4~Do you still love me?

2.4K 356 25
                                    

ဆေးရုံပေါက်ဝမှာ ကားငှါးနေတဲ့ရိပေါ်ကိုမြင်တော့
ဟောက်ရွှမ်းက သူ့ကားကိုရိပေါ်ရှေ့မှာ ထိုးရပ်လိုက်တယ်။

"မင်း ဒီနေ့ ကားမပါဘူးလား"

"မနက်က ဆေးရုံလာရင်း လမ်းမှာ ကားပျက်သွားတာမို့ ပြင်တဲ့ဆိုင်ပို့ထားရတယ်"

"တက်လေ။ငါလိုက်ပို့ပေးမယ်"

"ရတယ်။ငါ ကားငှါးသွားလိုက်မယ်"

"တက်ပါ။မင်းကလည်း..."

ဟောက်ရွှမ်းက အတင်းခေါ်နေတာမို့ ရိပေါ်ကလည်း မငြင်းတော့။

"ကျေးဇူးပဲကွာ"

ဟောက်ရွှမ်းက ရိပေါ်အတွက် အားကိုးရတဲ့လုပ်ဖော်ကိုင်ဖက်ကောင်းဖြစ်သလို သူငယ်ချင်းကောင်း
တစ်ယောက်လည်းဖြစ်တယ်။ခင်လာတဲ့သက်တမ်း
တစ်လျှောက်လုံး သူ့အပေါ်ကောင်းပေးခဲ့တာမို့
ရိပေါ်ကလည်း ဟောက်ရွှမ်းနဲ့ပတ်သတ်လာရင်
သူတတ်နိုင်တဲ့ဖက်ကနေ ပြန်ကူညီပေးဖို့အသင့်ပဲ။

ရိပေါ် အိမ်ပြန်ရောက်တော့ တစ်အိမ်လုံးက တိတ်ဆိတ်လျက်။နာရီကိုတစ်ချက်ကြည့်မိတော့ အချိန်ကစောသေးတယ်။ကျန့်ကောတို့ ရုံးဆင်းချိန်မရောက်သေး။ရိပေါ်တို့က ဒီနေ့ နေ့တစ်ဝက်နားရက်ရတာမို့ စောပြန်လာရခြင်းဖြစ်သည်။

ရိပေါ်အဝတ်အစားလဲပြီး ခနလောက်အိပ်ဖို့ ပြင်လိုက်ပေမယ့် ဒီလိုအချိန် အိပ်လေ့အိပ်ထမရှိတာမို့
အိပ်မပျော်။အောက်ထပ်ကို ဆင်းလာပြီး အလုပ်မရှိ၊အလုပ်ရှာကာ အဝတ်တွေလျှော်ဖို့ တွေးလိုက်တယ်။ဒါပေမယ့်လည်း နားချင်တယ်ဆိုတဲ့
အကြောင်းပြချက်နဲ့ ဘာမှမလုပ်ဖြစ်။

တစ်အိမ်လုံးမှာ တစ်ယောက်တည်းရှိနေရတဲ့ ခံစားချက်က အေးစက်စက်နိုင်လွန်းတယ်။သူအိမ်ပြန်နောက်ကျတဲ့နေ့တိုင်း ကျန့်ကောတစ်ယာက်တည်း
ဘယ်လိုများနေနိုင်ခဲ့တာပါလိမ့်။

တိတ်ဆိတ်လွန်းနေတဲ့ ပတ်ဝန်းကျင်က ရိပေါ်အတွက် စိတ်မသက်မသာဖြစ်စေတာမို့ အိမ်ရှေ့ခန်းကTVကိုဖွင့်ပြီး ဆိုဖာပေါ်ခြေပစ်လက်ပစ်ထိုင်ချလိုက်တယ်။CCTV 5ကိုပြောင်းပြီး Volumeကိုလည်း
3လောက်မှာထားထားလိုက်တယ်။

Happily Ever After.....(Completed)Donde viven las historias. Descúbrelo ahora