8~The time has come

2.3K 328 27
                                    

ဖြစ်ပျက်ခဲ့သမျှက ဘာမှမဟုတ်သလို ပျောက်ကွယ်သွားတော့လည်း သူတို့နှစ်ယောက်ကြား အရင်လိုအခြေအနေကိုပဲ ပြန်ဦးတည်လာတယ်။

သူ့ခြေထောက်ကို ဂရုတစိုက်ဆေးလိမ်းပေးနေတဲ့
ရိပေါ်က အရင်လိုတာဝန်ကျေပေးနေသလို သူကလည်း အရင်လို ခံစားချက်မဲ့နေဆဲ။

"ရပြီ။ဆေးလည်းလိမ်းထားပြီးပြီဆိုတော့ ခနနေရင် သက်သာသွားလိမ့်မယ်"

"အင်း။မင်း အပြင်ထွက်တော့"

"စောနကကိစ္စကို စိတ်ဆိုးနေတုန်းပဲလား ကျန့်ကော"

"ငါအဲ့လောက် ကလေးမဆန်ဘူး ဝမ်ရိပေါ်"

နာမည်အပြည့်အစုံအခေါ်ခံရတိုင်း သဘောမကျတာကိုသိတဲ့ ကျန့်ကောက သူ့ရဲ့စိတ်ဆိုးမှုအတိုင်းအတာကို ဒီလိုနည်းနဲ့ဖော်ပြတယ်။
တစ်ခါတစ်လေလောက်တော့ ကလေးဆန်လည်း
ဖြစ်ပါတယ် ခင်ဗျားရယ်။ဘာလို့ ဒီလောက်ခေါင်းမာရတာလဲ။

"ဖြေရှင်းချက်မလိုချင်မှန်းသိပေမယ့် ခနလောက်တော့နားထောင်ပေး။ဒီအခြေအနေကြီးကိုတော့
ကျွန်တော် တကယ်သဘောမကျလို့"

"......"

"ကျွန်တော်က ကျောင်းတုန်းက အသိတစ်ယောက်ဆီ ခနသွားတာ။သွားရတဲ့အကြောင်းအရင်းကလည်း အလုပ်ကိစ္စနဲ့သူက အကူအညီတောင်းလို့။
အပြန်မှာ သူ့ဇနီးနဲ့ကလေးကိုပါတစ်ခါတည်း ဝင်ကြိုနေရတာမို့ နောက်ကျသွားတာ။
ကျန့်ကောကို ဖုန်းဆက်သေးတယ်။မကိုင်ဘူး"

"ငါ့ဖုန်းက အိမ်မှာမေ့ကျန်ခဲ့တာ"

"ကားထဲက ရေမွှေးနံ့ကလည်း အဲ့ဒီအမျိုးသမီးရဲ့
ရေမွှေးနံ့ပဲ။အခု ကျွန်တော့ကိုယုံပြီလား"

"ငါမင်းကိုအစကတည်းက ယုံတယ်။စိတ်အဆင်မပြေတဲ့အချိန်မို့ အတွေးချော်သွားခဲ့ပေမယ့် ငါမင်းရဲ့ကိုယ်ကျင့်တရားနဲ့ပတ်သတ်ပြီး သံသယမဝင်ခဲ့ဖူးဘူး ရိပေါ်"

"ကျွန်တော်သိတယ်။ဒါကြောင့် ဒီလိုမနေကြရအောင်လား"

သူ့စကားကို ပြန်ဖြေမလာတဲ့ ကျန့်ကောက ပြတင်းပေါက်အပြင်ဖက်ကိုပဲငေးနေတယ်။
ကျွန်တော့ဖက်က အဆင်ပြေအောင်ကြိုးစားနေတာမို့ နည်းနည်းလောက်လေးပဲဖြစ်ဖြစ် အသိအမှတ်ပြုပေးလို့မရဘူးလား။ဘာတွေ ထပ်လုပ်ပြဖို့ လိုနေသေးလို့လဲ ကျန့်ကော။

Happily Ever After.....(Completed)Tempat cerita menjadi hidup. Temukan sekarang