(အောက်တွင် Zawgyi codeဖြင့်ဖတ်ပါ)
Unicode
'အား...ခေါင်းကိုက်လိုက်တာ..'
'ကော ကောသတိရလာပြီဘဲ.. မားရေ ကော သတိပြန်ရလာပြီ...'
'သားလေး...သားရယ် မသေကောင်းမပျောက်ကောင်း အခုကော ဘယ်လိုနေသေးလဲ သက်သာလား...'
ခေါင်းတွင် ပတ်တီးအဖြူဖြင့် စည်းထားရသော ကောင်လေးတစ်ယောက်...ဆေးရုံမှ ကုတင်ပေါ်တွင် လှဲနေလျှက် သတိရလာကာ ထလာသော လင်ရှောင်းယွမ်...
'ရေ~လေး~နည်းနည်း~လောက်~တိုက်ပါ~ဦး'
၃ရက်လောက် မေ့မြောနေရာမှ ပြန်သတိရကာ အခုမှစကားပြောရသောကြောင့် အသံကအက်ကွဲကွဲဖြစ်
နေရှာသည်။
'ရော့ ဖြေးဖြေးသောက်..'
လင်ရှီယွမ် ကမ်းပေးသော ရေခွက်ကို လက်က တုန်ရီစွာ လှမ်းယူသော်လည်း အားမရှိသောကြောင့် လက်ကရွေ့ပင်မရွေ့။
'ခနနားလိုက်ဦး '
ကုတင်ပေါ်သို့ ပြန်လှဲချလိုက်သည်နှင့် ပြန်အိပ်ပျော်သွားသော သူ...~~~~~~
မူးနောက်နောက်ဖြစ်နေသော ခေါင်းကို တစ်ချက်ကိုင်ကြည့်လိုက်သည်နှင့် လက်တွင်ကပ်ပါလာသော ပူနွေးနွေး နီစွန်းစွန်း အရည်ပျစ်ပျစ်တစ်ချို့...
'အား...ကျွတ် ကျွတ် ကျွတ်...'
ကျွန်တော်ဘေးပတ်၀န်းကျင်တစ်ချက်ကြည့်လိုက်တော့ မျက်လုံးကအသားမကျသေးသည့်နှယ် မှုန်ဝါးဝါးဖြစ်နေသောကြောင့် ပြန်ပိတ်လိုက်ရသည်။ မျက်လုံးကို တစ်ချက်ပွတ်လိုက်ပြီး ပြန်ဖွင့်ကြည့်လိုက်တော့ မရင်းနှီးသော ပတ်၀န်းကျင်တစ်ခု
'အား...ဟင် ဘယ်သူကြီးလဲ..'
ကျွန်တော့်လက်ကို ဆုပ်ကိုင်ထားသော ဘေးနားမှ အမည်မသိလူတစ်ယောက်
'ဟဲ့...' ကျွန်တော် ပါးစပ်ကနေ ခေါ်ကြည့်ပြီးတော့ လက္မှလည်း ထိုလူကို ပုတ်ကြည့်လိုက်သည်။
'ဘာကြီးတွေလဲ'
ကျွန်တော့် လက်ကို သူ့ပေါ်သို့လှမ်းလိုက်သည်နှင့် ကျွန်တော့်လက်ပေါ်တွင် ကျွန်တော်မရင်းနှီးသော အ၀တ်စတစ်ချို့က ကပ်နေသည်။ စိမ်းပြာရောင်ပေါ်တွင်အဖြူရောင် ဇာပေါက်စတို့က တင်ကျန်နေသော်လည်း ဖုန်မှုန့်ကဲ့သို့ မြေကြီးများက ခပ်များများ လွှမ်းနေလေသည်။ ကျွန်တော့် တစ်ကိုယ်လုံးကို ငုံ့ကြည့်လိုက်သည်နှင့် ကျွန်တော့်အတွက် အံ့ဩမှုတစ်ဆုံး...စိမ်းပြာရောင် ဂါ၀န်က ကျွန်တော့်ကိုယ်ပေါ်တွင် ၀တ်ဆင်ထားလျှက်...ကျွန်တော့်လက်ချောင်းများက ခေါင်းပေါ်သို့လှမ်းလိုက်သည်နှင့် ကျွန်တော့်ရဲ့ တိုကပ်နေသော ဆံပင်က ကွယ်ပျောက်နေပြီး ထိုအစား ပျော့ပျောင်း နေသော ဆံပင်ရှည်နှင့် ဆံထုိးတစ်ခုက အစား၀င်ရောက်နေလျှက်....
'ဟုတ်ပါတယ်...ဒါအိပ်မက္ပါ..'
ကျွန်တော် စစ်သူကြီးနတ်နန်းမှာ မေ့မြောနေလျှက် အိပ်မက္မက္နေနိုင်သည်။ ကျွန်တော် ထိုလက်တွေ့ဆန်လှသော အိပ်မက္မှ နိုးထရန် အရင်ဆုံး အိပ်ရန်လိုပေသည်။
'ကဲ ပြန်အိပ်လိုက်ဦးမယ် အိပ်ရာကနိုးရင် ငါဆေးရုံရောက်ရင် ရောက်နေမှာ...'
ကျွန်တော် ကိုယ့်ဘာသာကိုပြန်ရီလျက် ဘေးနားမှ လူဘေးတွင် ပြန်လှဲကာအိပ်ပျော်အောင် အိပ်လိုက်တော့သည်။

YOU ARE READING
ʙᴏʀɴ ᴡɪᴛʜ ғʟᴏᴡᴇʀ
Teen Fictionကိုယ်မင်းနဲ့ဆုံစည်းနိုင်ဖို့ အနှစ်၅၀၀စောင့်ခဲ့ရတယ် ဒီထက်လည်းစောင့်ဆို စောင့်နိုင်တယ် ကမ္ဘာကြီးမတည်တော့တဲ့အထိ ကိုယ်စောင့်နေနိုင်တယ်#စစ်မင်ကျွင်း ဟုတ်တယ် ဒီပန်းလေးကဘဲ ကျွန်တော်တို့နှစ်ယောက်ကို ပြန်ဆုံစည်းစေခဲ့တာ#လင်ရှောင်းယွမ် own creationလေးပါ တရုတ်...