Unicode Version:
ရန်ကုန်ဆေးရုံကြီး။
မရောက်တာကြာလို့လားမသိ ၊ မိမိအလုပ်သင်ဆင်းခဲ့ရချိန်နဲ့မတူတော့ဘဲ
အများကြီးပြောင်းလဲလို့သွားခဲ့သည်။အရင်က လူနာများကို အပေါက်ဆိုးဆိုး
ဆက်ဆံခဲ့တဲ့ နပ်စ်မများဟာဆိုရင်ဖြင့်
အခုတော့ ကြက်ပျောက်ငှက်ပျောက်။
အပြုံးချိုချိုနှင့် ပျူငှာဖော်ရွေတတ်တဲ့ အနီ၊
အပြာ နပ်စ်မလေးများကို ကြည့်ရင်း လရောင်ကျူးမှာလည်း အလိုလို ပြုံးမိလာသည်။ရောဂါရှာဖွေရေးစက်ကိရိယာများဟာလည်း
ယခုအချိန်မှာ ပို၍ပင် ခေတ်မှီတိုးတက်
များပြားလို့လာသည်။ထိုသို့
စကြ်ံပေါ်လမ်းလျှောက်ရင်း ပြောင်းလဲမှုများ
ကို ယှဥ်တွဲတွေးတောမိနေချိန်..."လရောင်ကျူး....ဟေ့ကောင်...မင်း
လရောင်ကျူးမလား"ပြင်ပလူနာဆောင်ရှေ့တွင် ရင်းနှီးခဲ့ဖူးသူ၏
လှမ်းခေါ်သံကြောင့် လရောင်ကျူးခြေလှမ်း
တို့ တုံ့ရပ်သွားခဲ့သည်။ ထိုအခါ လရောင်ကျူး အနားကိုအပြေးရောက်လာပါတဲ့
သုရှင်...။"ဟုတ်နေတာပဲ.."
"သုရှင်...ဟေ့ကောင်!"
သုရှင်က သူ့ကိုမှတ်မိပါသော လရောင်ကျူးကိုသိမ်းကြုံးဖက်ရင်း...
"ခွေးကောင်! ပြန်ရောက်တာဖြင့် ဒီလောက်ကြာပြီ။ ငါ့ကို အဆက်အသွယ်လဲမလုပ်ဘူး။
ဖုန်းဆက်တော့လည်း စက်ပိတ်ထားပါတယ်
ရှန်နဲ့ပဲ ညားနေတယ်။
မင်းကွာ...နေနိုင်တယ်! ငါ့မှာသတိတွေရနေတာ..""အလုပ်တွေများနေလို့ပါကွာ...ငါလဲမင်းကို
လွမ်းတာပဲ။ အရင်ဖုန်းက ပျောက်သွားလို့ကွ။"သို့နှင့် မတွေ့ရတာကြာပြီဖြစ်တဲ့ သူငယ်ချင်း
နှစ်ယောက် အလွမ်းသယ်ရင်း ပုခုံးဖက်ကာ
ပြင်ပလူနာဆောင်ဆီသို့ လျှောက်လာခဲ့ကြသည်။"မင်းတော့မသိဘူးကွာ...ငါ့မှာ ဒီမှာပဲ သုံးနှစ်လုံးလုံးနေလို့ရအောင် မနည်းကြိုးစားလိုက်ရတယ်။ မဟုတ်ရင် ရွှံ့တော ၊ ဗွက်တောထဲ
ပို့လိုက်ကြရင်ဆိုတဲ့ အတွေးနဲ့ညတောင်
အိပ်မပျော်ဘူး"
YOU ARE READING
Hell's Gallery(ငရဲ၏ကားချပ်များ)
Mystery / Thrillerငရဲရဲ့သားကောင်ဖြစ်ဖို့ ကိုယ်တိုင်ကဖန်တီးယူခဲ့တာမဟုတ်ဘူးလား? ဒါဆို..အခု..ပျော်ပျော်ကြီးပြေးရတော့မလား? Season2 of The Broken Sinner. Both Unicode and Zawgyi are visible. #cover_by_AkariXing