Chapter-3

22 8 0
                                    

Font: zawgyi

"န..နဂါးကြီး" ဟုတ်ပါတယ်။ နဂါးကြီးပါ။ အင်း...သူ့အမြင်အရဆိုရင်ပေါ့။သူသေချာမသိခဲ့သလို သူနေခဲ့တဲ့ကမ္ဘာမှာလည်းဒီလိုကောင်ကို နဂါးလို့ခေါ်ကြတာကိုး။ သူရေရေရာရာမမြင်ခဲ့ တော့ နဂါးပဲထင်တာပေါ့။

သူသေချာအောင်တခေါက်ပြန်ကြည့်တယ်။ဖြစ်ချင်တော့သူကြည့်လိုက်တဲ့အချိန်မှာကျောက်တုံးထဲကအကောင်ရဲ့မျက်လုံးဟာ ရောင်ပြန်ဟပ်သွားခဲ့ပါတယ်။ နဂိုကတည်းက မြင်ချင်တာမြင်ပြီး ထင်ချင်တာထင်နေခဲ့တဲ့ လင်းခန့်ကျော်ဟာ နဂါးကို အသက်ဝင်နေတယ် ထင်သွားခဲ့ပါပြီ။

"မင်းမေလွှား...ရှင်နေတယ်ဟ" ပြေးပါပြီ။ လင်းခန့်ကျော်တစ်ယောက် သူ့ကမ္ဘာက ဒဏ္ဍာရီလာ နဂါးကို မြင်ခဲ့တော့ ပိုပြီးကြောက်အားကြီးသွားတယ်ထင်ပါတယ်။ အလာတုန်းကလို အလင်းကော၊ အမှောင်ကော၊ ကျောက်တုံးကော၊ ယုန်ကော သတိမထားမိတော့ပါဘူး။ ပြေးတာမှတန်းနေတာပဲ။

သူပြေးရင်းပြေးရင်း ဂုူဝကို ရောက်မှန်းမသိ ရောက်လာခဲ့တယ်။ ဒါပေမယ့် ဂူဝမှာ....။

"လူကြီးလား?"

"ဘုတ်"

သူအပြေးလွန်ပြီးဝင်တိုက်မိသွားတယ်။ သူအရှိန်နဲ့ပြေးလာခဲ့ပေမယ့် အဲ့ဒီ့လူကို တိုက်မိပြီး နောက်ကိုပြန် လွင့်သွားတာက သူ။ သူတိုက်မိတဲ့လူက ကျောက်တုံးကြီးလိုပဲ စန့်စန့်ကြီး ရပ်နေလေရဲ့။ သူအရှိန်နဲ့ ပြန်လွင့်သွားတာကြောင့် မနည်းအားယူပြီး ပြန်ထလိုက်တယ်။ သူကုန်းရုန်းထပြီး သူတိုက်မိတဲ့အရာကို သေချာကြည့် လိုက်တယ်။ ဘာအကောင်ကြီးလား။ အကောင်မဟုတ်ဘူးလူ။ဟာ... လူ...လူဟ...လူပဲ။

"ဟေ့လူ...ကယ်ပါဦး။ကျ..ကျ..ကျနော်...ကျနော်..."

အဲ့ဒီလူရဲ့ မျက်နှာက အခြေအနေ ကြည့်ရတာ သိပ်ကောင်းတဲ့ပုံမပေါ်ဘူး။ လူတယောက်ဆိုတာထက် လင်းခန့်ကျော် မျက်ခုံးပေါ် လက်ဖ၀ါးတင်ပြီး သေချာကြည့်လိုက်တဲ့အခါ...။ အရပ်က ခြောက်ပေလောက်ရှိတဲ့ အသက်နှစ်ဆယ်အရွယ် လူတစ်ယောက်။ သူဂူဝကအလင်းကြောင့် ပုံစံကိုသေချာ မမြင်ရပေမယ့် ဒေါသတွေ တငွေ့ငွေ့ထွက်နေတဲ့ သူ့မျက်နှာကိုတော့ သေချာမြင်နေရတယ်။ သူ့မျက်လုံးတွေက ပတ္တမြားလို အရောင်တွေတောက် နေတာကိုး။

WHAT'S WRONG WITH GOD!? Where stories live. Discover now