34 💚❤️ (Final)

10.4K 709 56
                                    

ရှောင်းကျန့်သဘောကျနေလာရင်း အထက်တန်းပြီးလို့ တက္ကသိုလ်တက်ရမဲ့အချိန်ရောက်လာတော့ သူငယ်ချင်းတွေအကုန်လုံး စီးပွါးရေးမေဂျာသာယူခဲ့ကြတယ်...၊ တက္ကသိုလ်တက်တော့ အိမ်ကိုဖွင့်ပြောကြဖို့ပြောပေမဲ့လည်း ရှောင်းကျန့်ကနေပါအုံး အဆင်သင့်မဖြစ်သေးဘူးဖွင့်ပြောရမှာ ငါရှက်နေသေးတယ် ဆိုတာကြီးပဲ....

အခုတော့ကျောင်းသွားဖို့ ရှောင်းကျန့်ကိုအိမ်ရှေ့ကနေပဲ ဟွန်းတီးပြီးခေါ်လိုက်တော့ အိမ်ထဲကနေ မျက်နှာမကောင်းစွာထွက်လာတယ်...

"ရှောင်းကျန့် ဘာဖြစ်လို့လဲ နေမကောင်းဘူးလား"
"ကောင်းပါတယ် ဘာမှမဖြစ်ပါဘူး"
"မင်းမျက်နှာမကောင်းဘူးလေ ငါ့ကိုပြောဘာဖြစ်နေတာလဲ"
"ဟို ညကအိပ်ရေးပျက်လို့ပါ"
"ရော့ green tea လေးသောက်လိုက် အိပ်ချင်ရင်အိပ်လိုက်နော် ကျောင်းရောက်ရင်ငါနှိုးမယ်"
"အင်း"

ရိပေါ်ပေးတဲ့ green tea သောက်ပြီး မျက်စိမှိတ်နေလိုက်တော့ မနက်က ပါးနဲ့မားပြောနေတဲ့စကားတွေပြန်ကြားလာတယ်....

FB >>>

ရှောင်းကျန့် ကျောင်းမသွားခင် မနက်စာဆင်းစားတော့...

"ပါး မား morning"
"morning သားလေး လာ"
"မားတို့က ဘာတွေပြောနေကြတာလဲ"
"ဘာမှတော့မဟုတ်ပါဘူးသားရယ် သားရဲ့ဝမ်မားလေ ရိပေါ်လေးကိုစိတ်မချလို့တဲ့ မတော်တရောတွေနဲ့တွေ့မှာဆိုးလို့ သူ့မိတ်ဆွေသမီးလေးနဲ့နေရာချထားပေးရင်ကောင်းမလားဆိုပြီး မားနဲ့လာတိုင်ပင်နေတာကို ပါးကိုပြောပြနေတာ"
"ဗျာ အ့!!"
"ဟဲ့ ပူမယ်လေ ဒီကလေးနှယ့် ကော်ဖီအပူကြီးကိုဒီတိုင်းသောက်ရလား"
"မား အဲ့ကိစ္စရိပေါ်သိပြီးပြီလား"
"မသိသေးဘူးထင်တယ်သားရဲ့ သားလဲကိုယ့်သူငယ်ချင်းကိုစောင့်ရှောက်နော် ရိပေါ်လေးကလူတော်လေး သမက်တော်ချင်တဲ့သူတွေမှအများကြီးပဲ မားတောင်သမီးမရှိလို့ပေါ့"
"ပါး မား သားသွားတော့မယ်နော်"
"ဟဲ့ သွားမယ်ဆိုလဲမြန်လိုက်တာ ရိပေါ်ရောလာပြီလား ဒီကလေး ဘာတွေဖြစ်နေမှန်းမသိပါဘူး"

FB end >>>

"ရှောင်းကျန့် ကျောင်းရောက်ပီထတော့"
"အင်း"
"ငါ့ကိုဆရာခေါ်ထားတာရှိလို့ မင်းအတန်းထဲအရင်သွားနှင့်နော်"
"အင်း"

ဟိုဘက်အိမ် က ကောင်လေး👨‍❤️‍👨Hikayelerin yaşadığı yer. Şimdi keşfedin