Font: Unicode
"ဟိုးရှေးရှေးတုန်းက...."လူတစ်ဦးသည် စာရွက်တစ်ရွက်ပေါ်၌အထက်ပါစာအားစရေးလိုက်သည်။
"ဟျောင့်.....အဲ့လိုပြောတာရိုးတယ်ကွ။ပြီးတော့မရှေးဘူး။အတိအကျပြော"
သူ့ဘေးမှလူက ရေးနေတာကိုကြည့်ရင်းဝင်ပြောသည်။ထိူ့ကြောင့်စာရေးနေသူက"အဲ့တာဆိုလဲကွာ"ဟုဆိုကာ
" အစပမထအချိန်မရှိခင်ကပေါ့။ ဖန်ဆင်းရှင်နတ်ဘုရားဟာ တစ်ယောက်ထဲနေရတာပျင်းတဲ့အတွက် universeလို့ခေါ်တဲ့ဟင်းလင်းပြင်တခုကိုဖန်တီးခဲ့ပါတယ်။အဲ့ဒီuniverseဆိုတဲ့နေရာမှာအချိန်တွေအလင်းတွေအမှောင်တွေဂြိုဟ်တွေ....ရေးရတာများလို့ကျော်ရေးမယ်။နောက်ဆုံး ကမ္ဘာကိုဖန်တီးခဲ့ပါတယ်။ဒါပေမယ့် သူကမ္ဘာကိုဖန်တီးတဲ့အချိန်မှာစိတ်တိုင်းမကျမှုတခုဖြစ်သွားခဲ့တယ်။ ဒါကြောင့်universeထဲကအပေါက်တပေါက်ဖောက်ပြီးထွက်ကာ နောက်တခုကိုထပ်ဆောက်ခဲ့ပါတယ်။ဖန်ဆင်းရှင်ဖောက်ထွက်ခဲ့တဲ့အပေါက်ဟာWormHoleဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဖန်ဆင်းရှင်ဟာ အရင်တစ်ခုနဲ့အရာရာတူတဲ့ နောက်universeတခုကိုဖန်တီးခဲ့ပါတယ်ဲ။အဲ့ဒီမှာparallel universeရယ်လို့ဖြစ်တည်လာခဲ့ပါတယ်။
ဒါပေမယ့် မတူတာတခုကတော့ ကမ္ဘာပါပဲ။ သူဟာ ဒုတိယကမ္ဘာအသစ်ကိုလဲစိတ်တိူင်းမကျခဲ့ပါဘူး။ဒီလိုနဲ့အသစ်တွေထပ်ဆောက်ရင်းဆောက်ရင်း.....ကမ္ဘာတွေဟာ3.2billionsကျော်သွားပါတယ်။ဒီလိုနဲ့ multiverseတွေဖြစ်တည်လာပါတယ်။ နောက်ဆုံးတော့ ဖန်ဆင်းရှင်ဟာသူစိတ်တိုင်းကျတဲ့ကျွန်တော်တို့နေထိုင်ရာကမ္ဘာကြီးကိုဖန်တီးနိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီး သူသဘောကျတဲ့ကမ္ဘာကြီးကိုperfect worldလို့သတ်မှတ်ပြီးပုံစံတူကမ္ဘာပေါင်းများစွာကိုဆက်လက်ဖန်တီးနေခဲ့ပါတယ်။ ဒါပေမယ့်perfect worldရဲ့အရှေ့က ကမ္ဘာပေါင်း3.2billionsဟာmistake worldsအဖြစ်သတ်မှတ်ခံခဲ့ရပြီး အတတ်နိုင်ဆုံးperfectဖြစ်အောင်ဖန်ဆင်းရှင်ကနည်းလမ်းရှာပါတော့တယ်"
ဟုရေးကာပုဒ်မချလိုက်သည်။ ထိုအခါဘေးကလူမှထပ်၍စောဒကတက်ပြန်သည်။"သားငယ်...မှားနေပြီ။သူကနည်းလမ်းရှာစရာမလိုဘူး။မင်းက ငရဲမသွားဖို့နည်းလမ်းရှာရမာ။လုပ်လုပ် မြန်မြန်ရေး။"
YOU ARE READING
WHAT'S WRONG WITH GOD!?
AdventureAuthor: reigami Genre: Comedy,Adventure,Fantasy #OwnCreationType