13

6.7K 666 2
                                    

အမည်မသိသူပို့ထားတဲ့ လိပ်စာအတိုင်းဆို ကျောင်းနဲ့မနီးမဝေးက ဆောက်လက်စ အဆောက်အဦးပျက်တစ်ခုပဲ လူသွားလူလာမရှိတဲ့ပုံမို့ ရှောင်းကျန့်တစ်ယောက်ထဲလာမိတာမှားပီဟုလည်း တွေ့လိုက်မိသည်၊ ထိုအဆောက်အဦးကိုဓာတ်ပုံအမြန်ရိုက်ပြီး ကျန်းချန်ဆီပို့ထားလိုက်ပြီး ဟိုလူ့ဆီဖုန်းဆက်တော့ အဆောက်အဦးရဲ့ တတိယအထိတက်လာရန်ပြောတော့ လှေကားတွေကနေရှောင်းကျန့်တက်သွားတယ် တတိယထပ်ရောက်တော့ ဘယ်သူမှမတွေ့တာနဲ့ ဖုန်းဆက်မယ်အလုပ် အကွယ်တစ်ခုကနေအသံထွက်လာတယ်
"ရောက်လာပြီလား ရှောင်းကျန့်"
"မင်း မင်း ချောင်လု"

................................

ရှောင်းကျန့်တို့အိမ်က ကင်မရာတွေမှာလဲဘာမှထူးခြားတာမတွေ့တော့ ကျောင်း cctv ကနေ ကျောင်းလုံခြုံရေးကိုမနည်းခွင့်တောင်းပြီး ရှောင်းကျန့်ဘယ်ဘက်ထွက်သွားလဲဆိုတာ ရိပေါ်တို့ကြည့်ရတယ်၊ cctv အရဆိုရင် အိမ်ပြန်တဲ့လမ်းနဲ့ဆန့်ကျင်ဘက်ထွက်သွားတာတွေ့ရတယ်၊ taxi နံပါတ်က cctv ထဲမပေါ်တာမို့ လမ်းစကပြန်ပျောက်သွားတာမို့စိတ်ပျက်လက်ပျက်ဖြစ်နေကြတုန်း

"ရိပေါ် ရိပေါ်"
"ကျန်းချန်ဘာဖြစ်တာလဲ"
"ဒီမှာ ရှောင်းကျန့်က ဓာတ်ပုံတစ်ခုပို့လာလို့"
"အဆောက်အဦးပုံကြီးပဲ ပြောချင်တာက သူကအဲမှာလား အဲဒါကဘယ်နေရာမှာလဲ မင်းသိလား ကျန်းချန်"
"ငါလဲမသိဘူး သူကလဲတည်နေရာကိုမပို့ပဲ ဘာလို့ဓာတ်ပုံရိုက်ပို့ရတာလဲဟ"
"ကြည့်ရတာ အလျင်လိုနေလို့ထင်တယ် ငါတို့ဒီတိုင်းထိုင်နေလို့မဖြစ်တော့ဘူး ဟောက်ရွှမ်း မင်းအဖေဆီ ဒီပုံပို့ပြီး ဘယ်နေရာမှာရှိနိုင်လဲ ရှာခိုင်းကြည့်"
"အေး အေး "
ခဏနေတော့ ဟောက်ရွှမ်းအဖေကတည်နေရာပို့လာပေးတယ်။
"ပါးပြောတာ ဒီနားမှာ အဲပုံကထဲအဆောက်အဦးနဲ့တူတာရှိတယ်တဲ့ တည်နေရာပို့ထားတယ်"
"အိုကေ ငါတို့အဲကိုသွားကြမယ် မင်းအဖေကို အဲနေရာကိုလိုက်လာဖို့ပြောလိုက်အုံး"

ရိပေါ်ကားကိုအမြန်ဆုံးမောင်းပြီး ထွက်လာခဲ့တယ်

"မြန်မြန်လာကြ ရှောင်းကျန့်တခုခုဖြစ်နေပြီထင်တယ်"

တစ်ထပ်ပြီးတစ်ထပ်တက်လာကာ သုံးထပ်မြောက်မှာတော့ ရှောင်းကျန့်ကို ဝိုင်းချုပ်ပြီး ထိုးနေတာတွေ့ရတယ်

ဟိုဘက်အိမ် က ကောင်လေး👨‍❤️‍👨Where stories live. Discover now