ဒီနေ့ကကျောင်းပထမဆုံးတက်ရမဲ့နေ့ ဆောင်းဦးကာလဖြစ်နေပြီမို့
အနွေးထည်အထူကြီးမဟုတ်ပေမယ့် လက်ရှည်အပါးလေးတစ်ထည်တော့ ၀တ်လိုက်တယ်ကျောင်းသွားရမှာပဲ သွားနေကျကျောင်းလမ်းတစ်လျှောက်လုံး ဘာမှထူးခြားပြီးပြောင်းလဲနေတာမျိုးလဲမရှိခဲ့ဘူး
အထက်တန်းစီနီယာ ကျောင်းသားတစ်ယောက်အနေနဲ့ စာကလွဲပြီး တခြားအရာတွေစိတ်ဝင်စားဖို့အခွင့်အရေးလဲမရှိတော့ဘူး
ကျောင်းနားက Mini store မှာ မနက်စာမုန့်ဝယ်ဖို့အတွက် ၀င်သွားလိုက်တယ် စင်ပေါ်မှာကျန်နေတဲ့ နောက်ဆုံး ချောကလက်တစ်တောင့် ဘာရယ်မဟုတ် တစ်ခုပဲကျန်တော့တာမို့ အထီးကျန်နေတဲ့ ခံစားချက်ကို သဘောမကျတတ်တဲ့သူဖြစ်တော့ ချောကလက်တစ်တောင့် ပေါင်မုန့်တစ်လုံးနဲ့ နို့တစ်ဗူး ယူပြီး ပိုက်ဆံရှင်းဖို့လုပ်နေချိန် ဘေးနားမှာ ကောင်လေးတစ်ယောက်က....
"အကို ချောကလက်တွေကုန်သွားပြီလား"
"ဟုတ်ကဲ့ ဒီညီလေးက နောက်ဆုံးချောကလက်ကို ၀ယ်လိုက်ပြီခင်ဗျ"
"တစ်ခြားဟာပဲဝယ်လိုက်ပါ Hanရာ အပင်ပန်းခံပြီး ချောကလက် ကိုလိုက်ရှာမနေပါနဲ့တော့"
"ဒီနေ့ နို့နဲ့ချောကလက်စားချင်တာကို "
"ကလေးလို ဆူပုတ်ပြီးလုပ်မနေစမ်းနဲ့ မင်းနေ့တိုင်းစားနေတာပဲလေ ချောကလက်က မနက်မစားရလဲ နေ့လယ်ဝယ်စားပေါ့"
"မရဘူးဟာ အခုပဲစားမယ် နောက်တစ်ဆိုင်သွားကြည့်ရအောင်လေ"
"ထပ်သွားရင် ကျောင်းတက်ရတော့မှာမဟုတ်တော့ဘူးလေ"
ဒီချောကလက်တစ်တောင့်က ကိုယ့်အတွက်ဘာမှမဟုတ်ပေမယ့် အသဲအသန်စားချင်နေတဲ့ကောင်လေးကိုကြည့်ပြီး သူ့အတွက်တော့ ဒါလေးက တအားအဓိပ္ပါယ်ရှိမှာပဲဆိုပြီး တွေးလိုက်မိတယ်
"ဒီမှာ ကောင်လေးတွေ"
ကျွန်တော်ခေါ်လိုက်တော့ ချောကလက်လိုချင်တဲ့ကောင်လေးက ဆူပုတ်ပုတ်လေးကြည့်တယ်
သေချာကြည့်မိကာမှကျွန်တော် မှားသွားပြီထင်တယ် သူ့မျက်ဝန်းလေးတွေထဲ ကျွန်တော့်အရာအားလုံးကို ပေးလိုက်ရသလိုခံစားချက်မျိုး