1~When coffee gets cold~

9.6K 550 33
                                    

ပုံပြင်မဆန်တဲ့ လက်တွေ့ဘဝရဲ့ မနက်ခင်းဟာ
နေရောင်ခြည်ဖြဖြအောက်မှာ လှပစွာနိုးထခြင်းတွေနဲ့ ဆန့်ကျင်လျက်။

မျက်ခွံမို့မို့အောက်က မျက်ဝန်းတွေဟာ လေးလံစွာပွင့်လာခဲ့ပေမယ့် နေရောင်စူးစူးက အသင့်ဆီးကြို
နေပြန်တယ်။

ညိုဖျော့ဖျော့မျက်ဝန်းတွေကို နေရောင်ထိုးတဲ့အခါ
စိတ်မကြည်စွာနဲ့ တွန့်ချိုးလာတဲ့မျက်ခုံးတန်းလေးတွေ။

စုတ်ဖွာနေတဲ့ဆံပင်တွေကို လက်နဲ့ထိုးဖွလိုက်ရင်း
ဘေးကိုကြည့်မိတော့ လှစ်ဟာနေတဲ့ကွက်လပ်လေး။

*ကျွန်တော့ရဲ့ မနက်ခင်းတိုင်းကို ကောမျက်နှာလေးကို ငေးရင်း အစပြုမယ်*

ပြောခဲ့ဖူးတဲ့စကားသံအချို့ကို ပြန်ကြားယောင်တဲ့အခါ စိတ်ပျက်မှုအနည်းငယ်က ရိပေါ်ရဲ့အတွေးထဲ
ဖြတ်ပြေးတယ်။

မတည်နိုင်တဲ့ ကတိတွေကို ဘာလို့များပေးခဲ့မိတာပါလိမ့်။

အိပ်ယာပေါ်က ကုန်းရုန်းထလို့ ရေချိုးခန်းဆီကို
ဦးတည်မိတယ်။ညက night dutyရှိတာမို့
အိမ်ပြန်နောက်ကျတာတောင် မနက်လည်းသူ့မှာ နားချိန်မရ။ခပ်သွက်သွက် ရေချိုး၊အဝတ်အစားလဲပြီး
အောက်ထပ်ကို ဆင်းလာခဲ့တယ်။

ထုံးစံအတိုင်း အသင့်ပြင်ထားတဲ့ မနက်စာက စားပွဲပေါ်မှာ။အရင်လို တီတီတာတာချစ်စကားတွေကို
သီကုံးထားတဲ့ sticky noteရောင်စုံလေးတွေ
ကတော့ ကင်းမဲ့လျက်။
အေးစက်နေတဲ့ ကော်ဖီခွက်ကလည်း စားပွဲပ်ါမှာ ဟန်မပျက်ရှိနေခဲ့တယ်။

နောက်ကျနေမှာစိုးလို့ ခပ်မြန်မြန်ကောက်မော့လိုက်တော့ လည်ချောင်းထဲကို စီးဝင်လာတဲ့ အေးစက်စက်ကော်ဖီတွေဟာ အခါးမကြိုက်တဲ့သူ့အတွက် ချိုမြနေခဲ့တယ်။

သကြားပိုထည့်ထားတတ်တဲ့ ကော်ဖီခွက်ဟာ
အခုထိမပြောင်းမလဲ။တူညီတဲ့အရသာ၊တူညီတဲ့
မနက်ခင်း....မတူညီတော့တဲ့အရာကတော့
ခံစားချက်တွေပဲ ဖြစ်လိမ့်မယ်။

အေးစက်သွားတာက ကော်ဖီတွေတင်မဟုတ်ပဲ
သူတို့ရဲ့ နှလုံးသားတွေလည်း ပါဝင်နေခဲ့တယ်
ထင်ပါရဲ့။

Happily Ever After.....(Completed)Where stories live. Discover now