Part (( 25 ))

14.1K 1.1K 50
                                    

Unicode

တစ်ပတ်တိတိရှိခဲ့လေပြီ။ မောင်နဲ့သားမရှိတဲ့ဒီအိမ်ကြီးမှာအထီးကျန်စွာ တစ်ညပြီးတစ်ညဖြတ်သန်းလာရတာ။

ကုမ္ပဏီကနေအိမ်ပြန်ရောက်လာတိုင်း အရင်လိုပင်ပန်းနေပြီလားYeoboဆိုတဲ့ဆီးကြိုနေမဲ့အသံလေးနှင့်ရင်ခွင်ကြီးဟာ Taeအတွက်မရှိနေခဲ့တော့။

အိပ်ယာဝင်ခါနီးတိုင်း တစ်နေ့တာအကြောင်းတွေပြန်ပြောရင်းဝင်ရောက်အပန်းဖြေစရာရင်ခွင်တစ်ခုဟာမရှိတော့။ 

မောင်နှင့်သားထွက်သွားသည့်ထိုနေ့ညကတည်းက ဘယ်ရောက်နေကြလဲ ဘယ်လိုတွေများနေနေကြသလဲဆိုတာကိုလည်းသူမစုံစမ်းမိ။

ခေါင်းမာလွန်းသည့်သူဟာ မောင်နှင့်သားကသူ့ကိုမလိုအပ်တော့ပဲနေနိုင်ရက်ကြပါလေရောဆိုသည့် ယောကျာ်းတစ်ယောက်ရဲ့မာနကပါဝင်လာတော့ အမှားအမှန်တွေခွဲခြားနိုင်စွမ်းပျောက်လောက်အောင်ပင်ဤအခြေအနေတွေကိုတင်းခံကာ တသ်ယောက်တည်းကြိတ်မှိတ်သည်းခံနေခဲ့သည်။

အရင်လိုသူမရှိပဲမောင်တစ်ယောက်တည်းသားနှင့် ဒုက္ခတွေများရောက်နေမလား? နေမကောင်းများထပ်ဖြစ်နေမလားဆိုသည့်စိတ်ကလေးကဝင်လာသော်လည်း သူ့ဆီသို့ပင်ဖုန်းတစ်ချက်မဆက်ပဲနေနိုင်သည့်မောင့်ကြောင့်သေလောက်အောင် ရင်တွေနာရသည်။

မောင်တောင်နေနိုင်သေးတာပဲ Taeဘက်ကလည်းနေနိုင်ရမယ်မောင်။ တခါတရံလွမ်းဆွတ်မှု နာကြင်မှုတွေကိုအံမတုနိုင်တော့သည့်အခါ မောင်မရှိဒီအခန်းကြီးထဲမှာတစ်ယောက်တည်း သေမတတ်အော်ဟစ်ငိုယိုမိတာကလွဲရင် Taeလဲအဆင်ပြေတယ်မောင်။

သူတို့နှစ်ယောက်ရဲ့မာနတွေနဲ့အချစ်တွေလွန်ဆွဲရာမှ ကြားထဲမှနာကြင်ရမည့်သားရဲ့မျက်နှာကိုမြင်ယောင်မိတော့သူ့လုပ်ရပ်တွေသိပ်ကိုမှားခဲ့သလားဟူသောအတွေးတို့က ဝင်ဝင်လာသည်။

သို့သော်သူ့ဘက်ကစပြီး မောင့်ကိုလုံးဝမဆက်သွယ်ဖြစ်ခဲ့။ Taeမရှိပဲနေနိုင်လို့တောင် ထွက်သွားခဲ့တာမလား သူ့ဘက်ကတော့ဘယ်တော့မှစပြီးဆက်သွယ်မည်မဟုတ်။ ဒီလောက်တော့Taeလဲစိတ်ဆိုးခွင့်ရှိတယ်မလားမောင်?

𝘽𝙚𝙘𝙖𝙪𝙨𝙚 𝙤𝙛 𝙅𝙚𝙤𝙣 𝙏𝙖𝙚𝙝𝙮𝙪𝙣𝙜  {Completed}Where stories live. Discover now