Chapter-1

94 10 2
                                    

Font: Unicode

"အား....ကျွတ်ကျွတ်!"

ခေါင်းကတော်တော်နာတယ်။ ဘယ်လိုတောင်လား။ မူးနောက်နေတာပဲ။ဂိမ်းဆော့တာနားပြီးစားမှဖြစ်မယ်။
ကျွန်တော်ကုန်းရုန်းထဖို့ကြိုးစားလိုက်တယ်။လူကနုံးချိအားနည်းနေတော့တော်တော်နဲ့ မထနိုင်။၄ရက်ဆက်တိုက်ဂိမ်းပဲဆော့နေခဲ့တာကိုး။ဘေးကနံရံကိုမှီပြီးကုန်းထလိုက်တော့မှသန့်စင်ခန်းထဲရောက်နေမှန်းသိတယ်။ဘယ်လောက်ကြာကြာအိပ်နေမိလဲမသိပါဘူး။

ခါးနာလိုက်တာ.....ဘာပဲပြောပြောဒီဇာတ်လမ်းမစခင်မှာခင်ဗျားတို့ကိုကျွန်တော်တခုပြောပြမယ်။ခေါက်ဆွဲပြုတ်ဆိုတာလူတွေထွင်ခဲ့တဲ့အကောင်းဆုံးအရာထဲမှာပါတယ်။နောက်တခုရှိတာက ကိုယ်အရသာရှိရှိစားနေတဲ့အချိန်မှာဘယ်အရူးကိိုမှမကျွေးပါနဲ့။ကဲ.....ဇာတ်လမ်းလေးပြန်ဆက်ရအောင်။

ကျွန်တော့်နာမည်လင်းခန့်ကျော်။အသက်က၂၀ရှိပါပြီ။အထက်တန်းအောင်ပြီး တက္ကသိုလ်ဒုတိယနှစ်ရောက်မယ်ထင်နေလား။မရောက်ပါဘူး။ပထမနှစ်ကို ၃ခါမြှောက်အဝေးသင်အဖြစ်တက်နေတာ။ကျွန်တော်စာကောဘဝအောင်မြင်ရေးကောစိတ်မဝင်စားဘူးဗျ။ ကျွန်တော်စိတ်ဝင်စားတာ gameဆော့ဖို့ပဲ။အပြင်လောကကြီးထက် open worldကြီးကလွတ်လပ်တယ်ဗျ။ကျွန်တော်open worldထဲနေရတာပျော်တယ်။

ကျွန်တော်မီးဖိုချောင်ထဲဝင်ပြီးခေါက်ဆွဲပြုတ်ဖို့ပြင်ရမယ်။ ကြောင်အိမ်ထဲကခေါက်ဆွဲ၂ထုပ်ယူ။ရေခဲသေတ္တာထဲကကြက်ဥတလုံးထုတ်။ရေနွေးပူပူကိုမီးပေးပြီး ပြုတ်။ ၂မိနစ်ကျော်မှာတင်အနံ့လေးကသင်းနေပြီ။ ခေါက်ဆွဲပြုတ်ရတာနဲ့အခန်းထဲအိုးလိုက်မသယ်လာခဲ့တယ်။

"အိမ်ရှင်တို့"
အိမ်တံခါးခေါက်ပြီးအော်တဲ့အသံ။ မီတာကောက်တဲ့လူဖြစ်ရမယ်။ ခေါက်ဆွဲကိုအခန်းထဲမသယ်သေးဘဲစားပွဲပေါ်ချပြီး တံခါးဆီအရင်သွားလိုက်တယ်။ အရင်မဖွင့်ပေးပဲတံခါးမှာတပ်ထားတဲ့မှန်ဘီလူးကနေကြည့််လိုက်တော့...။အံမယ်....မီတာကောက်တဲ့ကောင်ကစောင်ချောကြီးဗျ။ခေါင်းကိုလဲဆီတွေဘာတွေနဲ့လှန်ဖြီးထားတာ။west suitကြီးနဲ့။ဒါပေမယ့်စာရွက်လဲမပါဘူး။ကျွန်တော်မဖွင့်ပေးပဲအရင်မေးလိုက်တယ်။

WHAT'S WRONG WITH GOD!? Where stories live. Discover now