(အောက်တွင် Zawgyiဖြင့်ဖတ်ရန်)
Unicode
'ပန်းပြန်ပွင့်လာပြီတဲ့...'
'ပန်းကအရောင်တွေပြန်လက်နေပြီတဲ့'
'ရှာကြစမ်း...မင်မင်းသမီး အသက်ရှင်ေနသေးတယ်'
'ဟိုးဘက် တောတွေထဲထိ ဆင်းရှာစမ်း...ငါတို့ မတွေ့ရင် အပြစ်ပေးခံရလိမ့်မယ်...'
'ပန်းပွင့်တယ်ဆိုတော့ မင်းသမီး တကယ်အသက်ရှင်နေတာဘဲ မင်းသမီး မသေသေးဘူး မြန်မြန်ရှာကြစမ်း''ဟဲ့ကောင်...ထစမ်း စာသင်နေတဲ့အချိန်မှာ လာအိပ်နေသေးတယ် မင်းမနေ့ညက ကင်းစောင့်နေရလို့လား..'
'လန့်လိုက်တာကွာ မင်းကလည်း ဆရာမမှတ်နေတာ'
'ဆရာမက မင်းကိုကြည့်နေလို့ ငါနှိုးလိုက်တာဟ'
'ငါေလ ထူးဆန်းတဲ့အိပ်မက်မက်တယ်'
'ဆရာမက ရှေ့ကနေ သမိုင်းကြောင်းပြောပြနေတာကို မင်းက အိပ်ပြီး အိပ်မက်တောင်မက်လိုက်သေးတယ်ဟုတ်လား အေး မင်းတော့ မနက်ဖြန်သွားပြီဘဲ'
'မနက်ဖြန်က ဘာလို့လဲ'
'ဟိုနှစ်ယောက် စကားပြောချင်ရင် အပြင်ထွက်ကြ စာသင်နေတာ အနှောက်အယှက်ဖြစ်တယ်'
ကျွန်တော်နဲ့ ၀မ်ချီ နှစ်ယောက်လုံး ဆရာမရဲ့အော်သံကြောင့် ခေါင်းငုံ့ကာ သင်နေသော စာကိုသာအာရုံပြန်စိုက်ထားလိုက်တော့သည်။'ရှောင်းယွမ် အဲ့ဒါမင်းကြောင့်'
'တိုးတိုးနေစမ်းကွာ ထပ်ဆူခံနေရလိမ့်မယ်'
'အဲ့ဒီစစ်သူကြီးက အခုထိအဲ့ဒီ ပန်းကို စောင့်နေဆဲဘဲ မနက်ဖြန်ဆိုရင် သူအဲ့ဒီနေရာမှာ ကျိန်စာမိခဲ့တာ အနှစ်၅၀၀ ပြည့်တဲ့နေ့လေ အဲ့ဒါကြောင့် ဆရာမတို့ လေ့လာရေးခရီးကို အဲ့နေရာကို သွားဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ် သားတို့သမီးတို့ရော သွားချင်ကြရဲ့လား'
*ကလင် ကလင် ကလင်*
'သွားချင်ပါတယ်'
'ဒါဆို မနက်ဖြန် မနက်၈နာရီမှာကျောင်းကိုအရောက်လာခဲ့ကြနော်'
'ဟုတ်ကဲ့ပါဆရာမ'ရှေ့ဆုံးတန်းနှင့် ဒုတိယတန်းမှ ကောင်မလေးများ၏ အော်သံနှင့် ကျောင်းဆင်းဘဲလ်တီးသံတို့ ရောထွေးကာ ကျွန်တော်တို့၏ နေ့လည်စာစားချိန်သို့ရောက်ခဲ့သည်။
ထို့နောက်ကျွန်တော်နှင့်၀မ်ချီ ထမင်းစားသည့် canteenသို့လမ်းလျှောက်လာခဲ့ကြသည်။'၀မ်ချီ မနက်ဖြန်ကဘယ်ကိုသွားရမှာတဲ့လဲ'
'မင်းကသေနေတာကို ဘယ်ကြားမလဲ'
'ဘယ်သွားရရကွာ ငါမလာချင်ဘူး အားလပ်ရက်ကြီးကို တစ်နေကုန်ဂိမ်းဆော့မလို့ ဆုံးဖြတ်ထားပြီးသားဟ'
'မင်းမလာလို့မရဘူး ဆရာမက စာရင်းအတိအကျကောက်ပြီး final examအတွက် 10မှတ် autoပေးမှာတဲ့ကွ'
'ဟာ ဘာလို့လဲကွ ဘယ်နေရာမို့လို့ အဲ့လောက်ထိ လုပ်နေရတာလဲဆရာမက'
'မင်းမသိလို့ ငါတို့အခုသွားရမဲ့နေရာရဲ့ သမိုင်းကြောင်းက တော်တော်ထူးဆန်းတာ မင်းသိချင်လား ငါပြောပြမယ်လေ'
'တော်ပါပြီကွာ မသိချင်ပါဘူး မနက်ဖြန်လိုက်ရင်ရပြီမလား ဘာမှတော့လုပ်စရာမလိုပါဘူးနော်'
'မပြောတတ်ဘူး assignmentတော့ထပ်ရမယ်ထင်တာဘဲ'
'သေရောကွာ'
ကျွန်တော်တို့ နေ့လည်စာစားပြီး ညနေတစ်ချိန်ပြီးသည်နှင့် အတန်းနားရသောကြောင့် အိမ်သို့သာပြန်လာခဲ့လိုက်တော့သည်။
YOU ARE READING
ʙᴏʀɴ ᴡɪᴛʜ ғʟᴏᴡᴇʀ
Teen Fictionကိုယ်မင်းနဲ့ဆုံစည်းနိုင်ဖို့ အနှစ်၅၀၀စောင့်ခဲ့ရတယ် ဒီထက်လည်းစောင့်ဆို စောင့်နိုင်တယ် ကမ္ဘာကြီးမတည်တော့တဲ့အထိ ကိုယ်စောင့်နေနိုင်တယ်#စစ်မင်ကျွင်း ဟုတ်တယ် ဒီပန်းလေးကဘဲ ကျွန်တော်တို့နှစ်ယောက်ကို ပြန်ဆုံစည်းစေခဲ့တာ#လင်ရှောင်းယွမ် own creationလေးပါ တရုတ်...