ⓟⓐⓡⓣ 5

159 36 8
                                    

(အောက်တွင် Zawgyi codeဖြင့်ဖတ်ပါ)

Unicode

တစ်ရက်ပြီးတစ်ရက် အချိန်တွေကို စာသင်ရင်းဖြင့် အသုံးချပြီး အားလပ်ရက်သို့ရောက်လာတော့သည်။ ဒီကြားထဲ ၀မ်ချီကလည်း စိတ်ဆိုးမပြေသေး။ သူကအမြဲတမ်းထိုအတိုင်းပင် သူစိတ်ဆိုးလျှင် စိတ်ဆိုးပြေရန် ကြာတတ်သည်။ အချိန်တန်လျှင် သူ့ဘာသာသူ ကျွန်တော့်ကိုပြန်ခေါ်လေ့ရှိသောကြောင့် အထွေအထူးချော့နေစရာမလိုပေ။
ကျွန်တော့်ရဲ့အားလပ်ရက်ကို စစ်သူကြီးနတ်နန်းသို့သွားရန် အရင်တစ်ပတ်ကတည်းက စီစဉ်ထားပြီးဖြစ်သည်။ ထို့ကြောင့် မနက်စောစောထပြီးသွားရန် လိုအပ်သည်များကို ယခုကတည်းကစီစဉ်နေခြင်းဖြစ်ပေသည်။ စက်ဘီးဖြင့်သာ တစ်ယောက်တည်းသွားမည်ဖြစ်သောကြောင့် ပို၍ဂရုစိုက်ရမည်။အစက ကားဖြင့်သာ သွားမည်ဟုစဉ်းစားထားသော်လည်း စက်ဘီးဖြင့်သွားလျှင် ကိုယ်လက်လှုပ်ရှားမှုလည်းဖြစ် လေကောင်းလေသန့်လည်းရ ရှုခင်းများလည်း သေချာစွာကြည့်နိုင်သောကြောင့် အေးအေးဆေးဆေးသွားရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ အရင်တုန်းကလည်း က‌ျွန်တော်သွားချင်သည့်နေရာရှိလျှင် ဒီအတိုင်း စက်ဘီးဖြင့်သာ‌သွားလေ့ရှိသောကြောင့် မားကအထွေအထူး
စိတ်မပူပေ။ ကျွန်တော် မနက်ဖြန်စစ်သူကြီးနတ်နန်းရှိရာ သွားမည်ဆိုသည်ကလည်း ခိုင်မာသော အကြောင်းပြချက်ရှိသည်မဟုတ်။ ဒီတိုင်းစိတ်ပြေလက်ပျောက် သမိုင်းကြောင်းဖြစ်ရပ်မှန်ကို စူးစမ်းလိုစိတ်ရှိခြင်းပင်။ ပြီးတော့ မိန့်နှင့်ပတ်သက်သည်ဆိုတော့ အရာကို ဟုတ်သည်မရှိ မဟုတ်သည်ရှိ သွားရောက်လေ့လာလိုခြင်းပင်။
ထို့ကြောင့် မနက်ဖြန်အတွက် အားအင်ပြည့်၀နေစေရန် ယခုညကို စောစောပင် အိပ်ရာ၀င်လိုက်တော့သည်။

~~~
'မား သားသွားတော့မယ်'
'ဖြေးဖြေးလည်းစီးသွားဦး...တစ်ခုခုဆိုဖုန်းဆက်လိုက်နော် ညလည်းမနက်စေနဲ့...၀မ်ချီကိုပါ ခေါ်သွားပါလား..မားစိတ်မချဘူး'
'ရပါတယ်မားကလည်း အရင်ကလည်းဒီတိုင်းသွားနေကြဘဲ‌ကို'
'ဒါနဲ့ သားဘယ်ကိုသွားမှာလဲ'
'မားရယ် စိတ်ပူ‌မနေပါနဲ့ ဒီတိုင်း နီးနီးနားနားဘဲသွားမှာ ဘယ်နေရာမှလျှောက်မသွားပါဘူး'
'မား သားကိုယုံလိုက်မယ်နော် မကောင်းတဲ့နေရာတွေ လျှောက်မသွားနဲ့နော်'
'အင်းပါသားကိုယုံလိုက်...သားသွားတော့မယ် နောက်ကျနေမှာစိုးလို့'
'အေးကွယ်'
ကျွန်တော် စိတ်ပေါ့ပါးလွတ်လပ်စွာ စက်ဘီးကိုပုံမှန်နင်းရင်း မြို့ပြင်ကို ထွက်လာခဲ့လိုက်တော့သည်။ မြို့ထဲတွင် ကားတွေရှုပ် လူတွေရှုပ်သလောက် မြို့ပြင်ကိုရောက်လေလေ လူနည်းလေလေ ကားနည်းလေလေဖြစ်သည်။ တစ်ခါတစ်ရံမှသာ ဘေးမှဖြတ်သွားသော ကားတစ်စီးနှစ်စီးကို တွေ့ရတတ်သည်။ ဘေးဘက်တွင် စိမ်းစိုနေသော သစ်ပင်များဖြင့် ကာရံထားသော ကားလမ်းမကျယ်ကြီးပေါ်တွင် ကျွန်တော်တစ်ယောက်တည်းစက်ဘီးစီးလို့နေသည်။ ခေါင်းရှုပ်စေမည့်အရာများကို ခေါင်းထဲအ၀င်မခံတော့ဘဲ ဒီတိုင်း နားကြပ်တပ်ကာသီချင်းအေးအေးလေးဖြင့် စက်ဘီးကိုနင်းလာခဲ့သည်။ ကျွန်တော် စစ်သူကြီးနတ်နန်းတောင်ခြေရောက်မှ နားမည်ဟုဆုံးဖြတ်ထားသောကြောင့် တစ်လမ်းလုံးမရပ်ဘဲ ဆက်တိုက်နင်းလာခဲ့သည်။ ထို့ကြောင့် မွန်းတည့်ချိန်မရောက်ခင်၁နာရီခွဲအလိုလောက်တွင်
စစ်သူကြီးနတ်နန်းတောင်ခြေသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားခဲ့သည်။

ʙᴏʀɴ ᴡɪᴛʜ ғʟᴏᴡᴇʀTempat cerita menjadi hidup. Temukan sekarang