Part - 6

472 54 12
                                    

"သူဌေး ဒါ ဘယ်နေရာလဲ "

" ကားပေါ်က အရင်ဆင်းဦး "

" ဟုတ် "

လူကို အတင်းခေါ်လာတာ စားသောက်ဆိုင်ကိုလား Company မှာ စားလည်းရတာကို ခုဆိုင်က ဈေးကြီးမယ့်ပုံဘဲ ....

ဆိုင်ထဲ ဝင်တော့လည်း လက်ကိုမလွှတ်ပေးဘူး။
ဝင်တဲ့ တစ်လျှောက်လည်း လူတွေကြည့်နေတာ သူဌေးက မရှက်ဘူးလားမသိ။
Jongin အနောက်က ငယ့်ကိုကြည့်မိတော့ ရှက်လို့ထင်တယ် ခေါင်းကို မဖော်တော့တာ ။

" ထိုင်လေ "

" ဟုတ် "

Menu ကို ကြည့်မိတော့ ဘုရားရေ တစ်ပွဲကို ဝမ် 10000 ဈေးကြီးလိုက်တာ ... သူဌေး ကိုကြည့်လိုက်တော့ အေးအေးဆေးဆေး ရွေးနေတာ ... သူတော့မရွေးနိုင်ဘူး 
Menu လေးကို ပြန်ချပြီး ရေကိုယူသောက်လိုက်မိတယ်။

ရေလည်း ပိုက်ဆံပေးရမလားမသိ။

" စားတော့လေ Sehun ... ကိုယ်ရှင်းမှာပါ .... "

အဲ့တော့မှ Sehun လည်း  စိတ်အေးအေးနဲ့စားနိုင်သည်။

" စားပြီးရင် .... ဟန်မြစ်သွားမယ် "

ဟန်မြစ် နားရောက်တော့ အတွဲတွေ ကြီးဘဲ ။
သူလည်း သူဌေးနဲ့ နှစ်ယောက်တည်း ဆိုတော့ ... အား .... Oh Sehun စိတ်ထိန်းစမ်း ... မင်းက ယောက်ျားလေးနော်

Sehun လည်း ခေါင်းကို ထုကာ ကိုယ့်ကို ကို ပြန်ပြောနေရသည်။

" ဘာလို့ ထုနေတာလည်း ...ကြည့်စမ်း လက်တွေ အေးနေပြီ "

သူဌေးက ... လက်ကို အာငွေ့ပေးနေတာ ပြီးတော့လည်း
သူ့အိတ်ကပ်ထဲ ထည့်ထားပေးနေတာ ....
သူဌေး ဒီနေ့ ဘာဖြစ်နေတာလဲ ??

Sehun က လက်ပြန်ထုတ်တော့လည်း လွှတ်မပေးပါ။
ဟန်မြစ်နားမှာ လေ လေး တဖြူးဖြူးနဲ့ ထိုင်နေရင်း သူဌေးက စကားပြောလာသည်။

" Sehun  ..... "

" ဗျာ ..... "

" ကိုယ် ပြော တာ သေချာ နားထောင်နော် "

" ဟုတ် "

" ကိုယ် မင်းကို .. ချစ်တယ် "

" ဗျာ !!!!! "

ထိုအချိန် လေများလည်း  ငြိမ်သက်ကာ ဟန်မြစ်ကရေများလည်း ငြိမ်သက်ကာ တိတ်ဆိတ်သွားသည်။
ဟန်တံတားက မီးအလှလေးများမှာလည်း အချိန်ကိုက်လင်းလာကြသည်။

𝙿𝙷𝙸𝙻𝙴 ( 𝚂 - 𝟷 ) ( Completed )Where stories live. Discover now