Part (( 29 ))

12K 1K 88
                                    

Unicode

အိမ်ပြန်ရောက်ကာ သားအတွက်အဝတ်အစားအချို့နှင့်လိုအပ်သည့်ပစ္စည်းလေးတွေကိုအိတ်ထဲထည့်ပြီးဆေးရုံပြန်သွားဖို့ပြင်ဆင်ရသည်။

​အိမ်ပြန်ရောက်ကတည်းကရေမိုးချိုးပြီးကာ အခုထမင်းစားနေကြသည့်အချိန်အထိငြိမ်နေကာစကားတစ်ခွန်းမှသေချာမပြောသေးသည့်မောင့်ကြောင့်Taehyungမှာစိတ်ပူနေရသေးသည်။

"မောင်ထမင်းလဲမစားဘူးရော် နေမကောင်းလို့လား?"

"ဟင်..မဟုတ်ပါဘူးTaeရဲ့မောင်သိပ်မဆာလို့ပါ မနက်ကလဲဂျူတီမဝင်ခင်မုန့်စားလိုက်သေးတယ်လေအဲ့တာကြောင့်ပါ ... Taeဖြေးဖြေးစားနော်အေးအေးဆေးဆေးမှသွားလဲရတယ် သားကိုကညကျမှဆေးစစ်မှာ"

"ဟင် စစ်စရာကကျန်သေးတာလား? Yoongi hyungပြောတော့သက်သာသွားပြီဆို?"

"အင်း ဒီတိုင်းဆေးရုံရောက်တုန်းလိုအပ်တဲ့စစ်ဆေးမှုလေးတွေကိုတစ်ခါတည်းလုပ်ခိုင်းလို့လေ "

ဘယ်လိုဆေးစစ်မှုဆိုတာတော့Jungkookမပြောလိုက်တော့။

"Taeစားနှင့်နော် မောင်အခန်းထဲမှာ ဖုန်းယူဖို့ကျန်ခဲ့လို့"

ပြောပြီးသည်နှင့်အမြန်ထထွက်သွားသည့်မောင့်ကိုကြည့်ရင်းTaehyungမှာအူကြောင်ကြောင်လေးကျန်ခဲ့ရသည်။ မျက်စိရှေ့ကစားပွဲပေါ်မှာဖုန်းကြီးတင်ထားပြီး ဖုန်းသွားယူမယ်ဆိုပဲ... မောင်ဒီနေ့ဘာဖြစ်နေပါလိမ့်? ဆေးရုံမှာတစ်ခုခုအဆင်မပြေတာများဖြစ်ခဲ့လို့လား?

-
-
-
-
Taeရှေ့ကနေထွက်လာပြီးအခန်းထဲရောက်တော့ ရေချိုးခန်းထဲအမြန်ပြေးဝင်မိသည်။ ညစ်ငြူးနေသည့်စိတ်တို့ကိုပျောက်လို့ပျော်ငြားဘေဇင်တွင်မျက်နှာငုံ့သစ်လိုက်ရင်း မျက်နှာသစ်နေသည့်လက်တွေပါဆတ်ဆတ် ဆတ်ဆတ်နှင့်တုန်ရီလာသည်။

'ရိုးတွင်ခြင်ဆီစစ်ဆေးမှု'တဲ့လား? ယနေ့ညတွင်သားကိုရိုးတွင်ခြင်ဆီစစ်ဆေးမှုပြုလုပ်မည်ဖြစ်သည်။ သားရဲ့caseကိုYoongi hyungကတာဝန်ယူထားသူမလို့ သူစိမ်းတွေထက်စာရင်တော်သေးသည်ဟုတိုရမည်။

ဆရာဝန်တစ်ယောက်ဖြစ်သည့်သူ့အဖို့ ရိုးတွင်ခြင်ဆီစစ်ဆေးမှုကဘယ်လိုပုံစံ ဘယ်လိုနာကြင်မှုမျိုးဆိုတာမသိချင်မတွေ့ချင်သည်မှအဆုံး။

𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙤𝙛 𝙅𝙚𝙤𝙣 𝙏𝙖𝙚𝙝𝙮𝙪𝙣𝙜  {Completed}Where stories live. Discover now