Unicode
"Tae မောင်ပြီးပြီလာသွားကြစို့"
ဧည့်ခန်းထဲကဆိုဖာပေါ်တွင်ထိုင်နေသည့် Taeကိုတွဲထူလိုက်ကာထစေသည်။ အခုဆိုTaeရဲ့ကိုယ်ဝန်က ငါးလကျော်ခြောက်လထဲဝင်နေပြီဖြစ်တာကြောင့် ဗိုက်ကတော်တော်ပင်ထွက်နေပြီဖြစ်သည်။
ထို့ကြောင့်JungkookမှာTaehyungရဲ့အထိုင်အထ အသွားအလာကအစ မျက်စိဒေါက်ထောက်ပြီးလိုက်ကြည့်နေရသည်။ Taeကိုစိတ်ပူလို့ ကျောင်းတစ်နှစ်နားမည်ဟုပြောတော့အကုန်လုံးကဝိုင်းတားကြလို့သာသူ့မှာလက်လျော့ပြီးကျောင်းပြီးအောင်ဆက်တက်လိုက်ရသည်။
Taeကိုတွဲပြီးအပြင်ထွက်တော့ အိမ်ထဲသို့ဝင်လာသည့်Soobinနှင့်တွေ့သည်။
"Soobin ah ဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ? စာလာလုပ်တာလား?"
Soobinက သူနှင့်Yeonjunနှင့်အတူ အမြဲတမ်းလိုလိုစာလာလုပ်တတ်သူမလို့မေးလိုက်ခြင်းဖြစ်သည်။ အခုဆိုSoobinပင်Yeonjunကျေးဇူးနှင့် သူတို့အိမ်သားနီးနီးပင်ဖြစ်နေပြီဖြစ်သည်။ စာလာလုပ်လိုက်။ ငစွာကောင်စိတ်ကောက်ရင်လာချော့လိုက်နှင့်။ အခုတော့သူ့ပုံစံကစာလာလုပ်သည့်ပုံလဲမဟုတ်။ စာအုပ်တွေလဲမပါ။ တစ်ခုခုကိုအလျင်လိုနေဟန်။
"ဟင့်အင်း Yeonjunဆီလာတာသူရှိတယ်မလား?"
"အင်းရှိတယ် အခန်းထဲမှာနေ့လည်စာစားပြီးကတည်းကဝင်သွားတာ"
"ဟုတ်လား? ဒါနဲ့Hyungတို့တစ်နေရာရာသွားမလို့လား?"
"အင်း Hyungတို့ဒီနေ့အာထရာစောင်းရိုက်ရမှာလေ အဲ့တာဆေးရုံသွားမလို့"
"ဟုတ်လား? မိုက်တာပေါ့ သားလေးလားသမီးလေးလားဆိုတာသိရတော့မှာပေါ့ Jungkookမင်းတော့ပျော်နေတော့မှာပဲ"
"ဒါပေါ့... ဒါနဲ့ဘာလဲ ငစွာကောင်စိတ်ကောက်ပြန်ပြီလားမင်းကို?"
"အင်း...ငါမနေ့ညကသူ့ကိုဖုန်းဆက်မယ်ပြောပြီး စာလုပ်ပြီးတာနဲ့ပင်ပန်းပြီးအိပ်ပျော်တာနဲ့မဆက်ဖြစ်လိုက်ဘူး။ အဲ့တာမနက်ကမှသတိရတာ အခုလဲဖုန်းမကိုင်လို့...ဒါဆိုမင်းတို့လဲသွားတော့လေ "
"အင်း အင်း "
"Yah... Choi Soobin ငါ့ယောက်ဖလေးကိုချော့တာပါးစပ်နဲ့ပဲချော့တာ ကိုယ်ထိလက်ရောက်မချော့နဲ့"
![](https://img.wattpad.com/cover/233452803-288-k750158.jpg)
YOU ARE READING
𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙤𝙛 𝙅𝙚𝙤𝙣 𝙏𝙖𝙚𝙝𝙮𝙪𝙣𝙜 {Completed}
FanfictionJeon Jungkook "Taeကမောင့်ရဲ့လမင်းလေး" Kim Taehyung "မောင်ကTaeရဲ့နေမင်းကြီး" Jeon Jungkook "Taeကမောင့်ရဲ့လမင်းလေး" Kim Taehyung "မောင်ကTaeရဲ့နေမင်းကြီး" Start - 21/8/20 End - 25/12.20 #Taekook #Myanmar (mprg included)