Unicode
**A/N -မနေ့ကမောင်နဲ့Xiaoလေးကိုပြောထားကြတဲ့သူတွေ ပြန်တောင်းပန်ကြမယ်ဝေ့ အုဟုဟု**
-
-
-
-"ဒီတစ်ခါတော့ မောင်သိပ်စိတ်ပျက်မိတယ်Tae"
"ဒီတစ်ခါတော့ မောင်သိပ်စိတ်ပျက်မိတယ်Tae"
"ဒီတစ်ခါတော့ မောင်သိပ်စိတ်ပျက်မိတယ်Tae"
ခဏခဏပြန်ပြန်ကြားနေရသည့် မောင့်ရဲ့စိမ်းကားလွန်းသည့်အသံတွေကြောင့် Taehyungလန့်ဖျန့်ပြီးဇက်ခနဲအိပ်နေရာမှလန့်နိုးလာခဲ့သည်။
ဘုရားရေဘယ်လိုတောင် ဆိုးဝါးပြီးနမိတ်မရှိတဲ့အိမ်မက်ကြီးလဲ? Taehyungမှာအိပ်မက်မှနိုးလာသည့်တိုင်အောင် ဝမ်းနည်းပြီးရင်တုန်ရလွန်းလို့ခြေဖျားလက်ဖျားတွေအေးကာ နဖူးတွင်ချွေးစေးများပင်ပြန်နေသည်။
အိပ်ပျော်သွားရာမှထိုဆိုးဝါးသည့်အိမ်မက်ကြောင့်သူ့မှာ ဆက်ပင်အိပ်မပျော်ရဲတော့။ ထို့နောက်လှဲအိပ်နေရာမှထလိုက်တော့ ဗိုက်ကပိုအောင့်လာသလိုပင်။
စားပွဲပေါ်ကရေလေးတစ်ခွက်ယူငှဲ့သောက်လိုက်ရင်း Xiao Yuanပေးခဲ့သည့်စာရွက်လေးတွေ့တာကြောင့် ဘာများပါလိမ့်လို့စိတ်ဝင်စားစွာယူဖတ်မိသည်။
- Taehyung hyung ဒီအတောအတွင်းကျွန်တော်ကြောင့် စိတ်အနှောက်အယှက်ဖြစ်ခဲ့ရင် တောင်းပန်ပါတယ်။ Hyungရောကိုကိုရောကလေးလေးရော ပျော်ရွှင်တဲ့မိသားစုဖြစ်ပါစေလို့နှလုံးသားထဲကနေဆုတောင်းပေးလိုက်ပါတယ်။ နောက်တစ်ကြိမ်သာထပ်ဆုံခွင့်ရှိခဲ့မယ်ဆိုရင် ကလေးလေးအတွက်လာပြီးဂုဏ်ပြုပေးချင်ပါသေးတယ်။
PS: နောက်တစ်ကြိမ်ထပ်ဆုံခဲ့ရင် Xiaoလေးကိုခေါ်ခွင့်ပြုတယ်နော်Hyung။ ကိုကို့ကိုအစ်ကိုတစ်ယောက်အနေနဲ့တစ်သက်လုံးချစ်ခင်သွားတော့မှာမလို့ ကိုကိုချစ်ရတဲ့Hyungကလည်းကျွန်တော့်Hyungပါပဲ။ Hyungတို့ကိုအမြဲသတိရနေပါမယ်။
မှXiao Yuan-စာလေးကရိုးရိုးရှင်းရှင်းလေးပေမဲ့ Taehyungသဘောကျစွာပြုံးမိရပါသည်။ သူ့စကားတွေကအလုပ်ဖြစ်ခဲ့သည်ပဲ။ သို့သော်လည်း အခုဆိုXiaoလေးအတွက်ရော သူတို့အတွက်အကောင်းဆုံးဖြစ်သွားမှာပါ။
YOU ARE READING
𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙤𝙛 𝙅𝙚𝙤𝙣 𝙏𝙖𝙚𝙝𝙮𝙪𝙣𝙜 {Completed}
Hayran KurguJeon Jungkook "Taeကမောင့်ရဲ့လမင်းလေး" Kim Taehyung "မောင်ကTaeရဲ့နေမင်းကြီး" Jeon Jungkook "Taeကမောင့်ရဲ့လမင်းလေး" Kim Taehyung "မောင်ကTaeရဲ့နေမင်းကြီး" Start - 21/8/20 End - 25/12.20 #Taekook #Myanmar (mprg included)