Part-5

476 51 4
                                    

Jong inဒီနေ့တော့ ငယ်ရဲ့ အိမ်သစ်တက်ပွဲကို သွားရမယ်။
မနေ့က သူလာလို့ရမလားမေးတော့ အူကြောင်ကြောင်လေးနဲ့ သူ့ကိုကြည့်ပြီးမှ ခေါင်းငြိမ့်ပြသည်။

တီးတောင် တီးတောင်

Yumi လာပြီထင်တယ် 8 နာရီဘဲရှိသေးတယ် ဒီကောင်မလေးစောလိုက်တာ

တံခါးဖွင့်လိုက်တော့

" ကိုယ် ကို ကြည့်ဘဲကြည့်နေတော့မှာလား အထဲမဝင်ခိုင်းတော့ဘူးလား ... "

" ဗျာ !! မဟုတ်ပါဘူး ဝင်ပါ "

" ထိုင်ပါဦး သူဌေး အအေးသွားဖျော်လိုက်ဦးမယ် "

" ရတယ် မလိုပါဘူး ...ကိုယ်ဘာကူညီပေးရမလဲ "

" ဟိုမလိုပါဘူး "

ရပါတယ်လို့ ပြောလည်းမရ Hyung တို့လာရင် အတူစားလို့ရအောင် ဧည့်ခန်းမှာ ထားဖို့ ခုံယူတော့လည်း သူဘဲယူပေး လုပ်ပေး ပစ္စည်းတွေတင်ပေးနဲ့
အကုန်လုံးသူဘဲလုပ်သွားသည်။
ဒါနဲ့ သူဌေးက သူ့အိမ်ဘယ်လို သိတာပါလိမ့်? ( ကျွန်မ ပြောပြလိုက်တာရှင့် 😁 )

တီးတောင် တီးတောင်

" ကိုယ်သွားဖွင့်လိုက်မယ် ပြင်ဆင်စရာရှိတာ ပြင်ဆင်လိုက် "

ဒီနေ့ သူဌေး ဘယ်လိုဖြစ်နေတာပါလိမ့် ?
တစ်ကိုယ် တည်း ကိုယ်နေတာ

" Oppa ရေ ... "

အမလေး အညိုဆင်လေးတော့  Oppa ဆီဘယ်လိုရောက်နေတာပါလိမ့် Oppa အိမ်မဟုတ်ဘူးလား
နံပါတ်လည်း မှန်ပါတယ်

" ဟိတ် ... ဝင် လေ "

" Yumi ဝင်လေ ဘာလုပ်နေတာလဲ "

ဘယ်သူလဲလို့သွားကြည့်တော့မှ Yumi ဖြစ်နေသည်။
တံခါးရှေ့မှာလည်း အကြာကြီးရပ်နေတာ ဝင်ဆိုလည်းမဝင် လက်ဆွဲပြီး
ဆိုဖာပေါ်ထိုင်ခိုင်းထားရသည်။ ထိုင်ခိုင်းထားတော့လည်း စကားတစ်ခွန်းမှ မပြော ။

"  သူက Sehun ညီမ မလား "

စားစရာတွေလုပ်နေတုန်း အသံကြားလို့ ကြည့်လိုက်တော့ သူဌေးက ဘေးနားကပ်ပြီးပြောနေတာ

" ဗျာ.  ဟုတ် "

" Yumi  .... ဟဲ့ Yumi "

" အင်းး Oppa ပြော "

𝙿𝙷𝙸𝙻𝙴 ( 𝚂 - 𝟷 ) ( Completed )Where stories live. Discover now