32 💚❤️

6.5K 493 10
                                    

အမူးသမားလေးကိုအိမ်ထဲအထိချီလာတော့ အောက်ထပ်မှာစောင့်နေတဲ့ မားက...
"ကျန့်လေးအိပ်ပျော်လာတာလားသား"
"ဘယ်ကသာ မူးလာတာမားရေ သူ့အိမ်ခေါ်သွားရင် အဆူခံရမှာဆိုးလို့"
"ဟယ် တခါမှမသောက်ဖူးတဲ့ကလေးကိုနင်တို့တွေအတင်းတိုက်လိုက်ကြတာလား"
"သူကအတင်းသောက်ချင်နေတာလေ ဟုတ်တယ်မလား ရှောင်းကျန့်ပြောပြလိုက်"
"......."
"တွေ့လားမား တစ်လမ်းလုံးရစ်လာပြီး မားရှေ့ရောက်မှအိပ်ချင်ယောင်ဆောင်နေတာ အမူးပါးလေး"
"အခန်းထဲသွားကြတော့ မားတို့လဲအိပ်တော့မယ်နော် ကောင်းသောညပါသားတို့ရေ"

ရိပေါ်လဲ အခန်းထဲအထိရှောင်းကျန့်ကိုချီလာပြီး ကုတင်ပေါ်ကိုဖြေးဖြေးလေးချပေးလိုက်တယ်...
"အိပေါ် ဘာလို့ချလိုက်တာလဲ အချီခံချင်သေးတယ်လေ"
"ဟမ် မောလာပြီလေကွာ အိမ်လဲရောက်နေပြီဟာကို"
"ဟွန်းးး မရဘူး ချီ အိပေါ်ချီထားတာနေလို့ကောင်းတယ် ဟီးဟီး"
"တော်ပြီမချီနိုင်တော့ဘူးမောတယ် အင်္ကျီလဲဖို့ထအုံး ငါလဲ လဲရအုံးမယ်"
"အာ့ဆို အင်္ကျီလဲပေး"
"အန် ကိုယ့်ဘာကိုမလဲဘူးလား"
"ချီမလား အင်္ကျီလဲပေးမလား တစ်ခုရွေး"
"ဟား ရှောင်းကျန့် ငါအင်္ကျီလဲပေးရင် မင်းမရှက်ဘူးလား"
"တခြားသူဆိုရှက်မှာ အိပေါ်လေးဆိုရင်မရှက်ဘူး"
"ဘာလို့လဲ"
"မသိဘူးလေ ဒီတိုင်းအိပေါ်လေးမို့လို့နေမှာပေါ့"
"မင်းကတကယ်အမူးပါးလေးပဲ ကဲ ဟုတ်ပါပြီ အင်္ကျီလဲပေးမယ်နော် ချွတ်"

ချွတ်ဆိုတော့ လက်နှစ်ဖက်လုံးမြှောက်ပေးတယ်...ရိပေါ်ကိုယ်တိုင်အင်္ကျီလေးချွတ်ပေးပြီး ဘီဒိုထဲညဝတ်အင်္ကျီလေးဝတ်ပေးလိုက်တယ်....
"အယ် ဘောင်းဘီတော့ကိုယ့်ဘာကိုဝတ်မယ်နော် မျက်နှာသစ်ပြီး တခါထဲလဲလာခဲ့မယ်"
"ဟုတ်ပါပြီ သေချာလဲနော်"

ရှောင်းကျန့် ရေချိုးခန်းထဲဝင်သွားမှ ရိပေါ်လဲတခြားအခန်းသွားပြီး မျက်နှာသစ် အဝတ်အစားလဲရတယ်..၊ အခန်းထဲပြန်ရောက်တော့ အခန်းမီးတွေအကုန်ပိတ်ကာ ညအိပ်မီးမှိန်မှိန်လေးဖွင့်ထားပြီးတော့ ပြတင်းပေါက်နားမှာ ရိပေါ်ရပ်ကာ ကောင်းကင်ကကြယ်လေးတွေကြည့်နေမိတယ်။

ခဏနေတော့ ရေချိုးခန်းထဲကထွက်လာတဲ့ရှောင်းကျန့်က ပြတင်းပေါက်နားမှာရပ်နေတဲ့ ရိပေါ်ရဲ့နောက်ကျောကနေ ပခုံးကိုလာကိုက်တယ်....
"အ!နာတယ်"
"အိပေါ်လေးက ငါ့ကိုဒီနားကနေအမြဲချောင်းကြည့်နေတာမလား"
"ချောင်းမကြည့်ပါဘူး ပေါ်တင်ကြည့်တာ"
"အရင်တုန်းကရော သူများတွေကိုအဲလိုကြည့်နေတာပဲလား"
"မကြည့်ပါဘူး ဒီရောက်မှ ဟိုဘက်အိမ်ကကောင်လေးတစ်ယောက်အမြဲအရိုက်ခံနေရလို့ သတိထားမိပြီး ကြည့်နေမိတာ"
"သနားပြီးကြည့်တာပေါ့ ဟုတ်လား"

ဟိုဘက်အိမ် က ကောင်လေး👨‍❤️‍👨Where stories live. Discover now