Part - 20

356 49 0
                                    

" Hun ငယ်လေး~~~ Hun ငယ်လေး ~~..... "

တစ်ယောက်ယောက်က သူ့ကိုခေါ်နေတယ်။အဲ့အသံကိုလည်းရင်းနှီးနေတယ်။

Appaလား ဟင် !
ရှာကြည့်ချင်ပေမယ့်လည်း အရာအားလုံး မည်းမှောင်နေသည်။
အဆုံးမရှိ နတ္ထိ ဖြစ်လို့နေကာ သူပြေးရှာသော်လည်း အသံပိုင်ရှင်ကိုရှာမတွေ့ပါ။

" Hun ငယ်လေး ~~Hun ငယ်လေး ~~လာပါဦး Appa ဆီ "

အမှောင်ထဲမှအလင်းရောင်လေး မြင်လိုက်ရသည့်နှယ် အသံကြားလိုက်ရသောကြောင့်ထပ်ရှာမိသည်။
မည်သို့ပင်ရှာစေကာမူ အသံသာလျှင်ကြားရပြီး လူကိုရှာမတွေ့သောကြောင့်ထိုင်ချရင်း ဒူးနှစ်ဖက်ထောင်ကာ ခေါင်းငိုက်စိုက်ကျမိသည်။

" Hun ငယ်လေး ဒီမှာ ဘာထိုင်လုပ်နေတာလဲ လာလေ Appa နဲ့ ကစားကွင်းသွားမယ်ဆို လာ Appa လိုက်ပို့ပေးမယ် "

Appa က သူ့လက်လေးကို ဆွဲကိုင်ကာ ခေါ်သွားသည်။
Appa လက်လေးကို သူ့လက်နှစ်ဖက်နဲ့ ပြန်ကိုင်မိတော့ Appa က သူ့ကိုပြူုံးပြကာ အရှေ့သို့ပြန်လှည့်သွားသည်။

သူအခုကစားကွင်းသို့ရောက်နေသည်။ Appa ကသူနဲ့အတူ ကစားပေးသည်။ မုန့်စားကြသည်။ တစ်ခုဘဲ Ommaနဲ့ Yumi တို့မပါဘဲ ကစားရတော့ သူတို့ကိုလွမ်းလာသည်။

Appa ကပြောသည် " Hun ငယ်လေးနဲ့ အတူတူ နှစ်ယောက်တည်း အချိန်ဖြုန်းလို့ရအောင်  " တဲ့ .....

ထိုင်ခုံတန်းလျားလေးမှာ ထိုင်ရင်းအမောဖြေမိကြသည်။ ကစားတဲ့ တစ်လျှောက်လုံး Appa ကလည်း သူ့လက်နဲ့ Sehun လက်လေးကို မြဲမြံစွာ ဆုပ်ကိုင်ထားသလို သူလည်း လက်မလွှတ်မိပါ။

" Hun ငယ်လေး ... Appa ပြောတာနားထောင်နော်
အတိတ်ကို အတိတ်မှာဘဲထား ... ပစ္စုပ္ပန်ထိ သယ်မသွားနဲ့ ...ရှေ့ဆက်လျှောက်လှမ်းရမယ့်ခရီးက တိုတောင်းတယ်လို့ပြောကြပေမယ့် တကယ်က ခရီးအရှည်ကြီး... Hun ငယ်လေးရဲ့ ခရီးမှာ Appa ကမရှိတော့ပေမယ့် ... Hun ငယ်လေးနဲ့အတူ လျှာကလှမ်းပေးမယ့်သူ Hun ငယ်လေးကို ဂရုစိုက် ပေးမယ့်သူ ရှိနေပြီလေ ...  "

𝙿𝙷𝙸𝙻𝙴 ( 𝚂 - 𝟷 ) ( Completed )Where stories live. Discover now