9~How far...

2.4K 335 22
                                    

ဗီရိုထဲကအဝတ်အစားတွေကို ထုတ်လို့ ခရီးဆောင်အိတ်ထဲစီထည့်ရင်း အလှုပ်ရှုပ်နေတဲ့သူ့ကိုကြည့်ပြီး မာမားကတော့ သက်ပြင်းတချချ။

"ရောက်တာဖြင့် ဘယ်နှစ်ရက်ရှိသေးလို့ ချက်ချင်းလက်ငင်းကြီးထပြန်ရတာလဲ။အကြာကြီးနေမှ အိမ်ပြန်ရောက်တာကို ပြန်ရတော့မှာတဲ့လား"

"မား....ကျွန်တော်ပြန်မှဖြစ်မယ်။ဆေးရုံအုပ်က ဖုန်းဆက်ခေါ်နေပြီ။ကျွန်တော့အလုပ်က အကြာကြီးခွင့်ယူလို့မရတာကို မားလည်းသိသားပဲ"

"ဖြစ်နိုင်ရင် သားကိုမပြန်စေချင်သေးဘူး။ရှောင်းလေးနဲ့ အဆင်မပြေသေးတာကို အခုလိုတစ်ယောက်တည်းပြန်သွားရင် အခြေအနေတွေ ပိုဆိုးကုန်မှာပေါ့"

"ကျွန်တော်နဲ့ကျန့်ကောကိစ္စကို စိတ်မပူပါနဲ့။ကျွန်တော်တို့ သေချာတိုင်ပင်ပြီးဖြေရှင်းမှာမို့ မားကအဲ့ကိစ္စကို ခေါင်းထဲမထည့်နဲ့"

"မထည့်လို့ရမလား။မင်းတို့နှစ်ယောက်က ငါ့မျက်စိရှေ့မှာကြီးပြင်းလာတဲ့ကလေးတွေလေ"

"မား စိုးရိမ်နေတာကိုနားလည်ပေမယ့် ဒီကိစ္စကို
ကျွန်တော်တို့အချင်းချင်း အဆင်ပြေသလိုဖြေရှင်းမှာမို့ စိတ်ချပါ"

"အေးပါ။ငါ ဘာမှဝင်မပြောတော့ဘူး။နင်တို့လုပ်ချင်တာသာလုပ်ကြတော့"

စိတ်ဆိုးပြီးထွက်သွားတဲ့ ဝမ်မားကြောင့် ရိပေါ်စိတ်
ထဲမကောင်း။မားက သူတို့နှစ်ယောက်ကို ပြန်အဆင်ပြေစေချင်နေတယ်ဆိုတာ သူသိပေမယ့် သူ့ဖက်က မားဖြစ်စေချင်သလို လိုက်လျောပေးနိုင်မှာ
မဟုတ်တော့ဘူး။

"ရိပေါ်...မင်းမာမားပြောတာတွေကို စိတ်ထဲမထားနဲ့။မင်းလည်း မင်းအမေအကြောင်း သိတာပဲ။
သူက လူကြီးဆိုတော့ စိုးရိမ်တတ်လို့ပါ"

ဖြန်ဖြေသလိုဝင်ပြောတဲ့ ပါးပါးကို ရိပေါ်တစ်ချက်
ပြုံးပြလိုက်ရင်း

"ကျွန်တော်နားလည်ပါတယ်"

"မင်းတို့လည်း ငယ်တဲ့အရွယ်တွေမဟုတ်တော့တာမို့ မင်းတို့ကိစ္စကို ပါပါးဝင်ပြီးမစွက်ဖက်ချင်ဘူး။
ပြီးတော့ မင်းတို့နှစ်ယောက်ရဲ့အခြေအနေကို ကာယကံရှင်ဖြစ်တဲ့ မင်းတို့က အသိဆုံးဖြစ်မှာပါ။
ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်မြင်အောင်ကြည့်တတ်ဖို့တော့ လိုမယ်။ကိုယ့်ကိုယ်ကိုယ်မြင်အောင်
ကြည့်ပါ။ခုတ်ရာတစ်ခြား၊ရှရာတစ်ခြားမဖြစ်စေနဲ့"

Happily Ever After.....(Completed)Where stories live. Discover now