Part - 16

331 47 5
                                    

~~~Ting Tong ~~~

" မင်္ဂလာပါခင်ဗျ "

" အော် သူဌေးလေး လာ "

ငယ့်အမေက အိမ်ထဲဝင်ခိုင်းပြီး ဆိုဖာပေါ်ထိုင်ခိုင်းတာမို့ ငြိမ်ငြိမ်လေးသာထိုင်လိုက်သည်။

မနက်အစောကြီး Yumi ဆီကအိမ်ကိုလာခဲ့ဦးလို့ ph ဆက်လာသည်။အကြောင်းအရင်းကို မေးကြည့်တော့ ငယ့် ဒေါ်လေးကတွေ့ချင်တယ်ဆိုတာကြောင့် အင်္ကျီကိုသပ်သပ်ရပ်ရပ်ဝတ်ကာ လာလိုက်သည်။

Appa ကလည်း အေးဆေးသွား Company အတွက်စိတ်မပူနဲ့ မင်းယောက္ခမတို့ကိုသာ အမြင်ကြည်အောင် လုပ်လာခဲ့လို့ပြောတာကြောင့် Appa ကိုကျေးဇူးတင်မိသွားသည်။
ငယ့် Ommaဖျော်လာတဲ့ Coffee ကိုသောက်နေရင်း မျက်လုံးကစားမိသည်။

" သားက မရှိဘူး ... Yumi လေးနဲ့ အပြင်ခဏထွက်သွားတယ် "

" ဟုတ်ကဲ့ "

ခဏနေတော့ ငယ်လည်းရောက်လာသည်။ငယ့်အဒေါ်လည်း အခန်းထဲက ထွက်လာသည်။
အနေအထားက မနေ့ကထက်တောင်ပိုအေးစက်လာသည်။

" ဒေါ်လေး .. ကို ... သူဌေးကို ဘာလုပ်ဖို့ခေါ်ထားတာလဲဟင် !? "

" Hun ငယ်လေး ဒေါ်လေးမေးမယ် သေချာဖြေနော် "

" ဟုတ် "

" Hun ငယ်လေး အခန်းထဲမှာ သွားပွတ်တံ နှစ်ချောင်းတွေ့တယ် "

( ဝါး Omma ကစုံစမ်းရေးတော်လိုက်တာ )- Yumi

" အဲ့တာကလေ "

" ဒေါ်လေးပြောလို့ မပြီးသေးဘူး... "

Sehun လည်းခေါင်းငြိမ့်နေလိုက်သည်။

" Hun ငယ်လေးအခန်းထဲမှာ အဝတ်တွေ အများကြီးဘဲ
Hun ငယ်လေးသိပ်မဝတ်တဲ့ ပုံစံတွေ ပြီးတော့ ရေမွှေးရောဘဲ
Hun ငယ်လေးက အနံ့သင်းသင်းဘဲ ကြိုက်တာမလား
အခု ခုံပေါ်မှာ ရေမွှေးနံ့က တစ်ပုလင်းက အနံ့သင်းပြီး တစ်ပုလင်းက အနံ့ပြင်းတယ် "

( အမလေး ဘယ်တုန်းကတည်းက ဒါတွေလိုက်ကြည့်ထားတာပါလိမ့် !? Omma ကိုတော့ တကယ်လက်လန်တယ် )- Yumi

Sehun Omma ကတော့ အဒေါ်ဖြစ်သူရဲ့စကားကြောင့်သူ့သားမျက်နှာ တဖြည်းဖြည်း ဇီးရွက်လောက်ဘဲ ရှိတော့တာမို့ ရီချင်ပေမယ့်လည်း မရီမိအောင်ထိန်းလိုက်သည်။

𝙿𝙷𝙸𝙻𝙴 ( 𝚂 - 𝟷 ) ( Completed )Where stories live. Discover now