💖 နှလုံးသားကို ဗဟိုပြု၍ 💖
.............(One Short)..............."မောင် တောင်းပန်ပါတယ် မောင်ရယ်...အဲ့ဒါတစ်ကယ်မဟုတ်ဘူး မလားဟင်"
"တကယ်လို့ ခင်ဗျားကို ဘယ်နှစ်ခါပြောရမလဲ...ဒါကျွန်တော့်ချစ်သူ ကျွန်တော်တကယ်ချစ်တဲ့သူ... ခင်ဗျားက အသက်လည်းကြီးနေပြီ...ကျွန်တော့အတွက် စိတ်ဝင်စားစရာမရှိတော့ဘူး... "
စားသောက်ဆိုင်လေး၏ ထောင့်နားလေးမှာ ကျိတ်ကျိတ် ၍ ဖြစ်နေသော ရန်ပွဲငယ်လေး...ဆိုဖာခုံတန်းလေး တစ်ဖက်တစ်ချက်စီထားသော စားပွဲခုံအပြင်အဆင်လေး...sofa ပေါ်တွင်ကောင်လေးနှစ်ယောက်ထိုင်နေကာ...မက်တပ်ရပ်နေသော ကောင်လေးမှတောင်းပန်တိုသျှိုးနေသည်။
"မောင်ရယ်...မဟုတ်တာနော်....ကို့ကို ခဏစိတ်ကောက်တာမလား...ဟုတ်တယ်နော်..."
"ကျစ် ခင်ဗျားစကားရှည်လှချေလား 💥💥"
ထိုင်လျက်ဖြေရှင်းနေသော ကောင်လေး၏ အသံကျယ်သွားသဖြင့် ဆိုင်တွင်းရှိလူများပင်...လှည့်ကြည့်လာကျသည်။"ဟင့်...မောင်... တကယ်ကိုရက်စက်တာပဲ..."
"အင်း အဲ့လိုပဲ အဲ့လိုလူမို့လို့ ခင်ဗျားထွက်သွားတော့... ကျွန်တော်တို့အချိန်တွေ ပေးနေရတာနဲ့တင်...အဆင်မပြေတော့ဘူး..."
"မောင်....မောင်ရယ်.."
ရှက်လည်းရှက် ဝမ်းလည်းနည်းကာ လှည့်ထွက်လာသည်။ ကိုယ်ကအသက်ထက်ချစ်ခဲ့တယ်...အလိုလိုက်ခဲ့တယ်...ခုတော့ နောက်တစ်ယောက်ကိုမှ တကယ်ချစ်ပါတယ်တဲ့...ဘယ်လိုမှကို မခံစားနိုင်ကာ...ပြန်လှည့်ထွက်ခဲ့ရသည်။"အော်...ဝမ်ရိပေါ်..."
လျှပ်စီးလျက်သလို လင်းခနဲဖြစ်သွားသော မျှော်လင့်ချက်လေးက ချစ်ရသူ၏ ခေါ်သံလေးကြားလိုက်ချိန်တွင်..."ဟင်...အင်း မောင်."
"နောက်ကို ကျွန်တော်နဲ့ ဘယ်လိုပက်သက်မှုမျိုးမှ လာမလုပ်ပါနဲ့...ပြီးတော့ ကျွန်တော့်ရှေ့လည်း ပေါ်မလာနဲ့...မမြင်ချင်ဘူး"
"ဟင်...ဟင့်"
ဘာစကားမှ မဆိုနိုင်စွာ...လှည့်ထွက်လာခဲ့သည်။
"အင့်...ဟင့်...တောင်းပန်ပါတယ်...ကျွန်တော်မမြင်လိုက်လို့ပါ..."
YOU ARE READING
💖 Gabar Oo's One Short Collection 💖
FanfictionOne Short လေးတွေကို Collection လုပ်ပြီးတင်ပေးပါမယ်ဗျာ... အကြောင်းအမျိုးမျိုးကြောင့် FB သုံးမရရင်လည်း ဖတ်လို့ရအောင်ပါ Love You all, My Readers ❤💚 One Short လေးတွေကို Collection လုပ်ပြီးတင်ပေးပါမယ်ဗျာ... အကြောင်းအမျိုးမျိုးကြောင့် FB သုံးမရရင်လည်း ဖ...