23

5.9K 528 5
                                    

"ဟုတ်ကဲ့ အခုမဲအရေအတွက်အရ..."

"ခဏလေးပါ!"

မဲစာရင်းကြေငြာကာနီး တံခါးဖွင့်ကာဝင်လာသော လူသုံးယောက်ကိုကြည့်ကာ ကျိုးတရန်အပါအဝင် ရှယ်ယာရှင်တွေက တအံ့တဩဖြင့်...
"ရှောင်းကျန့် မင်းဘယ်လိုလုပ်..."
"ရှောင်းသခင်လေးပါလား"

ရှယ်ယာရှင်တွေရဲ့တီးတိုးစကားသံတွေကို ရှောင်းကျန့်အနေနဲ့ ဥပက္ခာပြုကာ အစည်းအဝေးရဲ့ထိပ်ဆုံးခုံရှိရာသို့လျှောက်သွားတယ်၊ ရှောင်းကျန့်လျှောက်လာတာမြင်သော အတွင်းရေးမှူးကျိုးကလဲ ထိုင်နေရာမှထကာ ရှောင်းကျန့်ကိုနေရာပေးတယ်။ ရှောင်းကျန့်နောက်ကနေ ဝမ်ရိပေါ်နဲ့ ကျန်းချန်လဲအတူတူလိုက်လာကာ ရှောင်းကျန့်ဘေးမှာဝင်ထိုင်ကြသည်။

"ငါ့တူ ရှောင်းကျန့် ဘယ်လိုရောက်လာတာလဲ"
"ဦးလေးကရော ကုမ္ပဏီမှာဘာတွေလုပ်နေတာလဲ"
"ဦးက မင်းကိုယ်စား ကုမ္ပဏီကိုထိန်းသိမ်းပေးနေတာလေ ရှောင်းကျန့် ဒီနေရာကကလေးကစားစရာနေရာမဟုတ်ဘူး အိမ်ပြန်တော့"
"ကလေးကစားစရာနေရာမဟုတ်လို့ ကျွန်တော်ရောက်နေတာပေါ့ ကျွန်တော့မိဘတွေပိုင်တဲ့နေရာကို မဖြစ်သင့်တာမဖြစ်ရအောင် လာကာကွယ်တာလေ"
"ရှောင်းကျန့် မင်းကဘာနားလည်လို့လဲ တစ်သက်လုံး ကုမ္ပဏီကိုတောင် တစ်ရက်ပြည့်အောင်လာနေဖူးလို့လား လိမ္မာတယ်ငါ့တူ အိမ်ပြန်လိုက်ပါနော်"

"ဟုတ်တယ်သား ဦးတို့အားလုံးလဲ မစ္စတာကျိုးကိုထောက်ခံတယ် သားမိဘတွေမရှိတော့ သားဦးလေးက ကုမ္ပဏီကိုဦးဆောင်တာဖြစ်သင့်တယ်လေ သားလဲကျောင်းမပြီးသေးဘူးမလား"
ထိုစကားကို ကုမ္ပဏီကရှယ်ယာရှင်တစ်ဦးဖြစ်သူ တနည်းအားဖြင့် ရှောင်းကျန့်အဖေနဲ့အလုပ်တွေအတူတူတွဲလုပ်ဖူးတဲ့လူကပြောလာတယ်...၊ ပါးယုံကြည်ခဲ့တဲ့လူကတောင် ကျိုးတရန်ဘက်တော်သားဖြစ်သွားတာလား။

"ဟင်းး ပါးနဲ့အလုပ်တွေအတူတူလုပ်ခဲ့ပြီး နောက်မှရောက်လာတဲ့ ကျွန်တော့ဦးလေးကို ဝိုင်းထောက်ခံကြတဲ့အတွက်ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ဒီကုမ္ပဏီနဲ့တောက်လျှောက်အတူတူရှိလာတာက ဦးလေးကျန်းပါ၊ ကုမ္ပဏီရဲ့ကောင်းတာ ဆိုးတာ အကုနိလုံးကို ဖြေရှင်းလာပေးတဲ့အထဲမှာ ဦးလေးကျန်းကထိပ်ဆုံးကပါ အဲဒါကို ဦးလေးကျန်းကိုဘာလို့ဖြုတ်ချချင်ရတာလဲ"

ဟိုဘက်အိမ် က ကောင်လေး👨‍❤️‍👨Where stories live. Discover now