Unicode
Jungkookအခန်းထဲကိုဝင်လာတော့ Taeကစားပွဲခုံနားတွင် စာရွက်တွေဟိုလှန်ဒီလှန်ဖြင့်ဖုန်းပြောနေသည်။
သူလည်းအနှောက်အယှက်ဖြစ်မှာစိုးတာကြောင့် ခုတင်ပေါ်တွင်ထိုင်ရင်းTaeဖုန်းပြောတာကိုစောင့်ကြည့်နေလိုက်သည်။
Namjoon hyungသတိမရသေးသည်မှာ တစ်လကျော်ရှိပြီဖြစ်သည်။ Hyungလည်းမရှိရော အထိန်းအချုပ်မဲ့သွားသည့်ကုမ္ပဏီကြီးဟာ ရှယ်ယာတွေချက်ချင်းပင်ထိုးကျကုန်ပြီး သစ္စာဖောက်ငမိုက်သား ငွေကြေးစီမံမန်နေဂျာကကုမ္ပဏီရန်ပုံငွေတွေကိုအလွဲသုံးစားလုပ်သွားပြီး ထွက်ပြေးသွားတာကြောင့်ကုမ္ပဏီကအခုအခွန်ကိစ္စတွေနှင့်ပါတရားရင်ဆိုင်နေရသည့်အခြေအနေ။
Taehyungမှာရုပ်သံဌာနဘက်သို့ ခြေဦးတောင်မလှည့်အားတော့။ Appaလက်ထပ်ကတည်းကယုံကြည်အားကိုးခဲ့ရသည့် အခုလက်ရှိမန်နေဂျင်းဒါရိုက်တာဂင်ကို Joon Hyungအစားယာယီဥက္ကဌလက်လွှဲနေရာယူစေရင်း သူကတော့ကုမ္ပဏီရဲ့ဆက်ခံသူပြောရေးဆိုခွင့်ရှိသူအနေနှင့် အဖက်ဖက်ကကူညီနေရသည်။
Jin hyungကလည်းသူ့ကုမ္ပဏီကတစ်ဖက် Joon hyungရဲ့ကျန်းမာရေးကတစ်ဖက်ဆိုတော့ သူ့မှာတအားအပူမကပ်ချင်။
တစ်နေ့တစ်နေ့အရင်လို သတင်းဌာနသို့မသွားနိုင်တော့။ တရားရုံးနှင့်ရဲစခန်းကိုကိုယ့်အိမ်ကိုယ့်ယာလိုဝင်ထွက်နေရသည်။ လျော့ကျကုန်သည့်ရှယ်ယာတွေအတွက်လည်း အပတ်တိုင်းရှယ်ယာရှင်အစည်းအဝေးပွဲတက်ကာကုမ္ပဏီအတွက်အဖက်ဆယ်နိုင်ရန်ကြိုးစားနေရသည်ကမလွယ်ကူလှ။
အခုလည်း ယိုင်နဲ့နေသည့်ကုမ္ပဏီအခြေအနေကြောင့် ရင်းနှီးမြုပ်နှံမည့်လုပ်ငန်းပါတနာတွေကလည်းအသီးသစာချုပ်တွေဖျက်သိမ်းကုန်လို့သူ့မှာ ဒေါသထွက်နေရသည်။ ကုမ္ပဏီရဲ့အခြေအနေကိုသူသိပေမဲ့ အစကတည်းကမယုံကြည်ရင်လက်မတွဲကြနဲ့ပေါ့။ ကုမ္ပဏီကအခုလိုအခြေအနေလည်းရောက်ရော လက်တွဲဖြုတ်ကြတာတဲ့လား။ တရားကျစရာတွေ။
"ဟုတ်ကဲ့ ဦးလေဂင်။ TKနဲ့သဘက်ခါစာချုပ်ချုပ်ဖို့ရှိတာ မနက်ဖြန်ညနေTKဥက္ကဌနဲ့တွေ့ဖို့စီစဉ်ပေးပါ ဦးလေးဂင်သွားတွေ့ရင်ကျွန်တော်ပါလိုက်ခဲ့လိုက်မယ်"
YOU ARE READING
𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙤𝙛 𝙅𝙚𝙤𝙣 𝙏𝙖𝙚𝙝𝙮𝙪𝙣𝙜 {Completed}
Fiksi PenggemarJeon Jungkook "Taeကမောင့်ရဲ့လမင်းလေး" Kim Taehyung "မောင်ကTaeရဲ့နေမင်းကြီး" Jeon Jungkook "Taeကမောင့်ရဲ့လမင်းလေး" Kim Taehyung "မောင်ကTaeရဲ့နေမင်းကြီး" Start - 21/8/20 End - 25/12.20 #Taekook #Myanmar (mprg included)