(အောက်တွင် Zawgyi codeဖြင့်ဖတ်ပါ)
Unicode
လမ်းမီးတိုင်၏ မီးရောင်မှိန်ပျပျအောက်တွင် ကျောင်းbusကားနှစ်စီးသည် ဖြေးညှင်းစွာ မောင်းနှင်နေလျက်....
အေးစိမ့်သောလေပြေနှင့်အတူ ဝေခွဲရခက်သော အတွေးပေါင်းစုံတို့က သူ့ကိုရိုက်ခတ်နေလျက်...
ပုခုံးထက်တွင်ငြင်သာစွာမှီလျက် အိပ်စက်နေသော သူမကိုကြည့်ရတာအပူအပန်ပျောက်ဆုံးနေသလို...
ကျွန်တော့်ရဲ့အနွေးထည်ကိုခြုံပြီး တိတ်ဆိတ်စွာလိုက်လာသော သူမကိုကြည့်၍ ကျွန်တော်တိုးညှင်းစွာ ရေရွတ်မိသည်
"ဖြစ်နိုင်ရဲ့လား"~~~~~~
'မိန့် ထတော့ အိမ်ပြန်ကြရအောင်'
'မိန့် ထတော့လို့"
'အင်းးး ကျောပိုးသွား'
'ဟာ မိန့်ထစမ်း နင်ကလေးလား'
'အဲ့ဒါဆိုလည်းမလိုက်တော့ဘူး ဒီမှာဘဲအိပ်လိုက်တော့မယ်'
မျက်လုံးပင်မဖွင့်ဘဲ ပါးစပ်ကနေသာ ပြန်ပြောနေသော မိန့်က ဟိုဘက်ကိုလှည့်ကာ ပြန်အိပ်နေလေပြီ။
'ပြောမရရင်လည်း နေခဲ့တော့'
ကျွန်တော်ပြောလိုက်သော်လည်း တုတ်တုတ်မျှပင်မလှုပ်။ ထို့ကြောင့် ၂မိနစ်ကြီးသော ကျွန်တော်က သူမကို ကျောပိုး၍ အိမ်ပြန်ရန် အကြောင်းဖန်လာတော့သည်။
'လာ တက်'
သူမထိုင်နေသော ထိုင်ခုံကိုကျောပေးလျက် ဒူးထောက်လိုက်ကာ သူမကို ကျောပေါ်သို့တက်ခိုင်းလိုက်သည်။ အရပ်၅ပေ၁လက်မသာရှိသော သူမကိုကျွန်တော် အလွယ်တကူ ကျောပိုးနိုင်သည်။ လွယ်အိတ်ကို ရှေ့တွင်လွယ်ထားပြီး သူမအိတ်ကို လည်ပင်းတွင် စွပ်ထားလိုက်သည်။
'နင်တော်တော် အလုပ်ရှုပ်တာဘဲ'
'ဟင်းးး'
'အော် နင်ကသက်ပြင်းတောင်ချနိုင်သေးတယ်'
ကျွန်တော်မျက်နှာကို ဘေးဘက်လှည့်၍ မျက်လုံးပင့်ကြည့်လိုက်သောအခါ သူမရဲ့ မဟာနဖူးပြင်ဖွေးဖွေးလေးကိုသာ လှမ်းမြင်ရသည်။
'မိန့် နင်မပြောင်းလဲသွားနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာဘဲဖြစ်ခဲ့ဖြစ်ခဲ့ ငါနင့်ဘက်မှာအမြဲရှိနေတယ်နော်'ည၈နာရီသာရှိသေးသောကြောင့် လမ်းမပေါ်တွင် ကားအသွားအလာများ အလုပ်ဆင်းသူများနှင့် ရှုတ်ရှပ်ခတ်နေသည်။ လမ်းတစ်ဖက်ရှိ mini martတစ်ခုတွင် ကျောင်းသားတစ်စုသည် အချင်းချင်းစနောက်လျှက် မုန့်၀ယ်စားနေကြသည်ကိုတွေ့သောအခါ တစ်ချိန်က ကျွန်တော့်ရဲ့အမှတ်တရဆိုးကြီးကို ပြန်အမှတ်ရစေလာသည်။
'ရှောင်ကော'
ကျွန်တော်အသံကြားသောကြောင့် နောက်လှည့်ကြည့်လိုက်သောအခါ ကျွန်တော့်စက်ဘီးကို တွန်း၍ ကျွန်တော့်ဆီကိုလာနေသော မိန့်သူငယ်ချင်းကိုတွေ့လိုက်သည်။
'ဒါဘယ်သူ့စက်ဘီးလဲ မသိဘူးနော်'
'ဟာ အခုမှသတိရတယ် အိမ်ပြန်ဖို့ကိုလောပြီးတော့ မေ့သွားတယ်'
'ထင်ပါတယ် အားယွမ်က ကျောင်းကားပေါ်မှာကတည်းက အိပ်ပျော်နေတာကို မေ့တော့မှာပေါ့'
'ဟုတ်တယ် သူ့ကိုအိမ်ပြန်ပို့ဖို့ဘဲ လောနေလို့ ဒါနဲ့ ကျေးဇူးနော် အစ်ကို့စက်ဘီးကိုယူလာပေးလို့'
'ရပါတယ်'
'အစ်ကိုဘဲ တွန်းသွားလိုက်တော့မယ် အားရီကိုအိမ်ပြန်ပို့ပေးရဦးမလား'
'ညီမဘဲ လိုက်ပို့ပေးတော့မယ် အားယွမ်ကိုလည်း ကျောပိုးထားရသေးတာကို ဘယ်လိုတွန်းသွားမှာလဲ'
'ဟာအားနာစရာကြီး ဒီကောင်မလေးကတော့ အိပ်ဖို့ဘဲ ကောဘယ်လိုလုပ်နေရလဲဆိုတာကျ မသိဘူး အိမ်ရောက်မှ ဆူရဦးမယ်'
'မဆူပါနဲ့ရှောင်ကောကလည်း လာသွားရအောင်'
'အင်း'
ကျွန်တော်နှင့် ဘေးချင်းကပ်လျှောက်ကာ စက်ဘီးကိုတွန်း၍လိုက်လာသော စူးရီကိုကြည့်ရတာ အေးချမ်းလွန်းလှသည်။ အားယွမ်နှင့်မတူ ရင့်ကျက်၍ မိန်းကလေးနှင့်တူသည်။
'အားယွမ်က အရမ်းကံကောင်းတာဘဲနော်'
'ဘာလို့လဲ'
'ဒီလိုသူဘယ်လောက်ဆိုးဆိုး သူ့အပေါ်ကောင်းပေးတဲ့ အစ်ကိုတစ်ယောက်ရှိနေလို့လေ'
'အစ်ကိုကအဲ့လောက်ထိမကောင်းပါဘူး သူကသာ အလိုလိုက်လွန်းလို့ဆိုးနေတာ'
'ညီမမှာလည်း အစ်ကို့လိုအစ်ကိုတစ်ယောက်ရှိရင်ကောင်းမှာဘဲ အားယွမ်ကိုတောင်မနာလိုဖြစ်လာပြီ'
'ဟားဟား အစ်ကို့ကို အစ်ကိုအရင်းလိုသဘောထားပါရပါတယ်အစ်ကိုလည်းအားရီကို မိန့်ကိုချစ်သလိုချစ်ပါတယ်ဗျာ'
'ကဲ ရောက်ပြီ'
'မားရေ မားး'
ခြံတံခါးပွင့်လာသည်နှင့် မားရဲ့အံ့ဩနေသော မျက်နှာကိုမြင်လိုက်ရသည်။
'အားယွမ်ကဘယ်လိုလုပ် သားရဲ့ကျောပေါ်ရောက်နေတာလဲ'
'မား သားနောက်မှသေချာရှင်းပြမယ် အခုတော့ စူးရီဆီက စက်ဘီးကိုယူပေးလို့ရမလား'
'အော် အေးအေး'
'ရတယ် အန်တီ သမီးအိမ်ထဲထိ သွင်းပေးခဲ့မယ်'
'ရပါတယ်ကွယ် ဒီထိလိုက်ပို့နေတာကိုအားနာစရာကောင်းနေပြီ ပေးပေး အန်တီဘဲသွင်းလိုက်တော့မယ်'
'အားရီ အိမ်ထဲ၀င်ဦးလေ'
'ရတယ် မ၀င်တော့ဘူး'
'ခန အိမ်ပြန်မှာမလား အစ်ကိုလိုက်ပို့ပေးမယ်'
'ရတယ် ညီမဘာသာပြန်လိုက်တော့မယ်'
'ခနဘဲစောင့် သူ့ကိုအိပ်ရာပေါ်ချပြီးတာနဲ့ လိုက်ပို့ပေးမယ်'
'အဲ့ဒါဆိုလည်း စောင့်နေလိုက်မယ်'
'ok'
အပေါ်ထပ်ရှိ မိန့်ရဲ့အခန်းထဲကို မြန်မြန်သွားပြီး အိပ်ရာပေါ်သို့ ပြစ်ချခဲ့၍ စောင်ခြုံပေးခဲ့လိုက်တော့သည်။
'မား သားစူးရီကို အိမ်ပြန်လိုက်ပို့လိုက်ဦးမယ်'
'အေးအေး စောစောပြန်ခဲ့နော်'
'ဟုတ်ကဲ့'
အနွေးထည်တစ်ထည်ကို အခန်းထဲမှဆွဲလာခဲ့ပြီး အောက်ထပ်သို့မြန်မြန်ပြေးသွားရသည်။
'ရောက်ပြီ သွားရအောင်'
'အဲ့လောက်ထိလောစရာမလိုပါဘူး ဖြေးဖြေးလုပ်လဲရပါတယ်'
'စောင့်ရတာကြာနေမှာစိုးလို့ပါ လာသွားရအောင် လမ်းလျှောက်ဘဲလိုက်ပို့တော့မယ်'
'ဟုတ်ကဲ့'

YOU ARE READING
ʙᴏʀɴ ᴡɪᴛʜ ғʟᴏᴡᴇʀ
Teen Fictionကိုယ်မင်းနဲ့ဆုံစည်းနိုင်ဖို့ အနှစ်၅၀၀စောင့်ခဲ့ရတယ် ဒီထက်လည်းစောင့်ဆို စောင့်နိုင်တယ် ကမ္ဘာကြီးမတည်တော့တဲ့အထိ ကိုယ်စောင့်နေနိုင်တယ်#စစ်မင်ကျွင်း ဟုတ်တယ် ဒီပန်းလေးကဘဲ ကျွန်တော်တို့နှစ်ယောက်ကို ပြန်ဆုံစည်းစေခဲ့တာ#လင်ရှောင်းယွမ် own creationလေးပါ တရုတ်...