ⓟⓐⓡⓣ 8

100 10 6
                                    

(အောက်တွင် Zawgyi codeဖြင့်ဖတ်ပါ)

Unicode

'ကိုယ်ပြောပြမယ် မင်းနေခဲ့တဲ့ ကမ္ဘာမှာ ပြောရမယ်ဆို ၂၁ရာစုမှာပေါ့ အဲ့မှာသာ မင်းလိုမျိုးဘဲ တခြားတစ်ယောက်ကအချိန်ပြောင်းပြီး ရောက်လာခဲ့မယ်ဆိုရင် မင်းကို သူ့အကြောင်းတွေ တောက်လျှောက်ပြောပြပြီး မင်းကို နားလည်အောင်လုပ်ယူမယ် ယုံကြည်ခိုင်းမယ်ဆို မင်းသူ့စကားကို ယုံနိုင်မလား'
'အဲ့လိုတော့ မညစ်နဲ့ဗျာ ကျွန်တော် အခု တကယ် အခက်အခဲတွေ့နေလို့ကို'
'ကိုယ် မင်းစကားကိုမယုံတာမဟုတ်ဘူး ယုံနိုင်ဖို့ ခဲယဉ်း‌နေတာ'
'ယုံတာမယုံတာတော့ ခင်ဗျားသဘောပါ ကျွန်တော်တော့ အိမ်ကိုရောက်အောင် ပြန်မှာဘဲ'
'ဘယ်လိုပြန်မှာလဲ'
'အဲ့ဒါ...အဲ့ဒါကတော့...နည်းလမ်းရှာကြည့်ရမှာပေါ့...ရှာဖွေလေလေ တွေ့ရှိလေလေဘဲမလား'
'........'
အတန်ကြာသည်အထိ ရုပ်တုဆီမှ စကားတစ်ခွန်းမျှ ထွက်္မလာပေ။ ကျွန်တော်လည်း သူနားလည်အောင် ကြိုးစားနေသည်ဟု အသိအမှတ်ပြုလိုက်ရင်း ကူညီပေးသည့်အနေဖြင့် ကျွန်တော် ကိုယ်တိုင်လည်း ဘေးမှ တိတ်ဆိတ်စွာ နေပေးလိုက်သည်။

'နေ့တောင်မခြားလိုက်ဘူး ခနလေးအတွင်းမှာကို ပြောင်းလဲသွားတဲ့ မင်းကို ကိုယ်တကယ်မယုံနိုင်ဘဲဖြစ်မိတယ်...မျက်နှာလဲမပြောင်းသွားဘူး ခန္ဓာကိုယ်လည်းမပြောင်းသွားဘူး ဒီတိုင်း မင်းကမင်းအတိုင်းလေးဘဲရှိနေတာကို ဘယ်အရာကများ မင်းနေရာမှာတခြားတစ်ယောက်ကို အစားထိုးလိုက်နိုင်တာလဲ'
‌တိုးညှင်းစွာဖြင့် ထွက်ပေါ်လာသော ရုပ်တု၏ အသံ တစ်ခွန်းစီက ကျွန်တော့်ကို ညှင်းပန်းနေသလို နားထဲသို့ တစ်လုံးစီ၀င်သွားလေသည်။ ဖြေးညှင်းစွာ သွားနေသော မြင်းနှင့် ရုပ်တု၏ စိတ်အခြေအနေက တစ်ထပ်တည်းကျနေသလို....

စိမ်းညို့ညို့တောင်တန်းများမှာ စီတန်းနေလျှက် အ‌ဝေးမှကြည့်လျှင် တစ်လုံးနှင့် တစ်လုံး ထပ်ထားသကဲ့သို့ ပင် တိမ်များနှင့်လည်း ထိစပ်နေသည်ဟု ထင်မှတ်ရလောက်သည်။
လယ်ကွင်းစိမ်းများတွင် တစ်ခါတစ်ရံ အလုပ်လုပ်သူများတွေ့ရတတ်သော်လည်း အများစုမှာတော့ လူရုပ်တူ စာခြောက်ရုပ်များသာ ထားရှိထားသည်။
နေရောင်ခြည်များ ကျဆင်းနေသော မြေလမ်းတစ်လျှောက်တွင် သစ်ပင်အနည်းငယ်သာရှိသော်လည်း အေးမြသော လေကြောင့် ပူသည်ဟုပင်မထင်နိုင်။
'ဗိုက်ဆာပြီလား'
'ဟင်...'
'ရောက်တော့မယ် ခနဘဲစောင့်'
'ခင်ဗျား...ကျွန်တော် ပြောတာကို ယုံသွားပြီမလား'
'.....'
'ဟင်'
'ယုံတာထက် လက်ခံပေးလိုက်တာပါ ကိုယ် ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ သိပ်မပြောချင်တော့ဘူး'
'ကျွန်တော့်ကို ရူးတယ်လို့ မထင်တော့ဘူးပေါ့'
'.....'
'က‌ျွန်တော် အခု...အခု ဘာဆက်လုပ်ရတော့မှာလဲ'
'.....'
'ကျွန်တော် သိပါတယ် ကျွန်တော့်အခက်အခဲကို ခင်ဗျားဆီ လွှဲသလိုဖြစ်သွားတယ်'
'ကဲ‌ ရောက်ပြီ ဆင်းတော့'
မည်သည့်နေရာသို့ရောက်နေမှန်းမသိသောကြောင့် ကျွန်တော်ဘေးပတ်၀န်းကျင်ကို မျက်လုံးဖြင့်တစ်ချက်လှည့်ပတ်ကြည့်လိုက်သည်။
*စားသောက်ဆိုင်*
နှစ်ထပ်ပါရှိသော အဆောက်အဦးထိပ်တွင် တပ်ဆင်ထားသော ဆိုင်းဘုတ်ကြောင့်သာ ကျွန်တော်တို့ခရီးဆက်လာသည်မှာ နေ့လည်သို့ပင်ရောက်နေမှန်းသတိထားမိတော့သည်။
ဆိုင်မှာသိပ်မခမ်းန‌ားသော်လည်း တောမကျ မြို့မကျ နေရာတွင်ရှိနေသောကြောင့် လူတန်းစားမျိုးစုံ ၀င်ရောက်စား‌ေသာက်နိုင်သည်။
ရုတ်တရက် ကျွန်တော့်ရဲ့ လက်တစ်ဖက်ကို လှမ်းဆွဲသောအရာတစ်ခုကြောင့် လန့်သွားသည်။
'လာလေ လက်ပေး..'
'ရတယ် ကိုယ့်ဘာသာကိုဆင်းတတ်တယ်'
မဝံ့တရဲဖြင့် ရုပ်တု၏လက်ကို ကျွန်တော့်လက်ပေါ်မှ ဖြုတ်ချလိုက်ပြီး လှည်းပေါ်မှ ကိုယ်တိုင်ဆင်းရန် ကြံရတော့သည်။ ၂၁ရာစုမှ ခန္ဓာကိုယ်ဆိုလျှင် ဤလှည်းပေါ်မှ ဆင်းရသည်မှာ အသာလေးပင်။ သို့သော် ယခုမူ ခန္ဓာကိုယ်မှာလည်း သေးသေးညှက်ညှက် ၀တ်ထားသည်မှာလည်း ဂါ၀န်လိုလို စကပ်လိုလိုဖြင့်...ကျွန်တော်တစ်ယောက်တည်း မြင်းလှည်းပေါ်မှ ဆင်းရန် အခက်တွေ့နေတော့သည်။
ကိုယ်တိုင်ဆင်းရန် ပြောပြီးသားဖြစ်သောကြောင့် ရုပ်တုကိုလည်း လှမ်းမခေါ်ချင်တော့။ ထို့ကြောင့် ဖြစ်ချင်ရာဖြစ်ဆိုပြီး ကျွန်တော် မြင်းလှည်းပေါ်မှ ခုန်ချလိုက်တော့သည်။
မြေကြီးနှင့် ခြေထောက်နှင့် ထိသွားစဉ် ရုတ်တရက်ခြေခွင်သွားသောကြောင့် ခန္ဓာကိုယ်ကို ပြန်မထိန်းနိုင်တော့ဘဲ တစ်ကိုယ်လုံးပြစ်လဲကျသွားတော့သည်။
'အာ့...နာလိုက်တော့'
လက်ဖဝါးဖြင့် မြေကြီးပေါ်ကိုထောက်လိုက်္မိသောကြောင့် လက်ဖဝါးတွင် ကျောက်ခဲစလေးများ စိုက်၀င်သွားကာ ချက်ချင်းနီရဲလာတော့သည်။
ပြုတ်ကျသည်ကိုမည်သူမျှမမြင်ခင်  မြန်မြန်ထရန် လုပ်သော်လည်း ခြေခွင်နေသောကြောင့် မတ်တပ်မရပ်နိုင်ခင်ပင် ပြန်ပြစ်လဲကျသွားတော့ပြန်သည်။
အင်္ကျီလက်တွင် ပေသွားသော မြေကြီးများကို ခါချကာ မြင်းလှည်းနောက်ကိုကိုင်၍ မတ်တပ်ရပ်ရန် ပြန်ကြိုးစားမိသည်။
မအောင်မြင်ခင်မှာပင်....
ကျွန်တော်ခန္ဓာကိုယ်သည် မြေကြီးနှင့် မထိကပ်နေတော့ဘဲ လေပေါ်သို့ ပျံဝဲသွားလေသည်။ သတိထားမိချိန်တွင် ကျွန်တော့် နောက်ကျောတွင် ထိကပ်နေသော ကြီးမားသော လက်တစ်စုံနှင့် ကျွန်တော့်ပေါ်တွင် မိုးနေသော သူ၏ မျက်နှာကိုမြင်ရန်ကြိုးစားချိန် ခေါင်းပေါ်တည့်တည့်ရှိ နေမင်းကြီးက အကြည့်မခံသလို စူးရှစွာတောက်ပနေတော့သည်။
ထိုနေမင်းကြီးကို ထိုသူမှ သူ့ခေါင်းဖြင့် ငုံ့ကွယ်လိုက်ချိန်မှ ကျွန်တော်မထင်ထားသည့် သူပင် ဖြစ်နေတော့သည်။
'ဟင်....၀မ်ချီ'
'စိတ်မရှိပါနဲ့ မိန်းကလေးမတ်တပ်မရပ်နိုင်ဘူးထင်လို့ ကျွန်တော်က ကူညီပေးတာပါ....ဆိုင်ထဲသွားမှာလားဗျ အထဲကိုပို့ပေးခဲ့မယ်နော်'
'ဟင်...ဟုတ်ကဲ့'
'တခြားသူတွေပါသေးလား ဒီလိုလှည်းက မိန်းကလေးတွေအတွက်ဆို အဆင်မပြေဘူး တက်ရဆင်းရ ခက်တယ် တခြားသူပါမှသာ အဆင်ပြေမှာ...'
'ပါ...ပါပါတယ်'
'အော် ဟုတ်ကဲ့ဗျ...'
'ဒါနဲ့ တစ်နေနေရာမှာ တွေ့ဖူးလား'
လမ်းလျှောက်နေရာမှ ရုတ်တရက်ရပ်လိုက်၍ ကျွန်တော့်ကို ငုံ့ကြည့်ကာ ကျွန်တော့်မျက်လုံးကိုစိုက်ကြည့်နေတော့သည်။ ‌နေရောင်ကြောင့် ထိုသူ၏ စိမ်းပြာရောင် မျက်စံလေးက အရောင်လဲ့နေတော့သည်။ အတန်ကြာသောအခါမှ...
'မတွေ့ဖူးဘူးထင်ပါတယ်'
တကယ်ကို ၀မ်ချီအစစ်ပင်...ကျွန်တော့်အမြင်မမှားနိုင်။ ငယ်ငယ်ကတည်းက ခင်မင်လာသော သူငယ်ချင်းအရင်းကြီး၏မျက်နှာကို ဘယ်သူက မေ့နိုင်မည်နည်း။ ၀တ်ပုံစားပုံတစ်ခုသာ ကွာသွားသော်လည်း မျက်နှာအမူအရာမှာ ကျွန်တော့်ကို လိမ်လို့မရပေ။ သူနှင့်ပတ်သက်၍ တစ်ခုထူးဆန်းနေ‌သည့်အရာမှာ... စကားပြောပုံ အရမ်းယဉ်ကျေးနေခြင်းပင်....
ဆိုင်ထဲသို့ မ၀င်ခင် ကျွန်တော့်ကို ‌သူ့လက်ပေါ်မှ ချ၍ ဘေးနားရှိ ခုံတစ်ခုတွင် ထိုင်ခိုင်းလိုက်သည်။
'လမ်းလျှောက်နိုင်ရဲ့လား...ဆိုင်ထဲကို ၀င်ရင်ကျ ချီသွားရင်မိန်းကလေးအတွက် မကောင်းလို့ပါ'
'ဟုတ်..ရပါတယ်'
ခြေထောက်တွင် စီးထားသော ဖိနပ်ကို ချွတ်လိုက်ကာ ခြေချင်း၀တ်ကို ကျွန်တော်ကြည့်လိုက်သော် နီရဲနေသည်ကို တွေ့လိုက်ရသည်။ ဖြေးညှင်းစွာ ကျွန်တော့်လက်ဖြင့် ခြေခွင်သည်ကိုသက်သာ‌ေအာင်‌ေခြချင်း၀တ်ကိုနှိပ်နေစဉ်...
'စိတ်မရှိရင် မိန်းကလေးနာမည် သိလို့ရမလားဗျ'
'ဟင်...'
အဲ့ဒါမှ ဒုက္ခတွေ့သည်။ ကျွန်တော်၀င်နေသော ကောင်မလေး၏နာမည်ကို သေချာမမှတ်မိပေ။ ရုပ်တုပြောနေကျ ရှန်ယွမ်ဆိုလား ရှောင်ယွမ်ဆိုလား သေချာမမှတ်မိသောကြောင့် ကျွန်တော် အခက်တွေ့တော့သည်။
ကျွန်တော်မျက်နှာပျက်နေ‌သည်ကို သိနေသောကြောင့်လားမသိ ၀မ်ချီနှင့်တူသော ကောင်လေးက
'မိန်းကလေးအတွက် အဆင်မပြေရင် ရပါတယ်ဗျ....ကျွန်တော့် နာမည်ကို‌ေတာ့မှတ်ထားပေးပါ...ကျွန်တော့်နာမည်က လင်းမင်ဟန်ပါ...'
*၀မ်ချီလည်း လင်း မျိုးရိုးဘဲမလား မျိုးရိုးကအတူတူဘဲပေါ့*
'လင်ရှောင်းယွမ်ပါ နာမည်က'
'နာမည်က သိပ်ပြီး မိန်းကလေးမဆန်ဘူးနော်'
'ဒါကတော့...'
'စိတ်မရှိပါနဲ့ ကျွန်တော် စိတ်ထဲရှိတာကို ပြောလိုက်္မိလို့'
'ရပါတယ်...'
'ကျွန်တော် အထဲလိုက်ပို့ပေးရမလား'
'ရပါတယ် ခြေထောက်က သက်သာပါပြီ'
ခုနကမှ နှိပ်ထားသောကြောင့် ခြေထောက်က သက်သာစပြုနေပြီဖြစ်သည်။ ထို့ကြောင့် မင်ဟန် ကမ်းပေးသော လက်ကိုကိုင်ရင်း အားပြုရင်းထလိုက်သော် မတ်တပ်ရပ်နိုင်သွားသည်။ 
'တွေ့လား သက်သာသွားပြီ ကူညီပေးလို့ ကျေးဇူးတင်ပါတယ်'
'ရပါတယ်ဗျာ ဒါဆို ကျွန်တော်အထဲထိလိုက္မပို့တော့ဘူးနော်'
'ဟုတ်ကဲ့ နောက်‌ေရစက်ရှိ‌ေသးရင် ပြန်တွေ့ကြတာပါ'
'ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါဦး'
'ဟုတ်ကဲ့'
ကျွန်တော့်ကို နှုတ်ဆက်ကာ ထွက်သွားသော ၀မ်ချီနှင့်တူသော သူကိုကြည့်ရင်း ကျွန်တော် တွေးမိသည်။
*ဘ၀တွေကအများကြီးရှိလို့ ဘယ်ဘ၀မှာဘဲဖြစ်ဖြစ် ကိုယ်နဲ့ ရုပ်တူတဲ့သူတော့ ရှိဦးမှာဘဲ မင်ဟန်အကြောင်းကို၂၁ရာစုပြန်ရောက်္မှ ၀မ်ချီကိုပြန်ပြီးပြောပြရမယ်*
၂၁ရာစုအကြောင်းကိုခေါင်းထဲတွင်တွေးမိလိုက်သောကြောင့် ကျွန်တော် ၀မ်းနည်းမိသွားသည်။ ဘယ်ချိန်မှ ဘယ်လို ပြန်ရမည်မှန်းမသိသောကြောင့် ပို၍ပင် စိတ်ရှုပ်သွားတော့သည်။
'ဒါတွေနောက္မှစဉ်းစားတော့မယ်'
ကျွန်တော်ရောက်နေသည့်အရပ်မှာ ဗိုက်ဖြည့်ဖို့အတွက် ဆိုင်ထဲသို့သာ ၀င်ခဲ့လိုက်တော့သည်။
စားပွဲခုံများကို နေရာမကျ စီထားသော ဆိုင်ထဲတွင် လူများမှာ မနည်းမများ....
ထောင့်စွန်းခုံတွင် ထိုင်နေသော ရုပ်တုကိုတွေ့လိုက်သောကြောင့် သူ့ဆီသို့သာ တန်းတန်းမတ်မတ်သွားရင်း ရုပ်တုအကြောင်းကို တွေးမိလိုက်ပြန်သည်။
*ပြောတော့ဖြင့် ဒီကကောင်မလေးကို ချစ်ပါရဲ့ဆိုပြီးတော့ လှည်းပေါ်ကဆင်းတာကိုတောင်မစောင့်နိုင်ဘူး တစ်ချက်လေးတောင်လာမကြည့်ဘူး တော်တော်ကို နှလုံးသားမရှိတဲ့ရုပ်တုပါလား*
ကျွန်တော် ဆောင့်ငြီးအောင့်ငြီးဖြင့် သူနှင့်မျက်နှာချင်းဆိုင်ရှိ ထိုင်ခုံကိုဆွဲ၍ ၀င်ထိုင်လိုက်သည်။ သူလည်း ကျွန်တော့်ကိုမကြည့် ကျွန်တော်လည်း သူ့ကိုမကြည့်ဘဲ ရှေ့တွင်ချထားသော ရေနွေးကြမ်းကိုသာ ကျွန်တော် သတိမမူဘဲ သောက်နေလိုက်သည်။
'ခြေထောက်ကသက်သာသွားပြီလား'
'ဟင်...'
ဒါတော့ ကျွန်တော်တကယ်ကြောင်သွားသည်။ ရုပ်တု ဘယ်လိုသိသွားသနည်း။
'ဘယ်လို...သိတာလဲ'
'မင်းကို ကိုယ်က ဂရုမစိုက်ဘူးလို့ထင်မှ‌ာပေါ့...ထင်ချင်စရာဘဲလေ ကိုယ်ကမှ မင်း‌ချော်လဲနေတဲ့နေရာကိုရောက်္မလာခဲ့တာ'
*မင်ဟန် ငါ့ကိုချီတာကို မြင်သွားတာလား*
'ဟုတ်တယ် ကိုယ်မြင်ခဲ့တယ် ကိုယ် မင်းကိုခေါ်ဖို့လာခဲ့သေးတယ်လေ ဒါပေမဲ့ ကိုယ် ခြေတစ်လှမ်းနောက်ကျသွားခဲ့တယ်'
*ငါ့စိတ်ထဲမှာ ပြောနေတာကို ကြားနေရတာလား LoL*
'ကိုယ် မင်းကိုတစ်ခုပြောထားမယ် မင်းက ရှောင်ယွီရဲ့ ခန္ဓာကိုယ်ထဲမှာ ၀င်နေတယ်ထားဦး..ဒါပေမဲ့ အခုထိတော့ ကိုယ်သိပ်ချစ်ရတဲ့မိန်းကလေးရဲ့ ခန္ဓာကိုယ်‌ဖြစ်နေတုန်းဘဲ'
'.....'
'အရွက်ကြော်နဲ့ ငါးကြော်နဲ့ မှာထားတာရပါပြီ'
ဟင်းအခြေအနေကိုကြည့်လိုက်လျှင် စားချင်စရာတစ်စက်္မျှမကောင်းပေ။ သို့ပေမဲ့ မချစ်သော်လည်း အောင့်ကာနမ်းဆိုသလို အောင့်အည်းသည်းခံပြီးသာ စားရတော့သည်။ ဒီအရာမှမစား မည်သည့်အရာကို သွားစားရတော့မည်နည်း။
'မင်းက နန်းတွင်းထဲမှာဘဲနေခဲ့ရတာဆိုတော့ ဒီလိုအစားအစာတွေကို ဘယ်စားဖူးမလဲ အာ...မဟုတ်‌ေသးဘူး...မင်းကဘယ်သူဘဲဖြစ်ဖြစ် ခန္ဓာကိုယ်ကတော့ သိပ်လက်ခံနိုင်မှာမဟုတ်ဘူး...အဲ့ဒီတော့ ၀င်သလောက်လေးတော့ စားလိုက်ပါ'
'အာ...ကျွန်တော် စားနိုင်ပါတယ်'
'ဒီလမ်းခရီးမှာက ဒီလိုတွေဘဲရှိတော့မှာ ဒါတောင် ကိုယ်အကောင်းဆုံးကိုဘဲမှာပေးထားတာ'
'ဟုတ်ကဲ့ဗျ'
မ၀င်၀င်အောင် ရေနွေးကြမ်းနှင့် မြောစားရင်း ထမင်းတစ်ပန်းကန်ကုန်သွားတော့သည်။
'ကိုယ်တို့ ခရီးဆက်ကြရအောင်'

You've reached the end of published parts.

⏰ Last updated: Nov 25, 2020 ⏰

Add this story to your Library to get notified about new parts!

ʙᴏʀɴ ᴡɪᴛʜ ғʟᴏᴡᴇʀWhere stories live. Discover now