17

6.4K 599 8
                                    

"ရှောင်းကျန့် ရှောင်းကျန့်"
"ဟေ့ ဟေ့ကောင်လေး ဘာကိစ္စသူများအိမ်ထဲစွတ်ဝင်လာတာလဲ"

ခြံစောင့်ပြောနေတာကို ရိပေါ်ဂရုမစိုက်ပဲ ရှောင်းကျန့်အခန်းရှိရာကိုသာ ပြေးတက်လာခဲ့တယ်၊
ရိပေါ်အခန်းထဲရောက်တော့ ကျိုးရှန့်ရဲ့လက်ထဲမှာကြိမ်လုံးကိုင်ထားသလို အခန်းထဲမှာလဲပစ္စည်းတွေကို ဖွထားပုံရကာ ရှောင်းကျန့်ကိုကြည့်တော့ ပစ္စည်းတွေကြားထဲမှာ မျက်လုံးတွေရဲစွာ မတုန်မလှုပ်ဖြင့်။

"ရှောင်းကျန့်...မင်း!"
"ရိပေါ် ဘယ်လိုရောက်လာတာလဲ"
"ကျိုးရှန့် မင်းဒါဘာလုပ်တာလဲ"
"ရိ ရိပေါ် သူ ငါ့စကားနားမထောင်လို့ ငါ ဆုံးမနေတာ"
"ဆုံးမနေတာ ဟုတ်လား အခုလိုကြိမ်လုံးကိုင်ပြီးတော့လေ  ဒါညှင်းပန်းနှိပ်စက်မှုမြောက်တာ မင်းသိလား ဟမ်!!"
"ငါ ငါတို့သူမလိမ္မာရင် ဒီလိုဆုံးမနေကြပဲ ပြီး ပြီးတော့ နင်နဲ့ဘာဆိုင်လို့လဲ ငါ့မောင်ငါဆုံးမတာ"
"ရှောင်းကျန့်ကတကယ်မလိမ္မာလို့ဆုံးမတာလက်ခံတယ် ဒါပေမဲ့ မင်းတို့က ဆုံးမနေတာမဟုတ်ဘူး အနိုင်ကျင့်နေတာ နှိပ်စက်နေတာ သိရဲ့လား"

"အဟမ်း!"
"ပါး ဒီမှာ သမီးကိုခြိမ်းလားခြောက်လားလုပ်နေတယ်"
"ပါး အားလုံးကြားပါတယ် ဒီက ဝမ်သခင်လေးက သူ့သူငယ်ချင်းကိုတော်တော်ချစ်တာပဲ စိတ်မရှိပါနဲ့ သူတို့မောင်နှမနှစ်ယောက်က ဒီလိုပါပဲ ဖြစ်နေကြပါ"

"အဟက်! ဖြစ်နေကြဆိုရင် ဘာဖြစ်လို့ ရှောင်းကျန့်အရိုက်ခံနေရတာပဲ ကြားနေရတာလဲ ဒီမှာဦးလေး ဦးလေးတို့မှာဘယ်လိုရည်ရွယ်ချက်ပဲရှိရှိ ရှောင်းကျန့်ကိုထိခိုက်လာရင် ကျွန်တော်သည်းခံနေမှာမဟုတ်ဘူးဆိုတာသိထားပါ တကယ်လို့ ဆက်ပြီးနှိပ်ဆက်နေအုံးမယ်ဆိုရင် ရှောင်းကျန့်ကိုကျွန်တော်ခေါ်သွားရလိမ့်မယ်"

"အာ နောက်မဖြစ်စေရပါဘူး ဝမ်သခင်လေးရယ် ရှန့်အာကိုကျွန်တော်ဆုံးမလိုက်ပါမယ် လာခဲ့စမ်း ရှန့်အာ"

ကျိုးတရန်တို့သားအဖနှစ်ယောက်ထွက်သွားတော့မှ ရှောင်းကျန့်ဘက်လှည့်လိုက်တော့ တစ်ခုခုကိုရှာနေပုံရတယ်
"ရှောင်းကျန့် ဘာရှာနေတာလဲ"
"ပါးနဲ့မားဓာတ်ပုံ ငါ့မှာအဲတစ်ပုံပဲကျန်တော့တာ"
"ကျစ် ခဏထားအုံး ပြီးရင်ငါရှာပေးမယ် ပြစမ်း ဘယ်နားထိသွားလဲ"
"ဘယ်မှမထိပါဘူး"
"ငါ့ကိုမလိမ်နဲ့ ပြဆိုပြ"
"ဒီမှာ ကြိမ်လုံးနဲ့တစ်ချက်ပဲရိုက်သွားတာ မနာပါဘူး"
"မနာပါဘူးဟုတ်လား ဒီလောက်အရှိုးရာကြီးထင်းနေတာကို မဖြစ်ဘူး မင်းငါ့အိမ်မှာပဲလိုက်နေတော့ ဒီမှာစိတ်မချဘူး"
"မဖြစ်ဘူးလေဝမ်သခင်လေးရယ် အိမ်မှာမနေရင် ငါ့အိမ်ကသူများတွေလက်ထဲရောက်သွားမှာပေါ့"

ဟိုဘက်အိမ် က ကောင်လေး👨‍❤️‍👨Where stories live. Discover now