Chapter1:Happy Dead Day🎃

1K 163 22
                                    

Unicode Version:

"I need hit. .baby give me it.
It's dangerous,I'm falling....."
ညုတုတုအသံနှင့် နောက်ခံဖွင့်ထားသည့်
သီချင်းအား လိုက်ဆိုနေသော မိန်းမပျိုလေး
ညဥ့်နက်လာလေ ပို၍ မြူးတူးလာလေ
ဖြစ်နေပုံရ၏။

"နာမည်ခေါ်ပေးပါ မမ..ကျော်ဆွေ..
ဟုတ်ကဲ့ မဂ်လာပါနော်။ စိန်တုံးလေးတောင်
ရနေပြီ။"

Social Media Influencerတစ်ယောက်ဖြစ်သူ သူမသည် ခန္ဓာကောက်ကြောင်းအလန်းစားနှင့် ဇယားခင်းနေသူတစ်ယောက်ပီပီ
ဒီလို liveမျိုး ခဏခဏလွှင့်လေ့ရှိသည်။
သို့သော်...ဒီနေ့ကတော့ ထူးခြားနေသည်။

အဘယ်ကြောင့်ဆိုသော်..ဒီနေ့သည်..

"Happy Halloween!"

ကြည့်ရှုသူနှုန်းသည် တမုချချင်းမြှင့်တက်လာသည်နှင့်အမျှ သူမ၏အပြုံးသည်လည်း
ပို၍ပီပြင်လာ၏။

"ဒီ Halloween မိတ်ကပ်က make up blogger မယွန်းပန်းချီ ပြင်ပေးထားတာပါရှင့်။
ဘယ်လိုလဲ လှတယ်မလား?"

သူမ ပြင်ဆင်ခြယ်သထားသော မိတ်ကပ်သည် ရေသူမလေးအသွင်အပြင်ဖြစ်ကာ
ခါးထက်ဆံနွယ်နီလေးဝဲခါလိုက်သည်နှင့်
ဒဏ္ဍာရီရေသူမလေး အပြင်ကို ခုန်ထွက်လာသလို ခံစားချက်မျိုးကို ပေးစွမ်းနေလေ၏။

"ချွတ်ပြမယ်ဆိုလို့ စောင့်နေတာ...
အခုထိ မချွတ်သေးဘူးလား...?

Halloween special costumeလေးကိုတော့ ခဏလေးဝတ်ပါရစေဦး..။
ဘာလို့ဒီလောက်လောနေကြတာလဲ?"

သူမ အပြုံးလေးနှင့် ပြောရင်း ခုံကို အနောက်အနည်းဆုတ်လိုက်သည်။
ထို့နောက် ထိုင်နေရာမှ ထ၍ အပြာရောင်
ရေသူမအမြီးကဲ့သို့ အဖျားကား ဂါဝန်ပါးလေးအား ချွတ်ချရန် အနောက်ဇစ်ကို ဖြုတ်လိုက်လေ၏။

"ဒီလောက်ဆို...ရမလား..?
ဒီလောက်ဆိုရင်ရော..."

ကိုယ်လေးကို ယိမ်းကာနွဲ့ကာ ကပြရင်း
ပုရိသတို့အား phone screenထဲကနေ
ပြေးထွက်၍ မိမိဆီ အပြေးလာချင်အောင်
မြူဆွယ်ရန် ကြိုးစားနေလေသည်။

တဒေါင်ဒေါင်တက်လာသော commentများသည် သူမ ဝတ်စုံတစ်စုံလုံး
သူမခြေဖဝါးအောက် ရောက်သွားချိန်တွင်
ပို၍ မြန်ဆန်လာသည်။
သူမက သီချင်းသံထဲ စီးမြောသလို မျက်လုံးအစုံကို မှိတ်ထားရင်း နှုတ်ခမ်းတစ်ချက်ကိုက်ကာ ရင်နှစ်မွှာအား နှိပ်နယ်ပြနေလေသည်။

Hell's Gallery(ငရဲ၏ကားချပ်များ)Donde viven las historias. Descúbrelo ahora