ⓟⓐⓡⓣ 2

278 58 28
                                    

(အောက်တွင် Zawgyi codeဖြင့်ဖတ်ပါ)

Unicode

'ဒီပန်းလေးနာမည်က စီချွမ်တဲ့ ကျွန်မရဲ့ အသက်လေးပေါ့'
'ပွင့်ဖက်ကအဖြူရောင်ဆိုတော့ မင်းရဲ့ ့ကိုယ်ကျင့်တရားကိုဆိုလိုပြီးတော့ အရောင်လေးတွေလက်နေတာက မင်းရဲ့ ကျော်စောမှုကို ဆိုလိုတာ မလား'
'အစ်ကိုက ဘယ်လိုသိတာလဲ'
'ဒီလိုဘဲ ခန့်မှန်းကြည့်လိုက်တာ'
'ဝါး အစ်ကိုက တော်လိုက်တာ'
'အားယွီ ကိုယ်တို့ရင်းနှီးခဲ့တာ ဆယ်စုနှစ်မကတော့ဘူး အဲ့ဒါကို အခုချိန်ထိ အစ်ကို လို့ခေါ်နေဦးမှာလား'
'အချိန်တစ်ခုကိုရောက်ရင်တော့ ပြောင်းသွားမှာပါ'
.....

'ဟဲ့ကောင် ထတော့ ငါတို့ရောက်တော့မယ်ဟ နည်းနည်းပါးပါးလေးလည်း ဘေးပတ်၀န်းကျင်ကိုလေ့လာဦး'
'ဝါး...ရောက်တာ မြန်လိုက်တာ'
'ဘာမြန်တာ ငါတို့စီးလာတာ ၂နာရီပြည့်တော့မယ်'
'အဲ့လောက်ထိလား အဲ့လောက်ထိငါအိပ်ပျော်သွားတာလား'
'ကလေးတို့ ကားပေါ်ကဆင်းပြီးတာနဲ့ ဘယ်မှမသွားနဲ့ဦးနော် ရပ်နေဦး လူစစ်ပြီးမှသွားရမယ်'
'ဟုတ်ကဲ့ပါ ဆရာမ'

'ကဲရောက်ပြီဆင်းကြတော့'
'ရား...အခုမှဘဲ အညောင်းပြေတော့တယ်'
'အော် ငါ့ပုခုံးပေါ်တစ်လမ်းလုံးမှီအိပ်လာတဲ့ကောင်ကများ ညောင်းတယ်လေးဘာလေးနဲ့ ငါညောင်းဖို့အတွက်ချန်ထားဦး'
'၀မ်ချီလေးကလည်းဟယ် စိတ်ကြီးဘဲ'
'တော်တော်တော် အဲ့လိုကြီးမပြောစမ်းနဲ့ငါစိတ်ကုန်တယ်'
'လင်ရှောင်းယွမ်'
'ရှိပါတယ်ဆရာမ'
'လင်း၀မ်ချီ'
'ရှိပါတယ်ဆရာမ'
'မင်းတို့နှစ်ယောက်က တစ်တွဲတွဲ‌ကြ  အားလုံးလူစုံပြီမလား ကိုယ့်အတွဲကိုမှတ်ထားကြနော် အခုကတောထဲသွားရမှာဆိုတော့ ကိုယ့်အတွဲကိုသေချာစောင့်ရှောက် အချင်းချင်းကူညီ လမ်းမပျောက်စေနဲ့ တစ်တွဲနဲ့တစ်တွဲလည်း အလှမ်းမဝေးစေနဲ့ ဟုတ်ပြီလား'
'ဟုတ်ကဲ့ပါ ဆရာမ'
'ကဲ ဒါဆိုသွားလိုက်ကြရအောင်'
'ရေးး.......'

'ငါဒီ‌ေနရာနဲ့ပတ်သက်ပြီးကြားဖူးတာတစ်ခုရှိတယ်'
'ပြောပြပြောပြ'
ကျွန်တော်တို့နောက်မှ ကောင်မလေးနှစ်ယောက်ထဲမှ တစ်ယောက်က စကားစပြောလိုက်သောကြောင့် ကျွန်တော်လည်းနားစွင့်မိလိုက်သည်။
'သိပ်မကြာသေးခင်တုန်းက ဒီနေရာကို ငါတို့လိုဘဲ ကျောင်းသားတွေက လေ့လာရေးခရီးထွက်လာကြတာ သူတို့တွေ အခုငါတို့‌သွားမဲ့နေရာကိုရောက်တော့ ကောင်လေးနှစ်ယောက်က တောင်မို့မို့လေးပေါ်မှာစိုက်ထားတဲ့ ပန်းအဖြူလေးကိုတွေ့တယ်တဲ့ အဲ့ပန်းက ထူးဆန်းတယ် အပွင့်တစ်ပွင့်တည်း အကိုင်းလဲတစ်ခက်တည်း သစ်ရွက်လဲ တစ်ရွက်တည်းဘဲ ဒီတိုင်းသူ့ချည်းပေါက်နေတာတဲ့ အဲ့မှာ ကောင်လေးနှစ်ယောက်တည်းက တစ်ယောက်က ထူးဆန်းတယ်ဆိုပြီး သွားကိုင်ကြည့်တာ မကိုင်ရသေးခင်မှာဘဲ ချက်ချင်း နေပူနေရာကနေ မိုးတွေမည်းလာပြီး မိုးတွေခြိမ်းရောဘဲတဲ့ မိုးကလံုး၀မရွာဘူး လျှပ်စီးတွေလျှပ်ပြီး လေကလည်းလေပြင်းမုန်တိုင်းတိုက်သလို အသေတိုက်တာတဲ့ အဲ့မှာ ကျောင်းသားတွေအကုန်လုံးကစုပြီးတော့ ဆရာကရောက်လာတော့မှပြန်ရှင်းပြပြီး စစ်သူ
ကြီးနတ်နန်းကိုတောင်းပန်လိုက်တော့မှ ချက်ချင်း နေပြန်ပူပြီး အကုန်ရပ်သွားတယ်တဲ့'
'အံ့ဩစရာကြီးနော် ငါတို့အခုသွားရမဲ့နေရာက'
'ဟုတ်ပါတယ်ဆို'
'ငါကြားဖူးတာပြောပြဦးမယ်'
'အင်းပြောပြ'
'ဒီတောထဲကိုလေ မုဆိုးတွေဖြစ်ဖြစ်ခရီးသွားတွေဖြစ်ဖြစ် အမြဲဖြတ်တယ်တဲ့ အဲ့မှာထူးဆန်းတာက အဲ့နေရာရောက်ရင် တစ်ခါတစ်လေ အသံတွေကြားရတယ်တဲ့ အသံကြားတဲ့နေရာကိုလှည့်ကြည့်လိုက်ရင် ပန်းရှေ့မှာ ခေါင်းမြီးခြုံထားတဲ့ လူတစ်ယောက်ကိုအမြဲတမ်းတွေ့ရတတ်တယ်တဲ့ ပြီးတော့ အဲ့လူကြီးက ပန်းကိုစကားပြောသလိုပြောနေတာတဲ့ ငါ့အထင်တော့ အဲ့လူကြီးက စစ်သူကြီးဖြစ်မယ်ထင်တာဘဲ'
'အေးဖြစ်နိုင်တာဘဲနော်'
'ငါဖြင့်စဉ်းစားရင်း ကြက်သီးတောင်ထလာပြီ'
'ငါကောဘဲ'
'ဒီနေ့ အဲ့နေရာမှ တစ်ခုခုဖြစ်ကိုဖြစ်မှာ'
'ဘာလို့လဲဟ နင်ကလည်းသေချာလှချည်လား'
'နင်စဉ်းစားကြည့်ဟာ အနှစ်၅၀၀ဆိုတာနည်းလား ဒီလိုအနှစ်၅၀၀ပြည့်မှာ တစ်ခုခုတော့ဖြစ်မှာဘဲလေ ငါပြောတာ မဟုတ်ဘူးလား'
'အေးနော် ဖြစ်နိုင်တာဘဲ'
ကျွန်တော်သူတို့ပြောသည်ကိုနားထောင်ရင်းရီချင်မိသွားသည်။ ဒီလိုကောလဟာလသတင်းတွေကို‌နားယောင်ရင်း ‌ကြောက်နေသည်တဲ့။ ကျွန်တော်တော့ ထိုကိစ္စမျိုးကိုမယုံကြည်တတ်ပါ။ ကျွန်တော်က လက်တွေ့သမား ကိုယ်ကိုယ်တိုင် မကြုံတွေ့ရရင် ဘယ်အရာမှမယုံကြည်ပါ။
'မောလိုက်တာကွာ'
'ခနငါ့မှာရေပါလာတယ်'
'အေး ပေးစမ်းပါ'
လွယ်အိတ်ထဲမှ ရေသန့်ဗူးကိုထုတ်ပြီး ၀မ်ချီကိုပေးပြီးသည့်နောက် ကျွန်တော်ကိုယ်တိုင်လည်း ရေသောက်လိုက်သည်။

ʙᴏʀɴ ᴡɪᴛʜ ғʟᴏᴡᴇʀWhere stories live. Discover now