ⓟⓐⓡⓣ 7

88 18 3
                                    

(အောက်တွင် Zawgyi codeဖြင့်ဖတ်ပါ)

Unicode

'သား ညမနက်စေနဲ့နော်'
'ကော စောစော ပြန်လာခဲ့နော် ညရောက်ရင် hotpotလုပ်စားကြမလို့'
'ရှောင်းယွမ် ငါလိုက်ခဲ့ရဦးမလား'
နွေးထွေးသော အပြုံးများဖြင့် ပြုံးပြနေကြသော ကျွန်တော် ချစ်ရသော သူတို့သုံးဦး...
'သားရေ သား...'
'ကောရယ် ဘယ်တွေရောက်နေတာလဲ'
'ငါတို့ မင်းကိုစောင့်နေတာကွာ မင်းကလည်းကြာလိုက်တာ'
'သားလာတော့လေ မြန်မြန်လာစာ‌းတော့ ဗိုက်ဆာနေလောက်ပြီ'

'အင်း မား သားအရမ်းဗိုက်ဆာနေပြီ'
'မားတို့ကို အရမ်းလွမ်းနေတာ အရမ်းလဲတွေ့ချင်နေခဲ့တာ'
ကျွန်တော် မတွေ့ရတာ ကြာနေသလို မားနှင့် မိန့် ၀မ်ချီတို့ကိုကြည့်ရင်း ၀မ်းနည်းလာသည်။ မျက်ရည်ဝဲနေသော ကျွန်တော့်ကိုကြည့်ရင်း မားကစိုးရိမ်တကြီး ကြည့်၍

'သားရယ် ဘာလို့ငိုနေတာလဲ'
'ဘာမှမဟုတ်ပါဘူး အငွေ့တွေ့က သားမျက်နှာကို လာရိုက်နေလို့ပါ'
'များများ စားနော် သား...မတွေ့ရတာကြာသလိုဘဲ ပိန်သွားလိုက်တာ'

'မား သား‌ေလ...မားကိုအရမ်းလွမ်းနေခဲ့တာ.....'
'မငိုပါနဲ့ သားရယ်...တိတ်တိတ် လာ မားဆီကိုလာ'
မားရဲ့ ရင်ခွင်ထဲတွင် ရှိုက်ကြီးတငင်ငိုနေသော ကျွန်တော့်ကို မားက သူ့ရဲ့လက်ဖဝါး‌ေသး‌ေသးလေးဖြင့် ခေါင်းကို ပုတ်ပေးကာ ကျောကိုလည်း ပွတ်သပ်‌ေပးကာ ကလေးတစ်ယောက်ကဲ့သို့ ချော့မြှူပေးနေလေသည်။ အတန်ကြာအောင် ကျွန်တော် ၀အောင်ငိုပြီးသည့်နောက်တွင်....

'ငိုလို့၀ပြီလား ကလေး...'
'ဟင်...'
ကျွန်တော် မျက်၀န်းထဲတွင် မျက်ရည်စများဖြင့်ပြည့်နေသောကြောင့် ကျွန်တော် မှီ‌ထားသော ရင်ခွင်က မည်သူ့ရင်ခွင်မှန်း‌ေသချာမသိပေ။ မား၏ရင်ခွင်ဟုထင်သော်လည်း ယခုမူ ကျွန်တော့်ကို ဖက်ထားသော လက်များက ခပ်ကြီးကြီး ကျွန်တော် မှီထားသော ရင်ခွင်က ခပ်ကျယ်ကျယ်....
'အိပ်မက္ဆိ‌ုးတွေမက္နေတာလား အစက ယောင်နေတယ်ထင်လို့ မနှိုးဘဲထားတာ အခုကျ ငိုပါငိုလာလို့ ဘာတွေမက္နေတာလဲ အားယွီရယ်'
'...'
'အားယွီ အိမ်အရမ်းပြန်ချင်နေမှန်း ကိုယ်သိပါတယ် ဒါပေမဲ့ အခုမှပြန်ရင် အားယွီအတွက်ကော ကိုယ့်အတွက်ကော မကောင်းတော့ဘူးလေ အရှင်မင်းကြီးကလည်း အရမ်းစိတ်ဆိုး....နေ...လိမ့်....'
'အိမ်အရမ်းပြန်ချင်တယ်...မား...မားကိုလဲအရမ်းလွမ်းတယ်....မိန့်ကိုလဲ လွမ်းတယ်...'
'...'
'ရုပ်တုကြီး ခင်ဗျား ကျွန်တော့်ကို ပြန်လွှတ်ပေးသင့်ပြီလေဗျာ...ကျွန်တော့်ကိုမနောက်ပါနဲ့တော့...ကျွန်တော် ပန်းကိုလည်းနောက္မကိုင်တော့ပါဘူး...ကျွန်တော် ကတိပေးပါတယ် ကျွန်တော့်ကို အိမ်ဘဲပြန်ပို့ပေးပါနော်..'
'ကလေးရယ် တိတ်ပါတော့ မနက်ဖြန် အိမ်ပြန်ပို့ပေးမယ်နော် တိတ်တော့ တိတ်တော့..'
'အွန်း...'

ʙᴏʀɴ ᴡɪᴛʜ ғʟᴏᴡᴇʀWhere stories live. Discover now