ⓟⓐⓡⓣ 4

171 33 13
                                    

(အောက်တွင်Zawgyi codeဖြင့် ဖတ်ရန်)

Unicode

'ပန်းအရောင်လက်လာတာ သူ့ကြောင့်'
'အဲ့ကောင်မလေးက ဘယ်သူလဲ'
'ငါလဲမမြင်ဖူးဘူးဟ ငါတို့‌သုတေသနကျောင်းက မဟုတ်လောက်ဘူး'
'သူက ‌လင်ရှောင်းယွမ်ရဲ့ညီမလေ'
'လင်ရှောင်းယွမ်...ဟိုအရပ်ရှည်ရှည်နဲ့ ခပ်ချောချောကောင်လေးလား'
'အေး ဟုတ်တယ်လေ'
'အဲ့ကောင်မလေးက မင်မင်းသမီး ၀င်စားတာဖြစ်နိုင်လို့လား'
'ဖြစ်နိုင်တာမဟုတ်ဘူး သေကိုသေချာတာ နင်ကြည့်လေ ခုနက ပန်းရဲ့အရောင်နဲ့အခုပန်းရဲ့အရောင်က တူသေးလို့လား'
'မဖြစ်နိုင်ဘူးနော်'
'့ပြီးတော့ သူကအနုပညာကျောင်းကလေ မင်မင်းသမီးကလည်း အနုပညာဘက်ကိုဝါသနာပါတာမလား'
'လုံး၀ကိုဖြစ်နိုင်တယ်ဟ'
လင်းလက်တောက်ပပြီး အရောင်များလက်နေသော ထိုပန်းနှင့်အတူ ကောင်မလေးများ၏အချင်းချင်း စကားပြောသံတို့က ခပ်ရှရှထွက်ပေါ်နေလျှက်...
'မင်းတို့ဘာပြောနေကြတာလဲ'
ကျွန်တော်နည်းနည်းခပ်မာမာ
အသံဖြင့်အော်လိုက်သောကြောင့် ထိုကောင်မလေးများ၏အသံသည် ချက်ချင်းတိတ်ဆိတ်သွားသည်။
'အေး မင်းတို့သိထားဖို့က ဒီလိုဒဏ္ဍာရီတွေကိုယုံပြီး အရူးဇာတ်လိုက်ခင်းမနေနဲ့ သမိုင်းကြောင်းဆိုသမိုင်းကြောင်းလိုဘဲထား ဘာမှ သမိုင်းထဲက အရာတွေကို အပြင်မှာဖြစ်နေသလိုလို လုပ်မနေကြနဲ့ အေး ပြောထားရက်နဲ့ ငါ့ညီမကို မင်မင်းသမီး၀င်စားတာတို့ ဘာတို့ထပ်ပြောရဲထပ်ပြောကြည့် ငါနဲ့စာရင်းရှင်းရလိမ့်မယ် မင်းတို့ဘာသာ ယုံကြည်ချင်ရင် ကိုယ့်ဘာသာကိုအေးဆေးယုံကြည်ကြ ငါ့ညီမနဲ့ဘာမှမလာမရှုပ်ကြနဲ့ ကြားလား'
ကျွန်တော်ချက်ချင်းပင် မိန့်၏လက်ကိုဆွဲကာ ထိုနေရာမှထွက်ခဲ့လိုက်တော့သည်။ ကျွန်တော်သတိမထားမိသည့်အရာကကျွန်တော်တို့ ထိုနေရာမှထွက်ခဲ့သော်လည်း ပန်း၏အရောင်များဆက်လက်၍ အရောင်လက်နေသည်ဆိုတာပင်.....
ကျွန်တော့်စိတ်တွေထိန်းချုပ်မရဘဲ ကောင်မလေးတွေကို အော်မိသွားသည်။ ပုံမှန် တခြားသူနှင့်ဆိုင်သည်ဟုပြောလျှင် ကျွန်တော်ဂရုမပြုဘဲထားနိုင်ဦးမည်။သို့သော်ကျွန်တော်အစကတည်းကမယုံ‌ကြည်သောအရာကို ကျွန်တော်နှင့်ပတ်သက်သော မိန့်နှင့်ဆိုင်သည်ဟု ပြောလိုက်ခြင်းကို သဘောမကျသောကြောင့် ဒေါသထွက်သွားမိသည်။
'မိန့် နင်နောက်ဆို ငါတို့ကျောင်းကိုမလာနဲ့တော့ နင်လာရင် အများစုက နင့်ကိုထူးဆန်းတဲ့အကြည့်နဲ့ကြည့်ကြလိမ့်မယ်'
'ဒါတွေကခနပါဘဲ ပြီးရင်လည်း မေ့သွားကြမှာဘဲဟာကို'
'မမေ့ဘူး မလာနဲ့ဆိုမလာနဲ့ ဒီတစ်ခါတော့ ကောရဲ့စကားကိုနားထောင်လိုက်ပါ'
'မလာနဲ့ဆိုလည်း မလာယုံဘဲပေါ့'
က‌ျွန်တော် သတိမမူဘဲ မတ်တပ်ရပ်၍စကားပြောနေမိသည့်နေရာက စစ်သူကြီးနတ်နန်းရှေ့တွင်....

ʙᴏʀɴ ᴡɪᴛʜ ғʟᴏᴡᴇʀDonde viven las historias. Descúbrelo ahora