Part - 21

356 43 2
                                    

ရေချိုးဖို့ အိမ်ကိုပြန်လာတော့ Appaက ငယ့် အကြောင်းမေးလာတာမို့ ပြန်ဖြေနေရသည်။ ခဏကြာတော့ ရေချိုးဖို့ အင်္ကျီထုတ် မှန်ထဲကြည့်မိတော့ နှုတ်ခမ်းမွှေးရေးရေးလေးတောင် ပေါက်နေပြီ။

ှုနှုတ်ခမ်းမွှေးကိုရိတ် ခေါင်းလျှော်ကာ နာရီဝက်လောက် ဇိမ်ခံရင်း ရေချိုးလိုက်သည်။

ဒေါက် ဒေါက် ဒေါက်

"  Jong in သား ရေချိုးပြီးရင် အောက်ဆင်းလာခဲ့ ထမင်းစားရအောင် "

" ဟုတ် Omma "

Jong in လည်း အင်္ကျီအမြန်ဝတ်ကာ အောက်ဆင်းလာပြီး ထမင်းစားခန်းသို့ ဝင်လိုက်သည်။

စားနေရင်းလည်း Omma ကသူ့ကိုသေချာ ထည့်ပေးသည်။ Appa ကတော့ စိတ်မပူဖို့ပြောသည်။

ထမင်းစားပြီး အပေါ်တက်လာတော့ အိပ်ယာပေါ်ခဏလှဲရင်း သူအိပ်ပျော်သွားသည်။

သူ့အိမ်မက်ထဲကို ငယ် အလည်လာသည်။ ငယ်ကသူ့ဘေးနားရပ်ကာူသူ့ ပါးလေးကိုကိုင်ရင်း

"  ကြည့်ပါဦး ငယ့်ကိုကိုက ပိန်သွားလိုက်တာ ငယ့်ကိုဘဲ ဂရုစိုက်မနေနဲ့ ကိုယ့်ကိုကိုယ်လည်း ဂရုစိုက်ပါဦး "

"  အင်းပါငယ်ရဲ့ ငယ် ပြန်လာတော့နော် ကိုကို လွမ်းနေပြီ "

"  အင်းပါ ကိုကိုရဲ့ ငယ် ပြန်လာခဲ့မယ် စောင့်နေနော် "

ငယ်က သူ့ကို ပြုံးပြရင်း  တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

Jong in ရုတ်တရက် နိုးလာသည်။ အသက်ဝဝရှူကာ ဘေးနားကြည့်မိတော့ သူ့အခန်းထဲမှာဘဲ ရှိနေသေးသည်။

နာရီကို ကြည့်မိတော့ မနက် 7 နာရီတဲ့လေ သူတော်တော် အိပ်ပျော်မိသွားသည်။
အမြန်ထကာ ပြင်ဆင်ပြီး ဆေးရုံသို့သွားရမည်။

အောက်ဆင်းလာတော့ လှေကားနားမှာ Omma နဲ့ ဆုံလေသည်။

" အခုဘဲ Omma က လာနှိုးတော့မလို့ "

" သား ဆေးရုံသွားတော့မယ် Omma "

" မနက်စာရော မစားတော့ဘူးလား "

"  မစားတော့ဘူး Omma "

" ဒါဆို ခဏလေး မုန့်နဲ့ တခြားပစ္စည်းလေးတွေထည့်ပေးလိုက်မယ် Sehun လေး Omma အတွက်နဲ့ သားအတွက်ပါ။ "

𝙿𝙷𝙸𝙻𝙴 ( 𝚂 - 𝟷 ) ( Completed )Where stories live. Discover now