Chapter(3.2)

16 6 0
                                    

FONT :ZAWGYI

လူတစ်ယောက်ဟာပူပြင်းလှတဲ့ကန္တာရကြီးတစ်ခုကိုရေခဲမုန့်တစ်ဘူးကိုင်ရင်းအေးဆေးစွာဖြတ်သန်းလာပါတယ်။ကန္တာရအလယ်တစ်နေရာအရောက်မှာသူခြေစုံရပ်လိုက်တယ်။ပြီးတော့မှညာဘက်လက်ကိုဆန့်တန်းပြီးဂါထာတစ်ခုကိုရွတ်လိုက်တယ်။

FINNE DE PORTA

ရုတ်တရက်သူ့ရှေ့မှာတံခါးတစ်ချပ်ပေါ်လာတယ်။ချက်ချင်းပဲတံခါးဟာပွင့်လာပြီးအထဲကနေအိမ်အကူမလေးတစ်ယောက်ထွက်လာတယ်။တော်တော်လှတဲ့အိမ်အကူမလေးဗျ။အင်း.....ဘယ်လိုလှတာလဲဆို...၃၄ ၂၅ ၃၆ ပေါ့။အဟင်း...ဟင်း။

"ကြိုဆိုပါတယ်အရှင်ဒီဗို"

"အင်း....မေဇီ။ရော့သိမ်းလိုက်"

ဒီဗိုလက်ထဲကတုတ်ကိုမေဇီိကိုပစ်ပေးလိုက်တယ်။မေဇီကတရိုသေနဲ့ကိုင်ပြီးဘေးကအစေခံတစ်ယောက်ကိုင်ထားတဲ့ပိုးသားအခံပေါ်တင်လိုက်ရော။ဒီဗိုကဒါကိုကြည့်ပြီးမေဇီရဲ့သစ္စာစောင့်သိပုံကိုသဘောကျတော့ပြုံးလိုက်မိတယ်။ဒါကိုမေဇီက

"အရှင်ပြုံးတယ်ဆိုတော့ဒီနေ့အပြင်မှာပျော်စရာဖျက်ဆီးမှုလေးတေများလုပ်ခဲ့လို့လား"

ဒီဗိုကမေဇီသတိမထားမလိုက်တဲ့ဘယ်ဘက်လက်ဆီကရေခဲမုန့်ဘူးကိုအဖုံးဖွင့်ရင်း

"မဟုတ်ပါဘူး။လိုချင်တဲ့ရေခဲမုန့်ရလို့ပါ"

မေဇီ။ ။ "ရေခဲမုန့်ဆိုကျွှန်မတို့စာဖိုမှူးဆီလုပ်ခိုင်းလို့ရတာပဲအရှင်။ဘာလို့များယုတ်ညံ့တဲ့လူသားတေဆီက၀ယ်နေရတာလဲ။"

ဒီဗို။ ။ "မဟုတ်ဘူးဟ။ဒီလိုရှိတယ်။ဒါကရောင်းတဲ့ဘိုးတော်ကြီးရဲ့လျို့ဝှက်နည်းလမ်းသုံးထားတဲ့ ပန်းရောင်စတော်ဘယ်ရီရေခဲမုန့်။"

မေဇီ။ ။ "သြော်"

သြော်ဆိုတာနားလည်သွားလို့ရွတ်မိတာမဟုတ်ပါဘူး။သူ့အနေနဲ့ဥာဏ်မမှီတဲ့ကိစ္စကိုသူ့သခင်ကပြောတယ်လို့ပဲသိထားလိုက်လို့ဆိုပါတော့။

တကယ်တော့မေဇီဟာဒီဗိုဖန်ဆင်းထားတဲ့နတ်ဆိုးတကောင်ပါ။တည့်တည့်ပြောရရင်နတ်ဆိုးဆိုတာကိုပြီးပြည့်စုံတဲ့ကမ္ဘာကနေကော်ပီကူးထားတာဆိုပါတော့။ဒီဗိုဟာအိမ်ပေါ်ကဆင်းလာပြီးပထမဆုံးတွေ့တဲ့လူ၂ယောက်ကိုအာဏာရှင်ဖြစ်အောင်လုပ်တယ်။နောက်တော့သူ့အဖေရှာလို့မရတဲ့နေရာမှာနန်းတော်ဆောက်ပေါ့။အစကတော့လူတေကိုပဲခိုင်းမလို့ပါပဲ။ဖြစ်ချင်တော့လူစီဖာဟာငရဲကလွတ်လာတဲ့အချိန်သူ့ဆီရောက်ချလာပါလေရော။တကယ်တော့ဟိုကလဲပြေးမိပြေးရာအနန္တစကြာဝဌာကိုဖောက်ပြေးလာတာ။အဲ့မာအိမ်ပေါ်ကဆင်းလာတဲ့ကောင်အချင်းချင်းတွေ့တော့ဟိုကဒီဗိုကိုအတတ်ကောင်းတေသင်ပေးခဲ့ပါလေရော။ဒီဗိုကလဲသူ့ကိုဖွက်ထားပေးတယ်။ဖန်ဆင်းရှင်ရဲ့တမာန်တော်တေကသူ့ဆီတောင်ရောက်လာပြီးလာမေးတော့သူကမသိဘူးဖြေပေးလိုက်တာကိုး။

WHAT'S WRONG WITH GOD!? Where stories live. Discover now