Part - 12

424 48 6
                                    

ညနေက အစောကြီး အိပ်ပျော်သွားတာမို့ ညဘက်မှာ ပြန်နိုးလာသည်။ အိပ်တုန်းက ငယ့်ကို ဖက်ပြီးအိပ်ထားသော်လည်း အခုငယ်က တစ်ခြားတစ်ဖက်မှာ အိပ်နေသည်။

တစ်ခြားတစ်ဖက်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ ငယ့်ပုံစံက ချစ်ဖို့ကောင်းသည်။ အိမ်မက်လှလှ မက်နေတယ်ထင်တယ် နှူတ်ခမ်းလေးကိုပြုံးနေ၏။ဘေးနားလေးကို ကပ်ပြီး ချယ်ရီသီး နှု့တ်ခမ်းလေးကို ငယ်မသိအောင် စားသုံးလိုက်သည်။

နမ်းနေရင်း ငယ်ကနိုးကလာတာကြောင့် စောင်အမြန်ပြန်ခြုံရသည်။

နမ်းနေရင်း ငယ်ကနိုးကလာတာကြောင့် စောင်အမြန်ပြန်ခြုံရသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

" လူဆိုးကြီး ....သူများအိပ်နေတာကို လာခိုးနမ်းနေတယ်
ခုကြည့်စမ်း သူမဟုတ်သလိုနဲ့ စောင်ခြုံပြီးအိပ်နေတယ် "

" ဟီး ..ငယ်ကနိုးနေတာကို မနိုးချင်ယောင်ဆောင်နေတာမလား "

" တော်ပြီ ဗိုက်ဆာတယ် ခေါက်ဆွဲသွားပြုတ်မယ် ကိုကို စားမှာမလား "

" အင်း စားမယ် "

ခေါက်ဆွဲသွားပြုတ်ဖို့ မီးဖိုချောင်သွားနေတဲ့ တစ်လျှောက်လုံးလည်း
နောက်ကနေဖက်ပြီး လ်ုက်လာတယ်။ သေချာကို မပြင်ရဘူး။

" ကိုကို ဘယ်လို ဖြစ်နေတာလဲ သွား ခုံမှာထိုင်နေ "

ပြောလည်းအပိုဘဲ ခေါက်ဆွဲပြုတ်နေတုန်း အပူလောင်မှာဆိုးလို့ ဂရုတစိုက် လုပ်နေရသည်။ သို့သော်လည်း ကိုကိုက နောက်ကနေ လည်ပင်းကို နမ်းလိုက် ပခုံးပေါ်ခေါင်းတင်လိုက်နှင့် အလုပ်ရှုပ်နေသည်။

" ဖယ်တော့ ခေါက်ဆွဲရပြီ "

"ဖယ်ဘူး ... ဒီတိုင်းသွားမယ် "

" တကယ်ဘဲ ဘယ်လိုဖြစ်နေတာလဲ ကိုကိုရယ် "

စားပွဲခုံမှာ ခေါက်ဆွဲပြုတ်အိုး ချပြီး ထိုင်ဖို့ လုပ်တော့လည်း လူကို မလွှတ်ပေးပါ။ သူက အရင်ထိုင်ပြီး ကိုယ့်ကို သူ့ပေါ်ထိုင်ခိုင်းထားတယ်။

𝙿𝙷𝙸𝙻𝙴 ( 𝚂 - 𝟷 ) ( Completed )Where stories live. Discover now