Chapter-2

28 9 1
                                    

Font: Unicode

"သွားကြမယ်"

"ဘယ်ကို"

"နောက်ဘဝကိုပေါ့"

"ဘယ်လိုနောက်ဘဝကိုလဲ?"

လင်းခန့်ကျော် သဘောမပေါက်။ သေမင်းကရှင်းပြတယ်။ "အင်း...ထုံးစံအတိုင်းဆို ငါတို့ကလူတွေကို ငရဲနဲ့နတ်ပြည်ဆီပို့ပေးရတယ်။ လူတွေကလဲနတ်ပြည်တက်ရရင်တိုက်ရိုက်ပို့လို့ရပေမယ့် လူပြန်ဝင်စားမယ်ဆိုငရဲမှာ ၄၉ရက်အယူခံဝင်ရတယ်။"

"ဒါဆိုကျွန်တော်ကငရဲပြည်အရင်သွားရမှာပေါ့"လင်းခန့်ကျော် ခေါင်းကုတ်ပြီးမေးတယ်။

"မဟုတ်ဘူး။မင်းကVIP။ငါကိုယ်တိုင်ကူးပေးမှာ"
VIPဆိုပါလား။သေတာတောင်VIPအဖြစ်နဲ့သေရတာလဲမဆိုးပါဘူးလို့သူတွေးတယ်။ သေမင်းက ပြောပြောဆိုဆိုနဲ့ သူ့လက်နှစ်ဖက်ကို ဆန့်တန်းလိုက်တယ်။ ပြီးတော့ လက်ဖဝါးနှစ်ဖက်ကိုထောင်မတ်ပြီး မန္တာန်တပုဒ်ကိုရွတ်တယ်။

"အို..ပီ..အီး..အန်...အိုးပန်း!"

"ဟယ်...မန္တာန်ကစောက်ဆန်းကြီး" တခါမှမကြားဖူးတဲ့spellမို့လင်းခန့်ကျော်တစ်ယောက်မျက်နှာကြီးမဲ့ပြီးပြောမိတယ်။မန္တာန်ရဲ့အစွမ်းကြောင့်သေမင်းရှေ့တည့်တည့်မှာ အနီရောင်စက်ဝိုင်းကြီး ပေါ်လာတယ်။စက်ဝိုင်းပေါ်မှာလဲ သူငယ်တန်းကလေး A,B,C,Dရေးတဲ့လက်ရေးမျိုးနဲ့စာတွေတွေ့ရပြီးအလယ်မှာလဲခြောက်ထောင့်ကြယ်ကြီးပြူးနေတာပဲ။

"ဝါး......!"

"ဒီဂိတ်ကဖြတ်ရမှာပဲကောင်လေး"

"ဝါး....!မိုက်တယ်။စက်ဝိုင်းကြီး"

"နင့်မေလွှားကိုဝါး"တအံ့တသြကြည့်နေတာကိုမျိုးမစစ်ကြီးက လှောင်နေတယ်ထင်လားမသိ။ထငေါက်တယ်။ သူ့ကိုတချက်စောင်းကြည့်ရင်းသေမင်းက

"မင်းဒီစက်ဝိုင်းကြီးကိုကျော်သွားရင် ဘဝကိုတန်ဖိုးရှိအောင်နေပါ။မင်းဟာ ဟိုဘက်ကမ်ဘာမှာဒီအသက်ဒီအရွယ်အတိုင်း ဖြစ်တည်လိမ့်မယ်။Demon Lordကိုရှာပါ။သူ့ကိုအနိုင်ယူ..."

"ခေနနပါဦး...ဘယ္ကDemon Lordတွေပါလာတာ?" လင်းခန့်ကျော်တကောင်နားကိုမလည်တော့ဘူး။မျက်မှောင်ကြီးကြုတ်ပြီးခါးထောက်မေးတယ်။

WHAT'S WRONG WITH GOD!? Where stories live. Discover now