Part (( 4 ))

17.3K 1.5K 57
                                    

Unicode

ကုမ္ပဏီသို့သွားခါနီး Taehyungမနက်စာစားနေတုန်း အိပ်စုံမှုန်မွှားဖြင့်ထမင်းစားခန်းထဲသို့ဝင်လာသည့်မောင်ရယ်ပါ။

"မောင်ကလဲကျောင်းပိတ်တာကိုအစောကြီးထပြန်ပြီ သွားရောတိုက်ခဲ့ပြီလား?"

"Nae...တိုက်ခဲ့ပါတယ်ဗျာ "

"ဒါဆိုလာထိုင် Taeနဲ့မနက်စာတူတူစားရအောင် အဒေါ်ကြီးကပန်ကိတ်လုပ်ပေးထားတာ"

သူပြောတော့ သူ့ဘေးနေရာမှာဝင်ထိုင်လိုက်ရင်းခေါင်းကသူ့ပုခုံးပေါ်ခေါင်းလေးမှီလာသည့်မောင့်ကြောင့်စုတ်ဖွားလေးဖြစ်နေသည့်မောင့်ရဲ့ခေါင်းလေးကိုငုံ့နမ်းလိုက်ရင်း

"ကြည့်ပါလားမောင်အိပ်ရေးမဝသေးပါဘူးဆို ခေါင်းကိုက်လိမ့်မယ်လေ သွားသွားပြန်အိပ်လို့"

"ဟင့်အင်း Taeတောင်ညကပင်ပန်းထားရဲ့သားနဲ့မနက်အစောကုမ္ပဏီသွားရသေးတာပဲ မောင်ကအကျင့်ဖြစ်နေပြီမပင်ပန်းပါဘူး"

ခေါင်းလေးထောင်ကာပြောလာသည့် မောင့်စကားကြောင့်လူကပူထူလာပြီးဘယ်ဝင်ပြေးရမှန်းမသိ။ မောင့်အတွက်ကော်ဖီခွက်လေးလာချပေးသည့် အဒေါ်ကြီးကလည်းပြုံးစိစိနှင့်ပြန်လှည့်ထွက်သွားသည်။

စိတ်ရှိလက်ရှိဆို စကားတွေအရှက်မရှိပြောနေသည့်မောင့်ခေါင်းကိုပုခုံးပေါ်ကနေတွန်းချလိုက်ချင်ပေမဲ့ တကယ်ကျတော့သူမလုပ်ရက်။ မောင်အဆိုးလေး။ ကိုယ်ဘယ်လောက်သူ့ကိုချစ်မှန်းသိ ရှက်တတ်မှန်းသိရက်နဲ့ လူကိုဆိုသိပ်စတာ။

Taeရဲ့ချစ်လှစွာသော မောင်....

"Tae မောင်ကော်ဖီမသောက်ချင်ဘူး"

"ဟင် မောင်ကြိုက်သလိုခါးခါးလေးဖျော်ခိုင်းထားတာကိုမောင်ဘာသောက်ချင်လို့လဲ?"

"Banana milk"

"အင်းဒါဆိုခဏစောင့်နော်မောင် Taeဖျော်ပေးမယ်"

မနက်စာစားနေရင်း မောင်သောက်ချင်သည့်ငှက်ပျော်သီးမစ်ရှိတ်လေးဖျော်ပေးဖို့အတွက် Taehyungမီးဖိုခန်းလေးထဲအမြန်ပြေးကာ ငှက်ပျောသီးလေးတွေကိုအတုံးလေးတွေလှီးစိပ်လိုက်သည်။ ထို့နောက်နွားနို့အနည်းငယ်ဖြင့်ရောမွှေလိုက်ပြီးခွက်ထဲသို့ထည့်လာပေးသည်။

𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙤𝙛 𝙅𝙚𝙤𝙣 𝙏𝙖𝙚𝙝𝙮𝙪𝙣𝙜  {Completed}Where stories live. Discover now