Unicode
Yoongiတစ်ယောက်Wonလေးကိုစမ်းသပ်နေတုန်း Yeonjunပါအရေးပေါ်ဌာနထဲလိုက်ဝင်လာသည်။
Jungkookအဖေရဲ့ဆေးရုံဆိုတော့ သက်ဆိုင်ရာဌာနတွေမတူညီကြတာကလွဲရင်သူတို့အားလုံးဆေးရုံတူတူဖြစ်ကြသည်လေ။
ကလေးကိုစမ်းသပ်ရင်းငြိမ်သွားသည့်Yoongiကြောင့်Yeonjunကဘေးကနေဘာကူလို့ကူပေးရမှန်းမသိ။
"Yeonjun ah"
"Nae hyung"
"CBCစစ်ဖို့ပြင်ထားလိုက် "
(A/N - CBC : Complete Blood Count)
"Nae? CBCလား?"
Yeonjunစိုးရိမ်သွားရသည်။ ကလေးက ပုံမှန်အတိုင်းအဖျားကြီးပြီးသတိလစ်ရုံလေးကိုဘာလို့CBCစစ်ဖို့လိုတာလဲ?
ထိုအခါမှသူလဲWonလေးအနားသွားကာသေချာကြည့်မိတော့မှ ကလေးလည်ပင်းနားတွင်တွေ့လိုက်ရသည့်အရေပြားအကွက်ထမှုအချို့တို့ကြောင့် အံ့ဩသွားရသည်။
ထို့နောက်Yoongi hyungကသူနာပြုတွေကို Wonလေးအတွက်လိုအပ်တဲ့ကုသမှုတွေအတွက်ညွှန်ကြားပြီးသူ့ဖက်ပြန်လှည့်လာကာ
"ဒီတိုင်းစစ်ဆေးကြည့်တာဆိုပေမဲ့ Taehyungကိုတော့ဒီစစ်ဆေးမှုနဲ့ပက်သက်ပြီးဘာမှမပြောနဲ့အုံး ပြီးတော့Jungkookကိုရောဆက်သွယ်ထားပြီလား?"
"Nae လမ်းမှာလာတုန်းကတော့ ဖုန်းဆက်ခဲ့ပါတယ်သူကဂျူတီဝင်နေတာမလို့Soobinကိုပြောခိုင်းထားလိုက်တယ်"
"အင်း Jungkookရောက်ရင်Hyungဆီလာတွေ့ဖို့ပြောလိုက်"
"Nae hyung"
"ဒါနဲ့Hyung..."
Yoongiကလှည့်ထွက်သွားခါးနီး Yeonjunကလှမ်းခေါ်လိုက်တာကြောင့် ဘာလဲဆိုသည့်ပုံဖြင့်ပြန်လှည့်ကြည့်လာသည်။
"Wonလေးကရိုးရိုးဖျားတာပဲမလား?"
သူစိုးရိမ်စွာမေးလိုက်တော့hyungကသူ့ကို ပြန်ပြုံးပြလာသည်။
"အင်း ဘာမှမစိုးရိမ်ပါနဲ့ကွာဒီတိုင်းအဖျားကြီးသွားတာပါ"
Yeonjunတစ်ယောက်Yoongiအဖြေကိုကြားပေမဲ့ ရင်ထဲမှာလေးလံနေသည်။ ကုတင်ပေါ်တွင်မေ့မြောနေသည့်Wonလေးကိုမြင်တော့ ရင်ထဲတွင်မကောင်း။ အရင်လဲဖျားဖူးနေကြဆိုပေမဲ့ အခုလိုဆေးရုံရောက်သွားသည်အထိတော့ အခြေအနေမဆိုးဖူးသေးတာကြောင့်ထိတ်တော့ထိတ်လန့်မိသည်။
YOU ARE READING
𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙤𝙛 𝙅𝙚𝙤𝙣 𝙏𝙖𝙚𝙝𝙮𝙪𝙣𝙜 {Completed}
FanfictionJeon Jungkook "Taeကမောင့်ရဲ့လမင်းလေး" Kim Taehyung "မောင်ကTaeရဲ့နေမင်းကြီး" Jeon Jungkook "Taeကမောင့်ရဲ့လမင်းလေး" Kim Taehyung "မောင်ကTaeရဲ့နေမင်းကြီး" Start - 21/8/20 End - 25/12.20 #Taekook #Myanmar (mprg included)