24

5.9K 507 5
                                    

"မစ္စတာကျိုး ကုမ္ပဏီကိုဒီတိုင်းထားခဲ့တော့မှာလား"
"ဒီတိုင်းမထားခဲ့လို့လဲမရဘူးလေ ရှေ့နေ့ဟွမ် ကျုပ်အစ်မကသတိရနေပီတဲ့ လောလောဆယ်သူ့ဆီအရင်သွားမှဖြစ်မှာ"
"စိတ်အေးအေးထားပါမစ္စတာကျိုး တစ်နှစ်လောက်မေ့နေတဲ့သူဆိုတော့ လူကောင်းပကတိအတိုင်းတော့ဖြစ်မှာမဟုတ်ပါဘူး"
"အင်း ဒေါက်တာကောင်းမုကလဲ အဲလိုပြောတယ်ရှေ့နေဟွမ် ဟေ့ရောင် မြန်မြန်မောင်းစမ်းကွာ"

သတ်မှတ်နှုန်းထက်အမြန်မောင်းလာတဲ့ကားဟာ အတော်ကြာမောင်းလာပြီးတာနဲ့ မြို့ပြင်ကလမ်းခွဲတစ်ခုသို့ရောက်သောအခါ 'မသွားရ' ဆိုပြီးသတ်မှတ်ထားတဲ့လမ်းတစ်ခုထဲဝင်သွားပြီး နှစ်ထပ်အဆောက်အဦးတစ်ခုရှေ့မှာရပ်သွားသည်၊

ကျိုးတရန် အိမ်ထဲသို့ဝင်သွားပြီး အပေါ်ထပ်ကအခန်းတစ်ခုထဲဝင်သွားရာ ကုတင်တစ်လုံးပေါ်မှာတော့ ရှောင်းဥက္ကဌဟာဆေးပိုက်တန်းလန်းနဲ့သတိမေ့နေလျက်ရှိနေပြီး တစ်ဖက်ကုတင်ပေါ်မှာရှိတဲ့ ရှောင်းကတော်ဟာလည်း ဆေးပိုက်တန်းလန်းဖြစ်နေပေမဲ့ မျက်လုံးနှစ်လုံးကတော့ပွင့်လျက်ရှိနေသည်..။

"ဘယ်လိုဖြစ်တာလဲ ဒေါက်တာကောင်းမု"
"သူသတိရလာပြီး နေရာစိမ်းမို့လို့ သောင်းကျန်းနေသေးတယ် စိတ်ငြိမ်ဆေးထိုးပေးပြီးတော့ အိပ်ပျော်သွားတယ် ခုနကမှနိုးတာ"
"..."

"မောင်လေး မောင်လေး ကျဲကျဲကိုလာကယ်တာလားဟင် သူတို့ ကျဲကျဲကိုဖမ်းထားတာမလား ကျဲကျဲကိုဒီကခေါ်သွားပါနော်"

"ဒေါက်တာကောင်းမု ???"
"အမှန်ပဲဆရာကြီး ရှောင်းကတော်က အတိတ်မေ့နေတာ၊ ကုတင်ပေါ်မှာပဲနှစ်ချီလှဲနေရတာဆိုတော့ အကြောတွေအလုပ်မလုပ်နိုင်သေးလို့ လမ်းလဲမလျှောက်နိုင်သေးဘူး၊ ပြီးတော့ သူ့ယျောင်္ကျားနဲ့သားကိုမမှတ်မိပဲ ဆရာကြီးကိုပဲသိတာဆိုတော့ သူယျောင်္ကျားမယူခင်ကမှတ်ဥာဏ်ကိုပဲပြန်မှတ်မိနေတာထင်တယ်"

"မောင်လေး ကျဲကျဲကိုဒီကနေခေါ်သွားပါလို့ ပါးနဲ့မားတို့စိတ်ပူနေကြလိမ့်မယ် နော်"
"အင်း ခဏလေးပဲနော်ကျဲ ကျဲကိုဖမ်းထားတာမဟုတ်ပါဘူး ကျဲဒဏ်ရာရနေလို့ဆေးကုပေးထားတာ ဒါကျွန်တော့အိမ်ပါ ဘာမှမဖြစ်ဘူး နေကောင်းသွားရင်ပြန်ပို့ပေးမယ်နော်"
"အင်း"
"ဒီမှာပဲနေအုံးနော် အလုပ်ကိစ္စရှိလို့ စကားပြောလိုက်အုံးမယ်"
"အင်း မြန်မြန်ပြန်လာနော်"

ဟိုဘက်အိမ် က ကောင်လေး👨‍❤️‍👨Donde viven las historias. Descúbrelo ahora