8

7.1K 667 7
                                    

"ဝမ်ရိပေါ် ဝမ်ရိပေါ်"

ရိပေါ်တို့ကန်တင်းသွားရင်း အနောက်ကနေရိပေါ်နာမည်ခေါ်နေတာမို့ ဟောက်ရွှမ်းတို့ကလှည့်ကြည့်ရန်ပြောသည်။
"ရိပေါ် အနောက်မှာခေါ်နေတယ်လေ"
"အင်း ငါသိတယ် တမင်လှည့်မကြည့်တာ လာဆက်လျှောက်"

ကန်တင်းရောက်တော့ ဟောက်ရွှမ်းနဲ့ရှီးချန်က စားစရာသွားယူပေးတော့ ရိပေါ်က ထိုင်ခုံမှာပဲထိုင်စောင့်နေတုန်း ရှောင်းကျန့်ရောက်လာပြီး အတူတူလာထိုင်တယ် လက်ထဲမှာလဲ ပဲနို့ပုလင်းနဲ့

"ဝမ်ရိပေါ် ငါမင်းကိုတောက်လျှောက်အော်ခေါ်လာတာ မင်းကလှည့်ကိုမကြည့်ဘူး မောလိုက်တာ ဟူးး"

ပဲနို့သောက်ရင်းပြောနေသော ရှောင်းကျန့်ကိုကြည့်လိုက်တော့ မျက်နှာမှာလဲ ချွေးအနဲငယ်ဆို့နေတာတွေ့ရတယ်။ အခုမှသေချာကြည့်မိတာ ရှောင်းကျန့်က နှုတ်ခမ်းမှာမှဲ့လေးနဲ့ပဲ၊ ပဲနို့သောက်နေတော့ မှဲ့လေးကလဲ လိုက်လိုက်လှုပ်နေသလို မျက်နှာနုနုလေးပေါ်မှာလဲ ချွေးသီးလေးတွေနဲ့တောင်မှ လိုက်ဖက်မှုရှိနေသလို။ အင်းးး ငါလဲရေဆာလိုက်တာ။

"အော် ရော့ မင်းအတွက်ပဲနို့"
"မင်း ငါ့နောက်လိုက်လာတာ ဒီပဲနို့တိုက်ဖို့လား"
"မဟုတ်ပါဘူး ငါမင်းကိုကျေးဇူးတင်စကားပြောချင်လို့ မနက်က အတန်းထဲမှာကူညီပေးလို့ကျေးဇူးတင်ပါတယ် ဝမ်ရိပေါ် ၊ ဒါက ပိုက်ဆံ စစ်ကြည့်အုံးနော်။ ငါ ထမင်းသွားစားတော့မယ်"
"ဒီမှာပဲစား"
"ဟမ်"
"ရှောင်းကျန့် မင်းကပြောချင်ရာတွေပြောပြီး ထွက်သွားမယ်ဆိုတာကြီးပဲ မရဘူး ဒီတစ်ခါ ငါနဲ့အတူတူထမင်းထိုင်စား"
"ဟို ငါ့သူငယ်ချင်းနဲ့အတူတူစားမှာ သူစောင့်နေလောက်ပြီ"
"ငါကမင်းသူငယ်ချင်းမဟုတ်လို့ အတူတူထိုင်မစားချင်ဘူးပေါ့ ဟုတ်လား မင်းပြောတော့ငါ့ကိုကျေးဇူးတင်တယ်ဆို ကျေးဇူးတင်ရင် ငါနဲ့အတူတူထမင်းထိုင်စားပေး မင်းသူငယ်ချင်းပါခေါ်လိုက်"

ရိပေါ်ပြောတော့ ရှောင်းကျန့်က ပါးစပ်ကနေ ပွစိပွစိရေရွတ်ရင်း ဖုန်းထုတ်ကာ ကျန်းချန်ကိုခေါ်လိုက်ရသည်။
ခဏနေတော့ ကျန်းချန်ရော ဟောက်ရွှမ်းတို့ရော တပြိုင်နက်ရောက်လာပြီး
"ကျန်းချန်?"
"ရှီးချန်"
"မင်းတို့ကသိနေတာလား" (ဟောက်ရွှမ်း၊ ရှောင်းကျန့်)
"ဟောက်ရွှမ်း အဲဒါ ဟိုနေ့ကကော်ဖီဆိုင်မှာတွေ့ခဲ့တာလေ"
"ရှောင်းကျန့် ဟိုနေ့ကကော်ဖီဆိုင်မှာ ငါ့ကိုကူညီပေးတဲ့သူလေ"
"အော် သူတို့တွေက သူများတွေအတွက် ပိုက်ဆံတွေလိုက်ရှင်းပေးရတာ တော်တော်ဝါသနာပါပုံရတယ်နော်"
"ရှောင်းကျန့် တိတ်စမ်း သူများကိုအားနာစရာ အဲနေ့ကဝယ်လာတာတွေ မင်းကြီးပဲစားသွားတာမဟုတ်ဘူးလား"

ဟိုဘက်အိမ် က ကောင်လေး👨‍❤️‍👨Where stories live. Discover now