ့လား။"ခင်ဗျားက ကိုယ်နဲ့မဆိုင်တာတေွ ဝင်ပါရတာ ကြိုက်တယ်ထင်တယ်"
ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းသည့်စကားက မြတ်မင်းခေါင်နားထဲကို ကန့်လန့်ကို
ဝင်သွားခဲ့သည်။
သို့သော် ဘာမှတော့ ပြန်မချေပဖြစ်။
ပထမတစ်ခေါက်တုန်းက ဦးမိုးကောင်းအမှုကို ဖြတ်လုသလိုဖြစ်သွားခဲ့မိသည်က မိမိအလွန်ပေမို့ မိုးသူနှာတင်းရင်လည်း တင်းလောက်သည်။"အခုရော ဒီကို ဘာကိစ္စရှိလို့လဲ"
"ကျူပ်စုံစမ်းနေတဲ့ အမှုက ဒီအမှုနဲ့ဆက်စပ်နေလို့ တစ်ချက်လာကြည့်တာပါ"
"ခွင့်ပြုမိန့်ပါလား"
မြတ်မင်းခေါင် လက်သီးကိုတင်းတင်းဆုပ်ထားမိသည်။
"စခန်းမှူးဆီက ခွင့်ပြုချက် ရပြီးသား"
ထိုအခါ မိုးသူက ရိသလို ၊ ရွဲ့သလိုနှင့် ခပ်ထေ့ထေ့ ပြုံးလိုက်ပြီးမှ...
"ဒီအမှုက ကျူပ် မိုးသူ ဦးဆောင်ကိုင်တွယ်နေတာမို့လို့ နောက်ဆို ကျူပ်ဆီက ခွင့်ပြုချက်ပါယူပေးရင် ကောင်းမယ်။
ဒါကလည်း သံသယရှိသူမဟုတ်လား။ပြီးတော့ CIDက အဲ့လောက်တောင် အမှုရှားလား? ဘာလို့နေရာတကာ ဝင်ပါချင်ရတာလဲ?"မြတ်မင်းခေါင် နှုတ်ခမ်းကို တင်းတင်းစေ့ရင်း စိတ်ကိုမနည်းပြန်လျော့ကာ ဒန်နီရယ်ကို
တစ်ချက်ကြည့်လိုက်သည်။
YOU ARE READING
Hell's Gallery(ငရဲ၏ကားချပ်များ)
Mystery / Thrillerငရဲရဲ့သားကောင်ဖြစ်ဖို့ ကိုယ်တိုင်ကဖန်တီးယူခဲ့တာမဟုတ်ဘူးလား? ဒါဆို..အခု..ပျော်ပျော်ကြီးပြေးရတော့မလား? Season2 of The Broken Sinner. Both Unicode and Zawgyi are visible. #cover_by_AkariXing