Part - 9

420 53 7
                                    

အခုဆို သူဌေး အာ ကိုကို နဲ့ ချစ်သူဖြစ်နေတာလည်း
တစ်လတောင်ရှိသွားပြီ။
(ဟီး  ကျော်လ်ုက်ပြီနော် 😁😁 ) 

အစကတော့ သူဌေးလို့ဘဲ ခေါ်နေမိပေမယ့် သူဌေးလို့ တစ်ခါခေါ်တိုင်း လာလာနမ်းနေတဲ့ လူဆိုးကြောင့် ကိုကိုလို့သာ ခေါ်ရသည်။ ကိုကို လို့ခေါ်လည်း နမ်းစဲ ပါဘဲ။

ကိုကိုက အရမ်းဂရုစိုက်တယ်။ကိုယ်ကသာ ကိုကို က သူ့ကို ချစ်နေတာကြာပြီ ဖြစ်ကြောင်း ခုမှသိတာ ။ Suho hyung တို့ဆို သိတာ ကြာပြီတဲ့ ဒီလောက် Company မှာ မင်းတစ်ယောက်တည်းကိုဘဲ ကွက်ပြီး ဂရုစိုက်နေတာ သိသာနေတာကို မင်းမသိဘူးလားတဲ့။
ကိုယ်မှ မသိဘဲ ။

ဒီနေ့လည်း ချစ်သူဖြစ်တာ တစ်လပြည့်မို့ ကိုကိုက သူကိုယ်တိုင် ဟင်းချက်ကျွေးမယ်ဆိုပြီး မနက်တည်းက ရောက်နေကာ ချက်ပြုတ်နေသည်။

Sehun ကတော့ရေချိုး ရင်း စဉ်းစားခန်း ဖွင့်နေသည်။

" ငယ် ရေ ထွက်လာတော့ ရေချိုးတာ ကြာနေပြီ "

" ဟုတ်ပြီးပြီ ကိုကို "

ရေချိုးပြီ ထွက်လာတော့ ကိုကိုက တစ်ပတ်လေးကိုင်ပြီး စောင့်နေသည်။

"  ကြာလိုက်တာ ငယ်ရယ် လာ ထိုင် ကိုယ် ခေါင်းသုတ်ပေးမယ် "

Sehun ပြုံးပြလိုက်ပြီး အေးဆေး ခေါင်းသုတ် တာကို ငြိမ်နေမိသည်။

" ရပြီ...အင်္ကျီ လဲပြီးထွက်လာတော့ အကုန်ပြင်ထားပြီးပြီ "

" ဟုတ် "

အင်္ကျီလဲပြီးထွက်လာတော့ မီးဖိုချောင် ဝင်လိုက်မိသည်။
စားပွဲပေါ်မှာ တင်ထားတာတွေက ကိုယ့်အကြိုက်တွေဘဲပင်။

ကိုကိုက ခုံဆွဲပေးတာမို့ ထိုင်လိုက်သည်။
တကယ်ပါ ကိုကိုက သူ့ရဲ့ တစ်ဦးတည်းသော Chef လေး။

" အများကြီးဘဲ ကိုကိုကလည်း ပင်ပန်းတာပေါ့ "

" မပင်ပန်းပါဘူး ...ငယ့်ကို လက်စွမ်းပြချင်လို့ ကြိုးစားထားတာတွေလေ "

" ကိုကို ကအရမ်းတော်တာဘဲ....ဟီး ... "

လက်မ လေးထောင်ပြပြီး အားရပါးရစားနေတဲ့ ငယ်ကို ကြည့်ပြီးJong in ပျော်ရပါသည်။ ဒီကောင်လေးကို တန်ဖိုးထားလွန်းလို့ ချစ်တယ်လို့ မပြောဘဲ တစိမ့်စိမ့် ကြည့်နေမိသော်လည်း။

𝙿𝙷𝙸𝙻𝙴 ( 𝚂 - 𝟷 ) ( Completed )Where stories live. Discover now