7~We have changed

2.3K 341 15
                                    

ယွီပင်းရဲ့ လိုက်ပို့ပေးမယ်ဆိုတဲ့စကားကို ဆန့်ကျင်ပြီး ရှောင်းကျန့်က ရိပေါ်အလာကိုထိုင်စောင့်နေခဲ့တာ အချိန်တောင်အတော်လင့်နေခဲ့ပြီ။

ဒီအကွာအဝေးလောက်ဆို နာရီဝက်လောက်လမ်းလျှောက်သွားလိုက်ရင် အိမ်ပြန်ရောက်နိုင်ပေမယ့်
သေချာပေါက်လာကြိုမယ်လို့ ပြောထားခဲ့တာမို့
ရှောင်းကျန့်ကလည်း ဆက်စောင့်ဖို့ကိုပဲရွေးချယ်ခဲ့တယ်။

ညနေစောင်းချိန်မို့ နေကဝင်စပြုနေပြီ။စက်ဘီးတစ်စီးကို လှည့်ပတ်စီးနေတဲ့ ကောင်လေးနှစ်ယောက်ကိုမြင်တော့ ရှောင်းကျန့်စိတ်ဝင်တစားလိုက်ကြည့်နေမိသည်။ကျောင်းဝတ်စုံဝတ်ထားတဲ့ ကောင်လေးနှစ်ယောက်က ပုံစံကြည့်ရတာ သူငယ်ချင်းတွေ
ဖြစ်ပုံရတယ်။ပုပုသေးသေးကောင်လေးက အရပ်ရှည်ရှည်ကောင်လေးကို တင်နင်းနေတာတွေ့တော့ ရှောင်းကျန့်ရယ်ချင်မိသွားသည်။

ငယ်ငယ်က သူလည်း ရိပေါ်ကိုအဲ့လိုအနိုင်ကျင့်နေကျပဲလေ။စက်ဘီးမစီးတတ်တဲ့သူ့ကို ရိပေါ်ကပဲ
အမြဲတင်နင်းရတယ်။ဘယ်တော့မှ သူ့အပေါ်မငြိုငြင်ဘဲ အမြဲအလိုလိုက်ပေးခဲ့တဲ့ကောင်လေးကို သူကအများကြီး အနိုင်ယူခဲ့ဖူးတယ်။

"ဟိတ် ကောင်လေး"

ရှောင်းကျန့်လှမ်းခေါ်လိုက်တော့ ကြောင်တောင်တောင်နဲ့ လှည့်ကြည့်လာတဲ့ကောင်လေးနှစ်ယောက်။

"ကိုယ့်ကို စက်ဘီးခနငှါးပါလား

"ဗျာ!!မငှါးပါဘူး။ဘာလို့ငှားရမှာလဲ"

"လုပ်ပါကွာ။ခနလေးပါပဲ။တကယ် ခနပဲ။မင်းကို
အဲ့အတွက် ငှါးခပေးမယ်လေ"

"ဟေ့ရောင်...ခနလောက်ငှါးလိုက်။ပြီးရင် အဲ့ပိုက်ဆံနဲ့ ဂိမ်းဆိုင်သွားကြမယ်"

အကြောက်အကန်ငြင်းနေတဲ့တစ်ယောက်က ဘေးကကောင်လေးဝင်ပြောမှ တွေဝေသွားတယ်။

"ဒါပေမယ့်...ငါ့စက်ဘီးကို ခိုးသွားရင် ဘယ်လိုလုပ်မလဲ"

"ဟိတ်..ကိုယ့်ရုပ်က သူခိုးရုပ်ပေါက်နေလို့လား"

"ပြောမရဘူးလေဗျာ။သူခိုးက ဂျိုပါတာမှမဟုတ်တာ"

အသေးလေးက လူကောင်သေးသလောက်စွာတာကို သိလိုက်ရတော့ ဝမ်ရိပေါ်နဲ့တောင် တူသလားလို့။သူ့ရဲ့ ဝမ်ရိပေါ်က ဒီကလေးထပ်တော့ ချစ်ဖို့ကောင်းတယ်။

Happily Ever After.....(Completed)Where stories live. Discover now